ကူမင်းမြို့ရှိ ဤနေရာတွင် တစ်ပတ်လျှင် သုံးကြိမ် ဈေးသွားနိုင်သည်
2025-06-12 17:29|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ရတနာတွေ့ပါသည်
ရှီးစန်းရပ်ကွက် ဟိုင်ခုတ်လမ်းတွင်
တစ်ပတ် ၇ ရက်ထဲတွင်
၃ ရက်တာ ဈေးသွားနိုင်ပါသည်။
ဤ "လွတ်လပ်စွာ စျေးသွားခြင်း"အတွက်
အလွန် အားကျမိပါသည်။
မီးရှူးမီးပန်း၊ လူရေးလူရာနှင့် သက်သာလွယ်ကူသော နေထိုင်မှုဘဝတို့ကို
ဤနေရာ၌ တွေ့ကြုံခံစားနိုင်ပါသည်။
အင်္ဂါနေ့တွင် ဟိုင်ခုတ်လမ်း အမှတ် ၂၀၀ သို့ ဈေးသွားခြင်း
အချိန်- အင်္ဂါနေ့တိုင်း ၈ နာရီမှ ၁၈ နာရီအထိ
လိပ်စာ- ကူမင်းမြို့ ရှီးစန်းရပ်ကွက် ဟိုင်ခုတ်လမ်း အမှတ် ၂၀၀
အင်္ဂါရပ်- အတိုင်းအတာသည် တုန်လှုပ်သွားစေ
အင်္ဂါနေ့ နံနက်အစောပိုင်းတွင် ဈေးကြီး စတင်ဖွင့်လှစ်၍ လမ်းတစ်လျှောက်တွင် ဈေးဆိုင်များ ထူထပ်စွာ ဖြန့်ကျက်ကာ တမျှော်တခေါ် ကြည့်မဆုံးရှုမဆုံး ဖြစ်ပါသည်။
ဤနေရာသည် ကုန်ပစ္စည်း အပြည့်စုံဆုံးသော ဈေးကြီးတစ်ခု ဖြစ်ပါသည်။ ရာသီအလိုက် သစ်သီးဝလံများ၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ဘာဘီကျူးများ၊ အာလူးကြော်များ၊ မြီးရှည်များ၊ မုန့်လုံးရေပေါ်များ၊ ငန်းကင်များ၊ အချိုရည်များ စသည့် အစားအစာ အမျိုးမျိုးရှိကာ တွေးကြည့်ရုံနှင့် သွားရည်စီးကျလာစေသည်။
နေ့စဉ်သုံးပစ္စည်းများ၊ ကုန်မာပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများကိုလည်း ဤနေရာ၌ ဝယ်ယူနိုင်ပါသည်။
အနီးနားရှိ စန်းချုံးဥယျာည်နှင့် စီချမ်ဥယျာဉ်တို့သည် စိမ်းလန်းစိုပြေပြီး အနီးနားနေထိုင်သူများအတွက် အပန်းဖြေစခန်းတို့ ဖြစ်ကာ နှစ်စဉ် မတ်လနှင့် ဧပြီလတို့တွင် ချယ်ရီပန်းများ ဝေဝေဆာဆာ ပွင့်ဖူးနေကြ၍ ဓာတ်ပုံရိုက်ရန် လူအများအပြားကို ဆွဲဆောင်လျက်ရှိသည်။ ဈေးကို လည်ပတ်ပြီးနောက် အဆိုပါဥယျာဉ်တို့သို့ သွား၍ နှေးကွေးသော နေထိုင်မှုဘဝကို ခံစားနိုင်ပါသည်။
စနေနေ့တွင် ကျုံထန်လမ်း အမှတ် ၃၀၀ သို့ ဈေးသွားခြင်း
အချိန်- စနေနေ့တိုင်း ၈ နာရီမှ ၁၈ နာရီအထိ
လိပ်စာ- ကူမင်းမြို့ ရှီးစန်းရပ်ကွက် ဟိုင်ခုတ်လမ်းရှိ ကျုံထန်လမ်း
အင်္ဂါရပ်- အစားအသောက် ဝါသနာရှင်များ၏ သုခဘုံနှင့် ကလေးဘဝထဲမှ အမှတ်တရများ
အကယ်၍ စနေနေ့တွင် အားလပ်ချိန်ရှိပါက ဟိုင်ခုတ်လမ်း အမှတ် ၃၀၀ သို့ ဈေးသွားရန် အထူးအကြံပြုလိုပါသည်။ အထူးသရေစာများ၊ သစ်သီးဝလံများနှင့် ကုန်စုံပစ္စည်းများ စသည်တို့ အမျိုးမျိုးရှိကာ ငယ်စဉ်ကလေးဘဝမှ ဈေးသွားခဲ့သည့် အမှတ်တရများကို တစ်ချိန်တည်း ပြန်လည်ဖြစ်ပေါ်လာစေပါသည်။
မည်သို့ ရွေးချယ်ရမနည်း မသိလျှင် လူအုပ်နှင့်တွဲ၍ ဝယ်ရသည် ပိုလုံခြုံပါသည်။
တနင်္ဂနွေနေ့တွင် ဟိုင်ခုတ်လမ်း ကျုံရှင်လမ်းသို့ ဈေးသွားခြင်း
အချိန်- တနင်္ဂနွေနေ့တိုင်း ၈ နာရီမှ ၁၇ နာရီအထိ
လိပ်စာ- ရှီးစန်းရပ်ကွက် ဟိုင်ခုတ်လမ်းရှိ ကျုံရှင်ကျေးရွာအုပ်စု
အင်္ဂါရပ်- ပြင်းထန်သော ကျေးလက်အရသာနှင့် အထူးဈေးကွက်
ကျေးလက်ဈေးကွက်တွင် မြို့ထဲမှ မရှိသော "ကျေးလက်အရသာ"ကို ပုန်းအောင်းထားကာ တနင်္ဂနွေနေ့တွင် ကျုံရှင်လမ်း၌ လူများ ကြိတ်ကြိတ်တိုး၍ ကြက်ပျံမကျအောင် စည်ကားလှပြီး ခြေချင်းလိမ်ကာ ကြိတ်ကြိတ်တိုး၍နေပြီး လူများသည် ခဏခဏ လျှောက်သွားပြီး ခဏခဏ ရပ်နား၍ ဤကို မေးလိုက်၊ ဟိုကို ထိလိုက်၊ အချင်းချင်း ဈေးဆိုဈေးဆစ်ကြလျက် မီးရှူးမီးပန်းများနှင့် ပြည့်ဖြိုးလိုက်ပါသည်။
သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များ၊ နေစဉ်သုံးပစ္စည်းများနှင့် သရေစာများအပြင် ကြောင်ကလေးများ၊ ခွေးကလေးများနှင့် ယုန်ကလေးများစသည့် အိမ်မွေးတိရစ္ဆာန်ငယ်များကို ဤနေရာတွင်လည်း ဝယ်ယူရနိုင်ပါသည်။ ပန်းများ၊ ပျိုးပင်များနှင့် ပန်းစိုက်အိုးများကို ဝယ်ယူလိုပါက ဤနေရာသည် သင့်အတွက် အကောင်းဆုံးသော ရွေးချယ်မှုလည်း ဖြစ်ပါသည်။
ဈေးကို သွားလည်ပြီး ဗိုက်ပြည့်ပြီးနောက် အနီးနားရှိသည့် ဟိုင်ခုတ်လမ်းရှိ တရုတ်စာလုံး "川" ၏ပုံစံနှင့် တူသော ရေတံခါးနှင့် ဟိုင်ခုတ်စူပါတံတားတို့ကိုလည်း သွားလည်သင့်ပါသည်။
အစားအစာ အကြံပြုချက်များ
မလွတ်နိုင်သော ဟိုင်ခုတ်လမ်းရှိ ရှေးဟောင်းအရသာများ
ကြာညို့ဆီပြန်ချက်အမဲသားခေါက်ဆွဲ- ဆွေ့ယွန်ဆိုင်သည် အမှတ် ၃၀၀ တွင် ရှိသော လယ်ယာထွက်ကုန်ပစ္စည်းဈေးထဲတွင် တည်ရှိ၍ နာမည်ကောင်းရှိပြီး စားဖူးသူတိုင်းမှာ စားကောင်းသည်ဟု ဆိုကြပါသည်။
ကလေးဘဝထဲမှ အရသာရှိသော အကြော်အစားအစာများ- အမှတ် ၄၀၀ တွင် တည်ရှိသော အနှစ် ၃၀ နီးပါး ဖွင့်လှစ်ထားသော ရှောင်ဟုံမောက်ဆိုင်ဟောင်းသည် အာလူးကြော်နှင့် ကြက်အရေပြားကြော်များကို ရောင်းချ၍ မရေမတွက်နိုင်သော ဟိုင်ခုတ်လူများအတွက် ငယ်စဉ်ကတည်းက စားသုံးသည့် အရသာဖြစ်ပါသည်။
စစ်မှန်သောလတ်ဆတ်ငါး- ဟိုင်ခုတ်လူများသည် ငါးချက်ပြုတ်သည် အလွန်ကောင်းမွန်ပါသည်။ ဟွေးဝန်းရွာသစ်ရှိ ကျေးလက်ခြံဝင်ထဲမှ ငါးရှဉ့်များနှင့် ငန်ပြာရည်စိမ်ငါးများသည် စားပွဲပေါ် မစားလျှင်မဖြစ်သော ဟင်းများ ဖြစ်ပါသည်။
အမြန်
သင်၏ အဖော်ကို ချိန်းဆို၍
ဈေးသွားပါ
(ဈေးသွားလျှင် စောစောသွားပါ)
挖到宝了!
西山区海口街道
一周七天
三天有街赶!
这份“赶街自由”
实名羡慕了!
烟火气、人情味、生活便利
这里都能一站式体验!
01周二 海口200号赶集
时间:每周二8:00至18:00
地点:昆明市西山区海口街道200号
特色:规模震撼!
周二一大早,大集就开始了,摊位沿路密集铺开,一眼望不到头。
这里是商品最全的大集之一:旺季水果、新鲜蔬菜、烧烤、土豆片、米线、饺子、汤圆、烧鹅、饮品……光是想想就流口水。
还有生活用品、五金工具、怀旧的老物件,这里都能淘到。
附近的山冲公园、石城公园绿意盎然,是附近居民的休闲“据点”,每年三四月樱花盛开,吸引了很多人前来拍照打卡。逛完集市也可以到公园里逛逛,感受慢生活。
02 周六 中滩街/300号赶集
时间:每周六8:00至18:00
地点:昆明市西山区海口街道中滩街
特色:吃货天堂 & 童年记忆!
周六有空的话,非常推荐到海口300号赶gai!各类特色小吃、水果、百货,儿时赶集的记忆一下子就涌上来了!
不知道怎么选?——跟着人多的“大部队”买准没错!
03 周日 海口中新街赶集
时间:每周日8:00至17:00
地点:西山区海口街道中新社区
特色:浓浓乡味 & 特色市集!
乡街(gai)子里藏着城市之中没有的“乡味”,周日中新街人山人海,摩肩接踵,人们走走停停,问问这个,摸摸那个,互相讨价还价……充满了浓浓的烟火气。
除了大多数集市都能买到的水果、蔬菜、百货、小吃以外,这里还能买到小宠物,比如小猫、小狗、兔子等等。如果你想买花卉、苗木、盆栽,这里也是你的不二之选。
逛完集市、填饱肚子,附近的海口川字闸、海口特大桥也值得走走。
逛吃小贴士
不可错过的海口街道老味道
红烧牛肉米线: 翠园小吃店,位于300号农贸市场内,口碑爆棚,吃过的都说好!
童年味道炸货: 400号小红帽炸洋芋、炸鸡皮,开了近30年的老店是无数海口人从小吃到大的味道。
地道鲜鱼: 海口人做鱼是一绝!晖湾新村农家园的鳝鱼、酱鱼几乎是每桌必点的招牌。
快
约上你的搭子
来赶gai吧~
(👀赶gai要赶早呀)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့