ယွန်ဇင်ခရိုင်ရှိ ဖုန်းဆန်းတောင် ရှုခင်းသာနေရာသည် ယခုနွေရာသီတွင် နွေအပူဒဏ်ရှောင်ရန် သွားသင့်သွားထိုက်သည့် နေရာဖြစ်
2025-05-31 09:59|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယွန်ဇင်ခရိုင်ရှိ ဖုန်းဆန်းတောင် ရှုခင်းသာနေရာတွင် သစ်တောလွှမ်းခြုံမှုနှုန်းသည် ၇၀ ရာခိုင်နှုန်းအထိ ရှောက်ရှိပြီး နှစ်စဉ် ပျမ်းမျှအပူချိန်သည် ၁၂ ဒီဂရီစင်တီဂရိတ် ရှိကာ နွေခေါင်ခေါင်ကာလတွင်ပင် တောင်ပေါ်မှ အပူချိန်သည် ၁၇ ဒီဂရီစင်တီဂရိတ်ခန့် ထိန်းသိမ်းထားသောကြောင့် "အေးမြသောနေရာ" ဟူသော နာမည် ရှိပြီး နွေရာသီတွင် နွေအပူဒဏ်ရှောင်ရန် သွားသင့်သွားထိုက်သည့် နေရာဖြစ်သည်။
ဖုန်းဆန်းတောင်သည် လေးဘက်လေးတန်မှ ကြည့်လျှင် ညီညာပျံ့ပျူးသောကြောင့် ၎င်း၏အမည်ကို ရရှိသည်၊ ၎င်းတွင် ရှုခင်းများ သာယာလှပပြီး၊ တောင်တန်းများ မတ်စောက်လှပြီး၊ ရှေးဟောင်းသစ်ပင်နှင့် ထူးဆန်းသောကျောက်တုံး များပြားပြီး၊ စမ်းရေများ အေးမြချိုမြကာ နွေရာသီတွင် ခရီးသွားရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။
ဖုန်းဆန်းတောင် ရှုခင်းသာနေရာ၌ ဖြည်းညှင်းသက်သာစွာ လမ်းလျှောက်လျှင် ကလေးပုံပြင်ထဲမှ နွေရာသီ နတ်ပြည်ထဲသို့ ဝင်ရောက်သကဲ့သို့ ခံစားရပါသည်။ သာယာလှပသော ပန်းပင်လယ်သည် အေးမြသော တောင်လေညင်းများထဲတွင် ယိမ်းနွဲ့လှုပ်ရှားပြီး ပန်းရောင်ဖြစ်သည့် မြစ်ကိုင်းပန်းများ၊ ချယ်ရီပန်းများနှင့် စိမ်းလန်းစိုပြေသော သစ်တောများသည် အချင်းချင်း ရောယှက်ပြီး သဘာဝကျသော ဆီဆေးပန်းချီကား တစ်ချပ်ကို ဖြစ်လာပါသည်။
ဖုန်းဆန်းတောင်မှ ထူထပ်လှသောတောအုပ်ထဲသို့ ဝင်ရောက်ပါက အစိမ်းရောင်ဖြင့် ဝိုင်းရံထားပြီး တောင်လေလည်း အေးမြပြီး လူများအား သက်တောင့်သက်သာရှိ စေပါသည်။
နွေရာသီတွင် မိုးရေများသောကြောင့် ဖုန်းဆန်းတောင်သည် မကြာခဏ မြူခိုးမြူနှင်းများ တလူလူဖြစ်ကာ တောင်တန်းထဲတွင် လမ်းလျှောက်နေသည့် ခရီးသည်များအား မူယစ်စွဲလန်းစေသည့် ကဗျာဆန်မှုတစ်ခုကို ရရှိစေပါသည်။
ဆိုင်းဆိုင်းဝေဝေ စိမ်းစိမ်းညိုညိုရှိသည့် ဤသစ်တောထဲ၌ သဘာဝပေးသော လက်ဆောင်ဖြစ်သည့် တောရိုင်းမှိုများကို အမှတ်မထင် တွေ့မိလိမ့်မည်၊ ကစားရင်း ခွတ်ခူး၍ ပျော်ဖွယ်ရာ အရမ်းကောင်းပါသည်။
ဤနွေရာသီတွင် သစ်တောထဲ ကျန်းမာစေခြင်းနှင့် နွေအပူဒဏ်ရှောင်ခြင်း ခရီးစဉ်တစ်ခု စတင်ရန် ဖုန်းဆန်းတောင်သို့ လာရောက်ပါ။ စိမ်းလန်းစိုပြေသော တောင်တန်းများနှင့် ကြည်လင်သောရေများအကြား အားရပါးရ လည်ပတ်၍ လှပရှုခင်းများကို ကြည့်ရှုပြီး အေးမြမှုကို ခံစားလိုက်ပါ။
永仁方山,森林覆盖率高达70%,年平均气温12℃,即使在盛夏时节,山上温度仍保持在17℃左右,故有“清凉世界”之称,是夏天最值得奔赴的避暑胜地。
方山因四面视之皆平整方正而得名,这里风光旖旎秀丽,山岳磅礴险峻,古树奇石诸多,泉水清凉甘甜,是夏日出游的绝佳目的地。
漫步方山景区,仿佛闯入了童话里的夏日仙境。绚烂的花海在清凉的山风中摇曳,粉色的月季、美人樱与苍翠的森林交织成一幅天然的油画。
进入方山的密林间,周身被绿色包围,迎面而来的山风也是凉凉的,让人顿感清爽舒适。
夏季多雨,方山时常云雾缭绕,连带着漫步山间的游人,也染上一份让人沉醉的诗意。
在这郁郁葱葱的山林里,不经意间便会邂逅大自然的神奇馈赠——野生菌,边玩边采,着实有趣。
这个夏天,就来方山开启一场森林康养、避暑疗愈之旅吧!畅游在青山绿水间,看美景,享清凉!
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့