တျန်းချီရေကန်ဘေး ရိပ်သာလမ်း၌ နွေအလှနှင့် တွေ့ဆုံ
2025-05-30 10:24|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) နွေရာသီအစပိုင်းတွင် တျန်းချီရေကန်ဘေးနား ရိပ်သာလမ်းမှ ကျင့်နင်အပိုင်းသည် မြို့သူမြို့သားများနှင့် ခရီးသွားများ အနားယူရန်နှင့် စက်ဘီးစီးနင်းရန် ရေပန်းစားနေရာတစ်ခု ဖြစ်လာသည်။
နံနက်ခင်းအလင်းရောင် စတင်ပေါ်လာသည် နှင့်အမျှ လိမ္မော်နီရောင်သည် ကောင်းကင် ဆိုးဆေး၍ ရေကန်၏ မျက်နှာပြင်ကို ညင်သာစွာ ပွတ်သပ်နေသည်။
နေထွက်ပြီးနောက်၊ ကြည်လင်သောရေနှင့် ကောင်းကင်ပြာ ရောင်ပြန်ဟပ်ပြီး မက်တာစီကွိုင်ယာပင်တော စိမ်းလန်းစိုပြေပြီး ၎င်းတို့ကြားတွင် ဗျိုင်းများ ဆော့ကစားနေကာ ကဗျာဆန်သော ပန်းချီကားလိပ်အတွက် တက်ကြွမှုများစွာကို ထည့်ပေးသည်။
Coreopsis သည် ဝေဝေဆာဆာ ပွင့်ဖူးနေကြ၍ မြေပြင်အနှံ့ ရွှေဝါရောင် ပြန့်ပျူးနေကြသည်။ Purpletop vervain သည် အပြိုင်အဆိုင် ပွင့်ဖူးနေကြ၍ ပန်းရနံ့များ လွင့်ပျံနေ၍ လူများကို မူးယစ်ဆွဲလမ်းစေနိုင်သည့် မွှေးကြိုင်သောရနံ့ ပေးပို့သည်။
ခရီးသည်များသည် ပန်းပင်လယ်ထဲတွင် အေးအေးဆေးဆေး စိမ်ပြေနပြေနှင့် လမ်းလျှောက်လျှင် စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲတွင် မူးယစ်နေသကဲ့သို့ ဖြစ်သည်။
နေဝင်ချိန်တွင် ကြက်သွေးရောင်၊ လိမ္မော်ရောင်နှင့် ခရမ်းရောင်တို့ ဖြစ်သော တိမ်တိုက်များသည် ကောင်းကင်ယံတွင် ရောယှက်နေကြ၍ ကန်ရေ၊ ရိပ်သာလမ်းနှင့် ရောနှောပေါင်းစပ်ပြီး လှပသော ရှုခင်းတစ်ခုကို ဖြစ်လာသည်။ တစ်နေ့တာလုံး အရောင်များ လှည့်လည်ပြောင်းရွှေ့ပြီး တျန်းချီရေကန်ဘေးနား ရိပ်သာလမ်း၏ တမူထူးခြားသော နွေရာသီအစပိုင်း ရောင်စုံပန်းချီကားလိပ်ကို ရေးဆွဲဖော်ပြသည်။
ကူမင်းမြို့ တျန်းချီရေကန်ဘေးနား ရိပ်သာလမ်း၏ ဝိုက်ဟိုင်လမ်းအပိုင်း စီမံကိန်း ပထမအဆင့်သည် စုစုပေါင်း ၇၁.၉ ကီလိုမီတာ ရှည်လျား၍ ၄င်းအနက် ကျင့်နင်အပိုင်းသည် ၄၀ ကီလိုမီတာကျော် ရှည်လျားပြီး သဘာဝရှုခင်းများ အလွန်လှပသည်။ ဤရိပ်သာလမ်းတစ်လျှောက် လမ်းလျှောက်လျှင် သို့မဟုတ် စက်ဘီးစီးလျှင် တောတောင်ရေမြေများ ဝန်းရံပြီး ကျေးရွာများ အလှဆင်ထားကာ လူများသည် ဤရှုခင်းများထဲတွင် လမ်းလျှောက်လျှင် ပန်းချီထဲ လည်ပတ်သကဲ့သို့ ဖြစ်သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို
























