ယူနန်ရထားလမ်းပြတိုက်သည် အနှစ်တစ်ရာကျော်ရှိ ယူနန်ရထားလမ်းသမိုင်းကြောင်းကို ဖော်ပြ
2025-05-30 09:42|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယူနန်ရထားလမ်းပြတိုက်သည် ကူမင်းမြို့ ပေကျင်းလမ်းရှိ ကူမင်းမြောက်ပိုင်းဘူတာရုံထဲတွင် တည်ရှိပြီး "ဘူတာရုံပေါ်ရှိ ပြတိုက်" နှင့် "ပြတိုက်ထဲရှိ ဘူတာရုံ" ဟူသော ဂုဏ်သတ္တိနှစ်ခုစလုံး ပါဝင်သည့် သီးခြားပြတိုက်တစ်ခု ဖြစ်သည်။ ဤပြတိုက်သည် အနှစ်တစ်ရာကျော်ရှိသော ယူနန်ရထားလမ်း ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းဖြင့် အဓိကအကြောင်းအရာအဖြစ်၊ တစ်မီတာသံလမ်း၊ ၇၆၂ မီလီမီတာရထားလမ်းမှ စံချိန်မီရထားလမ်းသို့၊ ရေနွေးငွေ့စက်ခေါင်းမှ မြန်နှုန်းမြင့်ရထားသို့ ခုန်ပျံကျော်လွှား ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကို စနစ်တကျ ဖော်ပြထားပါသည်။
တစ်နိုင်ငံလုံး လူငယ်များဆိုင်ရာ ပညာရေးအခြေခံစခန်း၊ တစ်နိုင်ငံလုံး ရထားလမ်းနှင့် ယူနန်ပြည်နယ် မျိုးချစ်စိတ်ဓာတ် ပညာရေးအခြေခံစခန်းနှင့် ယူနန်ပြည်နယ် ပေါ်ပြူလာသိပ္ပံ ပညာရေးအခြေခံစခန်းတို့ အနေဖြင့် ဤပြတိုက်သည် နှစ်စဉ်နှစ်တိုင်း လာရောက် လည်ပတ်ကြည့်ရှုရန် ခရီးသည် အများအပြားကို ဧည့်ခံလျက်ရှိသည်။ မြင်ကွင်း မူလရှိရင်းစွဲအတိုင်း ပြန်၍ ဖြစ်လာစေခြင်းနှင့် အပြန်အလှန် တွေ့ကြုံခံစားမှုအစီအစဉ်များ မှတဆင့် ပြတိုက်သည် သိပ္ပံနှင့်နည်းပညာဖြင့် တိုင်းပြည် ခိုင်မာစေသော စိတ်ဓာတ်နှင့် အနှစ်တစ်ရာကျော်ရှိ ရထားလမ်းယဉ်ကျေးမှုတို့ကို နက်ရှိုင်းစွာ ပေါင်းစပ်ကာ လည်ပတ်ကြည့်ရှုသူများအား ဘူတာရုံနှင့် ပြတိုက်တို့ ရောယှက်သော ဟင်းလင်းပြင်ထဲ၌ ယူနန်ရထားလမ်း၏ ကြီးမားသော ပြောင်းလဲတိုးတက်မှုကို တိုက်ရိုက်ခံစား စေပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်
































