ကျန့်ချွမ်ခရိုင် ဆားရှီးရှေးဟောင်းမြို့နယ်တွင် တောတောင်ရေမြေများ ပထမဆုံးတွေ့ခြင်းမှ စတင်၍ ကဗျာဆန်သော မှီတင်းနေထိုင်မှုသို့ ပြန်သွား

2025-05-29 18:00|ရောင်စုံတိမ်တံတား

00307058890_3d932b1d

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ဆားရှီးရှေးဟောင်းမြို့နယ် ကျန့်ချွမ်ခရိုင်၌ တည်ရှိသော ဆားရှီးရှေးဟောင်းမြို့နယ်၏ လှပသော သဘာဝရှုခင်းများမှာ ဆားရှီးသို့ လာရောက်သည့် ခရီးသည်အယောက်တိုင်းကို တောတောင်ရေမြေ ပထမဆုံး တွေ့မြင်ပြီးနောက် မီးရှူးမီးပန်းများထဲတွင် မှီတင်းနေထိုင်သည့် အကြောင်းပြချက် အမြဲရှာဖွေရစေနိုင်မည် ဖြစ်သည်။

00307058921_0cf3fdd6

နွေရာသီတွင် ဆားရှီးရှေးဟောင်းမြို့နယ်၌ လယ်ခင်းများ မြစိမ်းရောင်ဖြစ်ပြီး ရှေးဟောင်းသစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်း ဝေဝေစည်စည်ရှိကာ ၄င်းသည် အရောင်အဆင်း ထွန်းလင်းတောက်ပ ရွှန်းလဲ့တင့်ဆန်းသော ဆီဆေးပန်းချီကား တစ်ချပ်ကဲ့သို့ မရေမတွက်နိုင်သော ခရီးသည်များကို လာရောက်ကြည့်ရှုရန် ဆွဲဆောင်လျက်ရှိသည်။

00307058922_99b21328

ဆားရှီးရှေးဟောင်းမြို့နယ်၏ နာမည်ကျော်ကြားမှု အဆက်မပြတ် တိုးမြင့်လာသည်နှင့်အမျှ ယခုနှစ်များတွင် ကျန့်ချွမ်ခရိုင်သည် သိပ္ပံနည်းကျ ကာကွယ်ရေးနှင့် တရားနည်းလမ်းကျ ဖွံ့ဖြိုးတိုးတက်မှုတို့စလုံး အရေးကြီးသည့် သဘောတရားကို လိုက်နာခဲ့ပြီး ရှေးဟောင်းမြို့နယ်၏ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကို တက်ကြွစွာ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ခဲ့၍ စီတိန်းစျေးကွက်ပတ်နှင့် ရှေးဟောင်းမြို့နယ်ပတ် စသည့် အဆင့်ပေါင်းစုံ ခရီးသွားအဝိုင်းပုံစံကို တဖြည်းဖြည်း ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ကာ အသုံးမချဘဲ ဘေးချိတ်ထားသည့် ဥစ္စာပစ္စည်းများကို တာရှည်စွာ ပြန်လည်အသုံးပြု၍ လူနေထိုင်မှု ပတ်ဝန်းကျင်ကို မြှင့်တင်ပေး၍ လှပသော သဘာဝရှုခင်းများ၊ ရိုးရာဓလေ့ထုံးစံများနှင့် ကြီးမားလေးနက်သော ယဉ်ကျေးမှုအရင်းအမြစ်များကို ကြည့်ရှုနိုင်သော၊ နေထိုင်နိုင်သော၊ တွေ့ကြုံခံစားနိုင်သော မှီတင်းနေထိုင်မှု အခြေအနေများအဖြစ် ပြောင်းလဲစေခဲ့သည်။ လက်ရှိတွင် ဆားရှီး၌ အချိန်ကြာရှည်စွာ မှီတင်းနေထိုင်သောသူ ၂၀၇ ဦးရှိပြီ ဖြစ်၍ အဓိကအားဖြင့် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်တုံနှင့် စီချွမ် စသည့် ပြည်နယ်နှင့်မြို့ ၂၃ ခုမှ လာသည် ဖြစ်သည်။ ယခုတစ်နှစ်လုံးတွင် ၁၀ ရက်ကျော်ကြာ နေထိုင်သော ခရီးသည် အကြိမ်ရေ ၃ သောင်းကျော်ရှိပြီး ဆားရှီးသည် ပြည်တွင်းခရီးသည် အများအပြားအတွက် စိတ်ထဲမှ မျှော်မှန်းသည့် မှီတင်းနေထိုင်ရာနေရာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

00307058923_e278593b

"ဆားရှီးရဲ့ လှပတဲ့ သဘာဝရှုခင်းတွေ၊ ကြီးမားလေးနက်တဲ့ သမိုင်းဝင်အကြောင်းစုံတွေ၊ ယဉ်ကျေးမှုဆိုင်ရာ အနက်အဓိပ္ပာယ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်စဉ်မှာ ဆက်လက်ပေါ်ထွက်လာတဲ့ ဆန်းသစ်တီထွင်းမှုတွေဟာ 'ဆားရှီး'ဟူသော ဒီအမည်ကို ခရီးသည်တွေရဲ့ စိတ်ထဲက မျှော်မှန်းတမ်းတရာနေရာနဲ့ အပန်းဖြေဖို့ ကဗျာဆန်တဲ့နေအိမ် ဖြစ်လာစေခဲ့ပြီ" ဟု ကျန့်ချွမ်ခရိုင် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဌာနမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

00307058924_447773d5

00307058890_3d932b1d

始于山水,归于烟火,位于大理白族自治州剑川县的沙溪古镇,美丽的自然风光让每一个奔赴沙溪的人,在初见山水之后,总能找到栖居烟火的理由。

00307058921_0cf3fdd6

夏日的沙溪古镇,田畴碧绿、古树掩映,宛如一幅色彩绚丽的油画,吸引无数的游客前来赏花打卡。

00307058922_99b21328

随着沙溪古镇知名度的不断提升,近年来,剑川县坚持科学保护与合理开发并重的理念,积极改善古镇交通条件,逐步形成了环寺登街、环古镇等多层次的旅游圈布局,持续盘活闲置资产,提升人居环境,将美丽的自然风光、风土人情和深厚文化资源变成可观、可居、可体验的旅居要素。目前,在沙溪长期旅居的已有207人,主要来自北京、上海、广东、四川等23个省市。近一年内,达10天以上的短期旅居客有3万余人次,沙溪已然成为国内众多旅客心中的理想旅居之地。

00307058923_e278593b

“沙溪美丽的自然风光、深厚的历史底蕴和文化内涵,以及在发展中不断涌现的创新活力,都让‘沙溪’这个名字成为了众多旅人心中的向往之地、放松身心的诗意家园。”剑川县文化和旅游局负责人介绍说。(段苏航 高文)

00307058924_447773d5

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်