ယူနန်ပြည်နယ် ချောင်ကျားခရိုင်၌ စတော်ဘယ်ရီသီးသည် ကျေးလက်ဒေသကို ဖွံ့ဖြိုးတိုးတက်စေ
2025-05-22 17:40|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုနှစ်များတွင် ယူနန်ပြည်နယ် ကျောက်ထုံမြို့ ချောင်ကျားခရိုင် မာစုမြို့နယ်သည် ရာသီဥတုနှင့် ပထဝီဝင် အခြေအနေများဆိုင်ရာ အားသာချက်များကို အသုံးပြုပြီး စတော်ဘယ်ရီများကို အကြီးစား စိုက်ပျိုးရန် အားသွန်ခွန်စိုက် ဆောင်ရွက်ကာ စတော်ဘယ်ရီ ရောင်းဝယ်ရေးစင်တာ၊ ပျိုးပင်ပျိုးထောင်ခြင်း အခြေခံစခန်း၊ နက်ရှိုင်းစွာ အချောကိုင်စက်ရုံ စသည့် စီမံကိန်းများကို တည်ဆောက်ပြီးပြီးခဲ့ပြီ ဖြစ်၍ ထုတ်လုပ်မှု၊ အချောကိုင်ခြင်းနှင့် ရောင်းချခြင်းတို့ကို ပေါင်းစပ်ထားသော ထုတ်လုပ်မှုကွင်းဆက် တစ်ခုကို ဖွဲ့စည်းဖြစ်လာခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် မာစုမြို့နယ်၌ နွေရာသီ စတော်ဘယ်ရီ စိုက်ပျိုးသည့် ဧရိယာသည် အမိုပေါင်း ၂ သောင်း ရှိပြီး နှစ်စဉ်ထွက်ကုန်အရေအတွက် တန် ၄ သောင်းနှင့် စုစုပေါင်းထွက်ကုန်တန်ဖိုး အယွမ် ၆၀၀ သန်းခန့် ရှိပါသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို










