ရှီးဆန်းရပ်ကွက်ရှိ ဘတ်စ်ကားလိုင်း ၃ လိုင်းဖြင့် နွေရာသီအတွင်း လွတ်လပ်စွာ သွားလာစေ
2025-05-22 17:28|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မေလ ၁၆ ရက်နေ့ မှစ၍ ကူမင်းဘတ်စ်ကားကုမ္ပဏီသည် "ရှုခင်းကြည့်ဘတ်စ်ကားများ၊ နွေရာသီအတွင်း လွတ်လပ်စွာ သွားလာခြင်း" ဟူသော ခေါင်းစဉ်ဖြင့် ဘတ်စ်ကားလိုင်း ၂၅ လိုင်းကို ဖွင့်လှစ်ခဲ့ပြီ ဖြစ်သည်။ ၎င်းတို့အနက် ကူမင်းမြို့ ပတ်လည်နား တစ်ရက်တာ ခရီးစဉ် ဘတ်စ်ကားလိုင်း ၁၈ လိုင်းနှင့် ယူနန်ပြည်နယ်တွင်း ရက်ပေါင်းများစွာ ခရီးစဉ် ဘတ်စ်ကားလိုင်း ၇ လိုင်းကို ပါဝင်ထားပါသည်။
ကူမင်းမြို့ပတ်လည်နား တစ်ရက်တာ ခရီးစဉ် ဘတ်စ်ကားလိုင်း ၁၈ လိုင်းအနက် ရှီးဆန်းရပ်ကွက်တွင် ၃ လိုင်းရှိ၍ အောက်တွင် ဤ ၃ လိုင်းကို အသေးစိတ် နားလည်သိရှိရအောင်။
၁။ လေ့ကျီးရွာနှင့် ဟယ်ထောင်ချင့်ရွာ
ရှီးဆန်းရပ်ကွက်ရှိ လေ့ကျီးရွာ၏ ရှေးဟောင်းဆန်၍ ရိုးရိုးသန့်သန့်ရှိမှုနှင့် ဟယ်ထောင်ချင့်ရွာ၏ ဆိတ်ကွယ်ငြိမ်းအေးမှုတို့ အပြန်အလှန် အကျိုးကျေးဇူးဖြစ်ထွန်းလျက်ရှိသည်။ ဤဘတ်စ်ကားလိုင်းသည် လူတစ်ဦးလျှင် ယွမ် ၉၀ လိုပြီး နေ့လယ်စာ၊ အာမခံနှင့် အသွားအပြန်ယာဉ်စီးခ ပါဝင်ပါသည်။ နေ့လည်စာ မပါလျှင် လူတစ်ဦးလျှင် ယွမ် ၆၀ လိုသည်။
ရှီးဆန်းရပ်ကွက် ထျန်ကျေလမ်း၌ တည်ရှိသော လေ့ကျီးရွာသည် ဖုန့်ဟွန်တောင်ခြေနှင့် ရေဘေးတွင် တည်ဆောက်ထား၍ သမိုင်း နှစ်ပေါင်း ၆၀၀ ကျော် ရှိပြီး ယနေ့အထိ ရှေးဟောင်း အဆောက်အဦး အဆောင် ၈၀ ကျော်ကို ထိန်းသိမ်းထား၍ ဟန်လူမျိုးနှင့် ယီလူမျိုး အတူတူတည်ဆောက်ခဲ့သည့် တရုတ်နိုင်ငံရှိ အပြည့်စုံဆုံးသော ရှေးဟောင်းကျေးရွာ ဖြစ်သည်။ ၎င်းထဲရှိ "Yikeyin" ဟူသော ရိုးရာအဆောက်အဦးသည် ကူမင်းတွင် စံပြမှု အရှိဆုံးသော နေအိမ်အဆောက်အအုံ အတူနေအပင်စု ဖြစ်ပြီး ပေကျင်းမြို့ရှိ "Siheyuan" ဟူသော ရိုးရာအဆောက်အဦးနှင့် ရင်ဘောင်တန်း၍ ချီတက်ကြပြီး တရုတ်နိုင်ငံရှိ အဓိက နေအိမ်အဆောက်အအုံ အမျိုးအစား ငါးမျိုးထဲသို့ ထည့်သွင်းခံထားသည်။
ဟယ်ထောင်ချင့်ရွာသည် ယီလူမျိုးကျေးရွာတစ်ရွာ ဖြစ်ပြီး သစ်ကျားသီးများကို အကြီးအကျယ် စိုက်ပျိုးမှုကြောင့် နာမည် ရရှိခဲ့သည်။ ဤနေရာတွင် စိမ်းလန်းစိုပြေသော တောင်တန်းများ ဝန်ရံထားပြီး ကြည်လင်သော ရေများ စီးဆင်းနေ၍ သစ်တောများ ဆိုင်းဆိုင်းဝေဝေ ရှိသည်။ ရှီးဆန်းရပ်ကွက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေသည့် ရှေ့ပြေးစမ်းသပ်ရာနေရာ တစ်ခု အနေဖြင့် ဟယ်ထောင်ချင့်ရွာသည် စက်မှုလုပ်ငန်း ဖွဲ့စည်းပုံကို ပြန်လည်ပြင်ဆင်ခြင်း၊ ရောင်စုံစပါး စိုက်ပျိုးရေး အမှတ်တံဆိပ်ကို ဖန်တီးခြင်း၊ ကောင်းကင်မြင့် ကမ်းပါးစောက်ပျဉ်ခင်းလမ်းကျဉ်း၊ မှန်ရေစုန်မျောနှင့် အပန်းဖြေရှုခင်းကြည့်လမ်း စသည့် စီမံကိန်းများကို တည်ဆောက်ခြင်း၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုလျင်မြန်စေခြင်း၊ ကျေးလက်ဒေသရှိ ဂေဟစနစ် ခရီးသွားရှုခင်းသာနေရာများ ဖန်တီးခြင်း တို့ဖြင့် ရွာသူရွာသားများကို ဝင်ငွေတိုးပွားစေပြီး ချမ်းသာစေ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေပါသည်။
၂။ ပိုင်ချောင်ရွာနှင့် ဟိုင်ခုတ်သစ်တောကွင်း
ပိုင်ချောင်ရွာရှိ ကြွယ်ဝသော တရုတ်ရိုးရာဆေးပညာ ယဉ်ကျေးမှုနှင့် လှပသော သဘာဝရှုခင်းများသည် ဟိုင်ခုတ်သစ်တောကွင်းရှိ ကြွယ်ဝသော သစ်တောအရင်းအမြစ်များနှင့် မျိုးချစ်စိတ်ဓာတ် အနီရောင်ယဉ်ကျေးမှု တို့နှင့် အပြန်အလှန် ရောင်ပြန်ဟပ်သည်။ ဤဘတ်စ်ကားလိုင်းသည် လူတစ်ဦးလျှင် ယွမ် ၈၀ လိုပြီး အာမခံ၊ အသွားအပြန်ယာဉ်စီးခနှင့် နေ့လယ်စာ (စားပွဲတစ်ခု ၁၀ ယောက်ပါဝင်) ပါဝင်ထားသည်။
ပိုင်ချောင်ရွာသည် သမိုင်းရှည်လျားသော ပိုင်လူမျိုးကျေးရွာတစ်ခု ဖြစ်၍ "ရှေးဟောင်းဘုရားကျောင်း၊ ရေကန်နှင့် ဆေးဝါးပင်" ဟူသော ရတနာသုံးပါးကို မှီခိုပြီး ဒေသအလိုက် သင့်တော်သည့် နည်းလမ်းဖြင့် ကျေးလက်ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေကာ ဆေးပညာယဉ်ကျေးမှုနှင့် ရွာထဲမှ ကြွယ်ဝသော တရုတ်ရိုးရာဆေးဝါး အရင်းအမြစ်များကို မှီခိုပြီး "ဆေးနှင့် အစားအစာသည် တူညီသော မူလပင်ရင်းနှင့် အစွမ်း ရှိခြင်း" ဟူသော တရုတ်ဆေးပညာဆိုင်ရာ ကျန်းမာရေး အယူအဆကို ပြန့်ပွားစေ၍ တိန်ချီးရေကန် ကမ်းရိုးတန်းတလျှောက်ရှိ လှပသော ကျေးရွာကို ဆေးဖက်ဝင်အစားအစာ စားနိုင်သော ကျန်းမာရေးကျေးရွာကို ပြောင်းလဲဖြစ်လာစေသည်။
ဟိုင်ခုတ်သစ်တောကွင်းသည် တိန်ချီးရေကန်၏ အနောက်တောင်ဘက်ကမ်းနှင့် ထန်လံချွမ်မြစ်၏ မြစ်ညာတွင် တည်ရှိပြီး ဟိုင်ခုတ်မြစ်မှာ တိန်ချီးရေကန်မှ စီးဆင်းထွက်လာပြီးနောက် ဤသစ်တောကွင်းကို စိုစွတ်စေ၍ ဤနေရာရှိ ရှုခင်းများကို ကဗျာနှင့် ပန်းချီကားကဲ့သို့ ပိုမိုလှပစေသည်။ ဟိုင်ခုတ်သစ်တောကွင်းသည် "အမျိုးသားအဆင့် ဂေဟယဉ်ကျေးမှု ပညာပေးအခြေခံစခန်း" "ယူနန်ပြည်နယ် ပေါ်ပြူလာသိပ္ပံ ပညာပေးအခြေခံစခန်း" "ယူနန်ပြည်နယ် မျိုးချစ်စိတ်ဓာတ် ပညာပေးအခြေခံစခန်း" စသည့် ဘွဲ့ထူးများကို ရှေ့စဉ်နောက်ဆက် ရရှိခဲ့၍ ဇီဝစနစ်၊ ပေါ်ပြူလာသိပ္ပံနှင့် အပန်းဖြေ ပေါင်းစပ်ထားသော နေရာကောင်း တစ်ခု ဖြစ်သည်။
၃။ နန်ဇူကုံးစက်ဥယျာဉ်
ရှီးဆန်းရပ်ကွက်ရှိ နန်ဇူကုံးစက်ဥယျာဉ်၌ ဝါးတောထဲမှ စခန်းချပြီး သဘာဝ၏ ဆိတ်ငြိမ်မှုနှင့် ဆိတ်ကွယ်ငြိမ်းအေးမှုကို ခံစားလိုက်ပါ။ ဤဘတ်စ်ကားလိုင်းသည် လူတစ်ဦးလျှင် ၁၀၅ ယွမ် လိုပြီး အာမခံ၊ အသွားအပြန်ယာဉ်စီးခနှင့် နေ့လယ်စာ ပါဝင်ထားသည်။
ကူမင်း တိန်ချီးရေကန်၏ အနောက်ဘက်ကမ်းတွင် ရတနာကဲ့သို့သော စခန်းချနေရာတစ်ခု ပုန်းအောင်းထား၍ ၄င်းသည် နန်ဇူကုံးစက်ဥယျာဉ် ဖြစ်သည်။ နန်ဇူကုံးစက်ဥယျာဉ်သည် အမို ၁၀၀ ကျော် ကျယ်ဝန်းပြီး ကော်ဖီဆိုင်၊ မြို့ပြထဲတွင် စခန်းချရန် ပြင်ပမီးဖိုအိမ်၊ မြို့ပြထဲမှ လယ်ယာစိုက်ကွင်း၊ ဝါးတောဝင်္ကပါ စသည့် ပြင်ပနေထိုင်မှုဆိုင်ရာ အစိတ်အပိုင်းများကို ပါဝင်သည်။ ဝါးရှုခင်းနှင့် ဝါးယဉ်ကျေးမှုများဖြင့် ထူးခြားချက်ဖြစ်သော ဤဂေဟဥယာဉ်သည် ကူမင်းမြို့နှင့် အနီးဆုံးသော "အပန်းဖြေနေရာ" ဖြစ်လာပြီ ဖြစ်သည်။
စိတ်ဝင်စားသော မြို့သူမြို့သားများနှင့် ခရီးသည်များမှာ ကူမင်းဘတ်စ်ကားဝန်ဆောင်မှု တယ်လီဖုန်းနံပါတ် ၉၆၁၈၈ သို့ ဖုန်းဆက်ပြီး မြေးမြန်းကာ ကြိုတင်ချိန်းထားနိုင်ပါသည်။
5月16日起,昆明公交集团推出25条昆明周边一日游、省内多日游“观光巴士·畅行一夏”主题观光巴士畅行游线路。其中,昆明周边一日游线路18条,云南省内多日游线路7条。
昆明周边一日游线路18条中,西山区路线一日游线路有3条,接下来跟小编一起详细了解涉及这三条线路吧。
01 乐居村+核桃箐
西山区乐居村的古朴与核桃箐的清幽相得益彰。该线路90元/人,费用包含午餐、保险、往返车费。不包含午餐的60元/人。
位于西山区团结街道的乐居村,依凤凰山麓,临水而建,有600多年村史,至今保留古建筑80多栋,是中国现存最完整的汉彝合璧古建村落。其“一颗印”民居是昆明最典型的民居建筑群落,与北京“四合院”并驾齐驱,被列入中国五大民居建筑类型。
核桃箐村是一个彝族山区村寨,村子因大面积种植核桃而得名。这里青山环绕,绿水长流,森林茂盛,郁郁葱葱。作为西山区乡村振兴的试点之一,核桃箐村通过调整产业结构,培育和打造彩色水稻种植品牌,配套建设高空栈道、玻璃漂流、休闲景观大道等项目,加快农旅融合发展,打造乡村生态旅游景区,促进农民增收致富,助推乡村振兴。
02 百草村+海口林场
百草村丰富的中医药文化和美丽的自然景观与海口林场的丰富的森林资源和爱国主义红色文化相互映衬。该线路80元/人,费用包含保险、往返车费、午餐(10人桌餐)。
历史悠久的白族村落百草村,依托“古寺、龙潭、药草”三宝,因地制宜发展乡村旅游,依托医药文化及村内丰富的中药材资源,弘扬“药食同源、医食同功”的中医养生理念,让滇池沿岸美丽乡村变成百草药膳的养生村。
海口林场位于滇池的西南岸,螳螂川的上游,海口河自滇池流出,滋润着这片林场,使得这里的风光愈发秀美,如诗如画。海口林场先后获得了“国家级生态文明教育基地”“云南省科学普及教育基地”“云南省爱国主义教育基地”等多个称号,是一个集生态、科普、休闲等为一体的好去处。
03 楠竹公社
在西山区楠竹公社体验一把竹林间的露营,感受自然的宁静与清幽。该线路105元/人,费用包含保险、往返车费、午餐。
在昆明滇池西岸,藏着一个宝藏露营地——楠竹公社。楠竹公社占地100余亩,包含种子咖啡厅、城市露营户外厨房、城市农场、竹林迷宫等户外生活板块。这个以竹景观和竹文化为特色的生态公园,已成为昆明离城市最近的“远方”。
感兴趣的市民、游客,可拨打昆明公交服务热线96188咨询预约。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့