"လက်ရေးလက်သား ကူမင်း" ဟူသော ယဉ်ကျေးမှုနံရံသည် လူများကို ဓာတ်ပုံရိုက်ရန် ဆွဲဆောင်ခဲ့
2025-05-19 16:51|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မကြာသေးမီက ကူမင်းရှေးဟောင်းလမ်းမှ ချမ်ဝမ်လမ်း အပိုင်းတွင် တရုတ်ရိုးရာ လက်ရေးလှပညာကို ခေါင်းစဉ်ဖြင့်၊ တမူထူးခြားသော ယဉ်ကျေးမှုဆိုင်ရာ ဓာတ်ပုံရိုက်ရန် နေရာတစ်ခု ဖြစ်သော "လက်ရေးလက်သား ကူမင်း" ဟူသော ယဉ်ကျေးမှုနံရံ သစ်လွင်တိုးလာခဲ့ပါသည်။ ဤနံရံသည် "昆明" ဟူသော စကားလုံးကို ကျောရိုးမဏ္ဍိုင်အဖြစ် မင်နက်နှင့် တောတောင်ရေမြေ အကြောင်းရပ်များကို ပေါင်းစပ်ကာ မြို့သူမြို့သားများနှင့် ခရီးသည်များကို ခေတ္တရပ်နားပြီး ဓာတ်ပုံရိုက်ရန် ဆွဲဆောင်ခဲ့ကာ ကူမင်းမြို့ရှိ ရေပန်းစားသော ဓာတ်ပုံရိုက်ရန် နေရာ နောက်တစ်ခု ဖြစ်လာခဲ့ပြီ။
အဆိုပါ နံရံ ဖွင့်လှစ်ပြီးနောက် ရေးပန်းစားသော ဓာတ်ပုံရိုက်ရန် နေရာတစ်ခုကို လျှင်မြန်စွာ ဖြစ်လာခဲ့သည်။ လူငယ်အများအပြားသည် ဟန်ရိုးရာဝတ်စုံ သို့မဟုတ် တရုတ်ရိုးရာဝတ်စုံများကို ဝတ်ဆင်ထားပြီး ဓာတ်ပုံရိုက်လာကြ၍ ရိုးရာလက်ရေးလက်သား ယဉ်ကျေးမှုကို သွေးသစ်အားသစ် ရှင်သန်လာစေသည်။ "ဒီလို ယဉ်ကျေးမှု နံရံတစ်ခုဟာ အနုပညာခံစားမှု ရှိစေပြီး ကလေးတွေကို လက်ရေးလက်သားရဲ့ ကျက်သရေကိုလဲ ခံစားစေနိုင်တယ်၊ သာမန်တဲ့ ရေပန်းစားနံရံတွေထက် အဓိပ္ပာယ် ပိုရှိပါတယ်" ဟု မြို့သူ မစ္စလီက ပြောကြားခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို












