ကူမင်းမြို့တွင် စိန်ပန်းပြာများသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြပြီး ခရီးသည်များကို လာရောက်ရန် ဆွဲဆောင်နေ
2025-05-06 16:15|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) မေဒေး အားလပ်ရက်အတွင်း ကူမင်းမြို့ ကျောက်ချန်းကျုံလမ်းနှစ်ဖက်ရှိ စိန်ပန်းပြာများသည် ယှဉ်ပြိုင်စွာ ပွင့်ဖူးနေကြသည်။ စိန်ပန်းပြာ တစ်ပင်ပင်သည် ခရမ်းရောင်ဆည်းဆာများ နှင့်တူ၍ လေညှင်း တိုက်လာသည့်အခါ ပန်းပွင့်များသည် ဖြည်းဖြည်းညှင်းညှင်း လွင့်ပျံကျလာပြီး ဤလမ်းအတွက် ရိုမန်တစ်ဆန်သော ခရမ်းရောင် "ကော်ဇော"ကို ခင်းပေးထားသည်။ ခရီးသည်များသည် ပန်းများအောက်တွင် လမ်းသလားကြပြီး စိတ်ကူးယဉ်ဖွယ် ကောင်းသော ခရမ်းရောင်ပင်လယ်ထဲ၌ နစ်မွန်း၍ မူးယစ်စွဲလန်းစေသည့် ဤရှုခင်းကို မှတ်တမ်းတင်ရန် မကြာခဏ ခေတ္တရပ်နားပြီး ဓာတ်ပုံရိုက်နေကြသည်။
ယခုနှစ်များတွင် စိန်ပန်းပြာသည် ကူမင်း၏ တောက်ပသော အမည်ကတ်ပြားတစ်ချပ် ဖြစ်လာခဲ့ပြီ၊ နှစ်စဉ်နှစ်တိုင်း ပန်းပွင့်ချိန်တွင် ခရီးသည် အများအပြားကို လာရောက်ရန် ဆွဲဆောင်လျက်ရှိကာ ဒေသခံ ခရီးသွားလုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်စေ ရုံသာမက ပိုများသောလူများကို ကူမင်း၏ ရိုမန်တစ်ဆန်မှုများနှင့် ကျက်သရေများ သိရှိစေခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ
















