ယူနန်ပြည်နယ် ထိန်ချုံးမြို့တွင် သီးနှံတိုးမိုးရာသီ(ကူယွီ) တွင် လက်ဖက်ခူးနေ
2025-04-30 17:13|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) သီးနှံတိုးမိုးရာသီ(ကူယွီ) နီးပါးတွင် နွေဦးလက်ဖက်ရွက်နုများသည် တဖွားဖွားပေါ်လာနေကြသည်။ ယခုတလော ယူနန်ပြည်နယ် ထိန်ချုံးမြို့ရှိ လက်ဖက်ရွက် အဓိကထွက်ရှိရာနေရာများ၌ နွေဦးရှုခင်းများ ပန်းချီကဲ့သို့ သာယာလှပ၍ လက်ဖက်တောင်၏ နေရာတိုင်းတွင် လက်ဖက်ခူးရန် အလုပ်ရှုပ်နေကြပါသည်။ လက်ဖက်စိုက်တောင်သူများသည် အချိန်လုပြီး လက်ဖက်ခူးနေကြ၍ အညွန့်တလူလူနှင့် စီရရီဖွာရရာရှိသော နွေဦးရာသီတွင် လူများ၏ အလုပ်ရှုပ်နေကြသော ကိုယ်နေဟန်ထားများကို နေရာတကာ တွေ့မြင်နိုင်ပါသည်။ ၂၀၂၄ ခုနှစ်တွင် ဖူချွမ်မြို့နယ်တစ်ခုတည်းတွင် လက်ဖက်ရွက်၏ ထွက်ကုန်အရေအတွက် တန်ချိန် ၃၄၅၀၊ စုစုပေါင်း ထွက်ကုန်တန်ဖိုး ယွမ် ၂၄၁.၈၆ သန်းနှင့် လက်ဖက်စိုက်တောင်သူများ၏ ၀င်ငွေ ယွမ် ၁၂၇.၇၅ သန်း ရရှိခဲ့သည် ဖြစ်၍ လက်ဖက်လုပ်ငန်းသည် လူများကို ကြွယ်ဝစေပြီး ၀င်ငွေတိုးစေရန်နှင့် ကျေးလက်ဒေသကို ဖွံ့ဖြိုးတိုးတက်စေရန် ကျောရိုးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပြီ။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ
















