ယူနန်ပြည်နယ် ချူကျင့်မြို့တွင် နှင်းဆီပန်းခင်းများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေ
2025-04-30 16:54|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုတလော ယူနန်ပြည်နယ် ချူကျင့်မြို့ ချီလင်ရပ်ကွက် ယှောင်းရှန်းလမ်းရှိ ဆာဘရွာတွင် နှင်းဆီပန်း အမို ၁၂၀၀ သည် ဝေဝေဆာဆာ ပွင့်ဖူးနေကြပြီး ကျယ်ပြောလှသော ပန်းခင်းထဲ၌ နှင်းဆီပန်းများသည် လေထဲတွင် ပွင့်ဖူးနေ၍ မြို့သူမြို့သားများနှင့် ခရီးသည်များအား လာရောက် လည်ပတ်ကြည့်ရှုရန် ဆွဲဆောင်နေကြသည်။
ဝိသေသလက္ခဏာ ရှိသော နှင်းဆီပန်းလုပ်ငန်းကို ဗဟိုပြု၍ ဒေသခံသည် နှင်းဆီပန်းစိုက်ပျိုးရေး၊ အချောကိုင်ရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စသည့် လုပ်ငန်းများကို ရောနှောပေါင်းစပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးပုံစံကို စူးစမ်းရခဲ့ပြီး ရွာသူရွာသားများ၏ ဝင်ငွေကို တိုးစေခဲ့သည်။
ဆာဘရွာရှိ နှင်းဆီပန်းစိုက်ပျိုးရေးအခြေခံစခန်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ကတည်းက ယခုနှစ် ဧပြီလ ဒုတိယဆယ်ရက်ပိုင်းအထိ ခရီးသည် အယောက်ပေါင်း ၄၀ သောင်းကို ဧည့်ခံခဲ့ပြီ ဖြစ်၍ ဝင်ငွေ ယွမ် ၄.၈ သန်းကျော် ရရှိခဲ့၍ နှင်းဆီပန်းလုပ်ငန်းမှ "လှပမှုစီးပွားရေး" ကို ဆက်လက် ဖွံ့ဖြိုးတိုးတက်စေပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့






