မြန်မာ့ မီဒီယာကိုယ်စားလှယ်အဖွဲ့သည် "ကဗျာဆန်သော တရုတ်နိုင်ငံ အနောက်ပိုင်းဒေသသို့ ခရီးစဉ်" စတင်
2025-04-30 15:08|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မြန်မာ့မီဒီယာများ၏ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ ဆိုင်ရာ နားလည်းမှုကို တိုးပွားလာစေရန်နှင့် တရုတ်-မြန်မာ ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို မြှင့်တင်ရန်အတွက် မြန်မာ့မီဒီယာအဖွဲ့အစည်း ၅ ခုမှ ကိုယ်စားလှယ်များသည် ဧပြီလ ၂၃ ရက်နေ့တွင် ကူမင်းမြို့၌ "ကဗျာဆန်သော တရုတ်နိုင်ငံ အနောက်ပိုင်းဒေသသို့ ခရီးစဉ်" ဟူသော ၂၀၂၅ ခုနှစ် ပထမနှစ်ဝက် မြန်မာ့မီဒီယာများ တရုတ်နိုင်ငံသို့ လည်ပတ်ကြည့်ရှုခြင်း လှုပ်ရှားမှုကို စတင်ဆောင်ရွက်ခဲ့ကြပါသည်။
၅ ရက်ကြာသော လှုပ်ရှားမှုထဲတွင် ကိုယ်စားလှယ်များသည် ယူနန်ပြည်နယ် ကူမင်းမြို့၊ စီချွမ်းပြည်နယ် ချိန်တူးမြို့နှင့် ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူးလူမုချီမြို့တို့သို့ လည်ပတ်ကြည့်ရှုမည် ဖြစ်ကာ ယဉ်ကျေးမှုလမ်းများ၊ ပိုးလမ်းမကြီးရှိ ရှေးဟောင်းမြို့နယ်များ၊ လူမျိုးပေါင်းစုံနေထိုင်ရာနေရာများသို့ နက်ရှိုင်းစွာဝင်ရောက်၍ တရုတ်နိုင်ငံ အနောက်ပိုင်းဒေသရှိ သမိုင်းယဉ်ကျေးမှုများနှင့် လူမှုရိုးရာဓလေ့ထုံးစံများကို ခံစားပြီး တရုတ်နိုင်ငံရှိ "လူမျိုးများသည် သလဲစေ့ကဲ့သို့ တင်းတင်းကျပ်ကျပ် ဖက်ယမ်းကြသည့်" ပြေပြစ်သော မြင်ကွင်းများအား အာရုံခံစားမိကြမည် ဖြစ်ကာ မီဒီယာအဖွဲ့အစည်းများနှင့် သိပ္ပံနည်းပညာကုမ္ပဏီများသို့ ဝင်ရောက်ပြီး တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေး၏ တည်ဆောက်ခြင်း အောင်မြင်မှုများကို စူးစမ်းလေ့လာကြမည် ဖြစ်ပါသည်။ ဤခရီးစဉ်သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၊ ဂေဟစနစ် ကာကွယ်ရေးနှင့် တိုင်းရင်းသားပေါင်းစုံ ပေါင်းစည်းရေး စသည့် ခေါင်းစဉ်များကို အာရုံစူးစိုက်ထား၍ မီဒီယာ အင်တာဗျူးများ၊ နှီးနှောဆွေးနွေးပွဲများနှင့် ဖလှယ်မှုများ စသည့် နည်းလမ်းများဖြင့် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ၏ မတူကွဲပြားသော ကျက်သရေနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တက်ကြွမှုကို ကွက်ကွက်ကွင်းကွင်း ပြသထားပါသည်။
လည်ပတ်ကြည့်ရှု ပြီးဆုံးသွားပြီးနောက် တရုတ်-မြန်မာ မီဒီယာများ ပူးပေါင်းဆောင်ရွက်မှု "ပေါက်ဖော် ဘာသာစကားအသစ်" ဟူသော မျှဝေခြင်းစည်းဝေးပွဲကိုလည်း ကူမင်းမြို့၌ ကျင်းပမည် ဖြစ်ကာ နှစ်နိုင်ငံ ကိုယ်စားလှယ်များသည် "တောင်တန်းများ၊ မြစ်ချောင်းများ၊ လူများနှင့် မြို့များအကြောင်း အတူဆွေးနွေးခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေးမစ်ရှင်ကို အတူထမ်းဆောင်ခြင်း" ဟူသော ခေါင်းစဉ်ကို ဗဟိုပြု၍ ဤလည်ပတ်ကြည့်ရှုခြင်း၏ ရလဒ်များကို မျှဝေကြပြီး ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်များအား အတူတူ ဆွေးနွေးကြပြီး အိမ်နီးချင်းနိုင်ငံများ အေးတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရန် မီဒီယာစွမ်းအားများကို ပေးလှူကြမည် ဖြစ်ပါသည်။
ခရီးစဉ်အတွင်း မြန်မာ့ မီဒီယာကိုယ်စားလှယ်များသည် "ပထမမြင်ခြင်း"နှင့် "မမေ့နိုင်ဆုံးစရာ" ဟူသော မှတ်စုများဖြင့် ၎င်းတို့၏ အကြားအမြင်များကို မှတ်တမ်းတင်ကြမည် ဖြစ်၍ နောက်ဆုံးတွင် လည်ပတ်ကြည့်ရှုသည့် ရလဒ်ပေါင်းချုပ်ကို ဖြစ်လာ၍ တရုတ်-မြန်မာ ပြည်သူများ စိတ်နှလုံးချင်းဆက်နွှယ်မှုကို မြှင့်တင်ရန် တွန်းအားသစ်များ ထည့်သွင်းမည် ဖြစ်ပါသည်။
为增进缅甸媒体对中国西部地区的了解,促进中缅民心相通,4月23日,来自缅甸5家媒体机构的代表在昆明市开启“诗意中国西部行”2025年上半年缅甸媒体来华参访活动。
在为期5天的活动中,代表们将参访云南省昆明市、四川省成都市及新疆维吾尔自治区乌鲁木齐市,深入文化街巷、丝路古镇、多民族聚居社区,体验中国西部的历史文化和民族风情,感知中国“各民族像石榴籽一样紧紧抱在一起”的和谐图景;走进媒体机构、科技企业,探访中国式现代化的建设成果。行程聚焦经济发展、科技创新、生态保护及多民族融合等主题,通过媒体采风、座谈交流等形式,生动展现中国西部的多元魅力与发展活力。
参访结束后,还将在昆明举行中缅媒体合作“胞波新语”分享会,两国代表围绕“共话山水人城 共担发展使命”主题,分享参访成果、共商发展期待,携手为推动构建周边命运共同体贡献媒体力量。
参访过程中,缅甸媒体代表将以“第一眼”与“最难忘”手记记录见闻,最终形成参访成果集,为推动中缅民心相通注入新动能。(云南日报 记者舒文 张莹琳 常远)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Yang Yan
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့