ရုပ်ရည်အဆင့်အတန်း အလွန် မြင့်မား၍ တရုတ်နိုင်ငံတွင်သာရှိသော "လိပ်ပြာပန်း"ကို ပေါင်ဆန်းမြို့ လုံလင်ခရိုင်၌ တွေ့ရှိခဲ့
2025-04-30 14:23|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက ယူနန်ပြည်နယ် ပေါင်ဆန်းမြို့ လုံလင်ခရိုင်ရှိ ရှောင်ဟင်စန်း ပြည်နယ်အဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေ၏ ဝန်ထမ်းများသည် တောရိုင်းရုက္ခပင်များကို စောင့်ကြပ်စစ်ဆေးသည့်အခါ ရုပ်သွင်ထူးဆန်းသော အပြာရောင်ဖြစ်သော တောရိုင်းပန်းလေး တစ်မျိုးကို တွေ့ရှိခဲ့ကြပါသည်။ တရုတ်သိပ္ပံအကယ်ဒမီ ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ရုက္ခဗေဒဥယျာဉ်၏ သုတေသီ ထန်ယုဟုံမှ အကဲဖြတ် ခြင်းအားဖြင့် Iris confusa ဟု သတ်မှတ်ခဲ့ပါသည်။ ကြည့်၍သာမန်ပြီး အမြဲတွေ့ရနိုင်သော ဤရုက္ခပင်အမျိုးသည်တော့ တရုတ်နိုင်ငံတွင်သာရှိသော မျိုးစိတ် တစ်ခု ဖြစ်ပါသည်။
Iris confusa သည် နှစ်ကြာခံသစ်နုပင် ဖြစ်၍ ၎င်း၏ ပန်းပွင့်ပုံသဏ္ဍာန်သည် လိပ်ပြာနှင့် တူသောကြောင့် ပြည်သူများအတွင် ၎င်းကို "လိပ်ပြာပန်း" ဟုခေါ်ပါသည်။ ၄င်း၏ တောရိုင်းအမျိုးအစားသည် ယူနန်၊ ကွမ်ရှီးနှင့် စီချွမ် စသည့်နေရာများ၌ အဓိက ပြန့်နှံ့ထား၍ သစ်တောအစပ်၊ ကျိုးတိုးကျဲတဲသော သစ်တောအောက်၊ လျှိုမြောင်၊ စိုစွတ်မြေ သို့မဟုတ် တောင်စောင်းမြက်ခင်းပြင်များတွင် ကြီးပြင်းလာလျက်ရှိပါသည်။ ယခုလက်ရှိတွင် ယူနန်ပြည်နယ် လုံလင်ခရိုင်၌ မှတ်တမ်းတင်ထားသော Iridaceae အပင်မျိုးစိတ်သည်Hollowstem Iris၊ Iris wattii Baker နှင့် Iris confusa ၃ မျိုး ရှိပါသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း








