ယူနန်ပြည်နယ် ချိုးပေခရိုင်၌ ဧကထောင်ပေါင်းများစွာသော နှင်းဆီပန်းများသည် ယှဉ်ပြိုင်စွာ ပွင့်ဖူးနေကြ
2025-04-29 14:34|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီက ယူနန်ပြည်နယ် ဝန်ဆန်း ကျွမ့်လူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ချိုးပေခရိုင်ရှိ ဖူကျယ်ဟေး နှင်းဆီပန်းဥယျာဉ်ထဲ၌ နှင်းဆီပန်း ဧက ၁၂၀၀ သည် ဝေဝေဆာဆာ ပွင့်ဖူးနေကြပါသည်။ ဤနှင်းဆီပန်းဥယျာဉ်ထဲသို့ ဝင်ရောက်လျှင် နှင်းဆီပန်း အစည်းစည်းသည် အကိုင်းအခက်များကို အလှဆင်ထား၍ ထူထပ်ပြွတ်သိပ်သော ပန်းရနံ့သည် စိတ်ကြည်နူးပြီး ပီတိစိမ့်စေပါသည်။ ဤနှင်းဆီပန်းဥယျာဉ်ထဲတွင် ခရီးသည်များသည် ပန်းပင်လယ်တွင် အေးအေးဆေးဆေး စိမ်ပြေနပြေနှင့် လမ်းလျှောက်နိုင်ပြီး အမှတ်တရပြုရန် ဓာတ်ပုံရိုက်နိုင် ရုံသာမက နှင်းဆီပန်းအက်စန့်ရှယ်ဆီနှင့် နှင်းဆီပန်းလက်ဖက်ခြောက် စသည့် ထူးခြားချက်ရှိသော ထုတ်ကုန်ပစ္စည်းများကို ပြုလုပ်သည့် အစီအစဉ်ကိုလည်း တွေ့ကြုံခံစား နိုင်ကြပါသည်။ ယခုနှစ်များတွင် ချိုးပေခရိုင်သည် စိုက်ပျိုးရေးဆိုင်ရာ ခရီးသွားလာရေးနှင့် ဂေဟဗေဒ ခရီးသွားလာရေးတို့ အချင်းချင်းပေါင်းစပ်ခဲ့၍ ဖူကျယ်ဟေး နှင်းဆီပန်းလုပ်ငန်းကို ဒေသခံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး ပေါင်းစပ်ပြီး ဖွံ့ဖြိုးတိုးတက်သည့် တောက်ပသော အမည်ကတ်ပြားတစ်ချပ် ဖြစ်လာစေခဲ့ပါပြီ။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို










