၁၇ ကြိမ်မြောက် ယူနန်လက်ဖက်ခြောက် ကုန်စည်ပြပွဲနှင့် ရောင်းဝယ်ရေးပွဲကို ဧပြီလ ၂၅ ရက်မှ ၂၈ ရက်အထိ ကူမင်း၌ ကျင်းပမည်
2025-04-28 17:11|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၁၇ ကြိမ်မြောက် ယူနန်လက်ဖက်ခြောက် ကုန်စည်ပြပွဲနှင့် ရောင်းဝယ်ရေးပွဲကို ဧပြီလ ၂၅ ရက်မှ ၂၈ ရက်အထိ ကူမင်း တိန်ချီး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပမည်ဟု ဧပြီလ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲမှ သတင်းသိရှိရခဲ့ပါသည်။
ဤအကြိမ်ပြပွဲ၏ ခေါင်းစဉ်သည် "အစိမ်းရောင်ဖြစ်သော ယူနန်လက်ဖက်ခြောက်များ၊ ကမ္ဘာ့ဖူအော်လက်ဖက်ခြောက်" ဖြစ်ပါသည်၊ ပြပွဲ၏ အကျယ်အဝန်းသည် စတုရမ်းမီတာ ၃ သောင်းရှိပြီး ပါဝင်သည့် လုပ်ငန်းကုမ္ပဏီ အခုပေါင်း ၅၀၀ ကျော်ရှိ၍ ပြသပစ္စည်းများ ဖူအော်လက်ဖက်ခြောက်၊ လက်ဖက်ခြောက်နက်၊ လက်ဖက်ခြောက်စိမ်း၊ လက်ဖက်ခြောက်ဖြူ စသည့် အရည်အသွေးမြင့် လက်ဖက်ခြောက်မျိုးများကို ပါဝင်ထား၍ တရုတ်ခရမ်းရောင်အိုး၊ မြေထည်ကြွေထည်၊ လက်ဖက်ဆိုင်ရာ ထုပ်ပိုပစ္စည်း၊ လက်ဖက်ဆိုင်ရာ စက်ယန္တရား၊ လက်ဖက်နည်းပညာ၊ လက်ဖက်ရည်အသစ် စသည့်နယ်ပယ်များကို ဖုံးအုပ်ထားပါသည်။ ပြပွဲအတွင်း လှုပ်ရှားမှု ၁၂ ခုကို ကျင်းပမည် ဖြစ်၍ နိုင်ငံတစ်ဝှမ်းရှိ လက်ဖက်လုပ်ငန်းမှ ကျွမ်းကျင်သော ပရိသတ်များကို ပြပွဲ လာရောက်ကြည့်ရှုရန်၊ လုပ်ငန်းဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဖိတ်ခေါ်မည် ဖြစ်သည်။
ယခုနှစ်များတွင် ယူနန့်လက်ဖက်လုပ်ငန်းသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ ၂၀၂၄ ခုနှစ်တွင် ယူနန်ပြည်နယ်ရှိ လက်ဖက်ဥယျာဉ်၏ ဧရိယာမှာ အမိုပေါင်း ၈ သန်းအထိ ရှိရောက်ခဲ့ပြီး ထွက်ကုန်အရေအတွက်မှာ တန်ချိန် ၅၈.၆ သောင်း ရှိခဲ့ပြီး နှစ်ခုစလုံးသည် တစ်နိုင်ငံလုံး ပထမအဆင့် ဖြစ်နေ၍ တရုတ်နိုင်ငံ၏ လက်ဖက်လုပ်ငန်းတွင် အဓိကပြည်နယ်တစ်ခုအဖြစ် ယူနန်၏ အဆင့်အတန်းကို ပို၍ ခိုင်မာစေပါသည်။
新华网昆明4月17日电(范芳钰 孙优兰)据17日举行的新闻发布会消息,第十七届云茶博览交易会将于4月25日至28日在昆明滇池国际会展中心举办。
本次博览交易会以“绿色云茶·天下普洱”为主题,会场面积达3万平方米,参展企业500余家,展品涵盖普洱茶、红茶、绿茶、白茶等优质茶类,覆盖紫砂、陶瓷、茶包装、茶机械、茶技术、新式茶饮等方面。展会期间将举办12场系列活动,邀请全国茶产业行业的专业观众前来观展,促进产业交流与合作。
据介绍,近年来云茶产业蓬勃发展,2024年,云南省茶园面积达到800万亩,产量58.6万吨,均居全国第一,进一步巩固了云南作为中国茶产业大省的地位。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့