ယူနန်ပြည်နယ်တွင် ကြံဖတ်များကို ပတ်ဝန်းကျင်ထိန်းအောင် ပန်းကန်ခွက်ယောက်များအဖြစ် ပြောင်းလဲစေ
2025-04-27 17:03|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မကြာသေးမီနှစ်များအတွင်း ယူနန်ပြည်နယ် လျင်ချန်းမြို့ ကန်မာ တိုင်လူမျိုးနှင့် ဝလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်သည် ကြံပင် အမိုပေါင်း ၃ သိန်းကို စိုက်ပျိုးထားသည့် စက်မှုလုပ်ငန်း အခြေခံအုတ်မြစ်ကို မှီခိုအားကိုး၍ သကြားကြိတ်ရာတွင် ပေါ်ထွက်လာသော အဖျင်းအမှော်ပစ္စည်းများ ဖြစ်သည့် ကြံဖတ်များကို ပတ်ဝန်းကျင်ထိန်းအောင် လျော့နည်းပပျောက်နိုင်သော ပန်းကန်ခွက်ယောက်များအဖြစ် ပြောင်းလဲစေပြီး ၄င်းသည် လက်တွေ့ကျမှုနှင့် ဂေဟစနစ်တန်ဖိုး နှစ်မျိုးလုံး ရှိပါသည်။ ဤပန်းကန်ခွက်ယောက်များသည် ကြံဖတ်များထဲမှ သဘာဝကျသော ဆဲလျူလို့ (cellulose) များကို ကုန်ကြမ်းများအနေဖြင့် သဘာဝပတ်ဝန်းကျင်ထဲတွင် လုံးဝ လျော့နည်းပပျောက်နိုင်၍ ပလတ်စတစ် ညစ်ညမ်းမှုများကို လျှော့ချရန် ထောက်ပံ့ပေးနိုင်ပါသည်။ ယခုအချိန်တွင် ဒေသခံမှ ထုတ်လုပ်သည့် လျော့နည်းပပျောက်နိုင်သော ပန်းကန်ခွက်ယောက်များကို အဓိကအားဖြင့် တင်ပို့နေသည် ဖြစ်ပြီး ထုတ်ကုန်များကို အဓိကအားဖြင့် ဂျာမနီနှင့် အီတလီ စသည့် စျေးကွက်များသို့ ရောင်းချ၍ နှစ်စဉ် ထုတ်ကုန်တန်ဖိုး အယွမ် သန်း ၁၀၀ နီးပါးဖြင့် ဒေသခံ အလုပ်အကိုင် တိုးတက်မှုကို တွန်းအားပေးလျက်ရှိသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့










