ကူမင်းမြို့တွင် ခရီးသွားလမ်း ၆ ခုဖြင့် ကူမင်းကို ခံစား

2025-04-18 10:06|ရောင်စုံတိမ်တံတား

2

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့ကူမင်းမြို့တွင် ကောင်းကင်ပြာနှင့်တိမ်ဖြူများသည် ရာသီလေးပါး၏ စည်ကားမှုနှင့် အပြန်အလှန် ရောင်ပြန်ဟပ်ပြီး  ရှေးဟောင်းယဉ်ကျေးမှုနှင့် မြို့ပြအခြေအနေများ ရောယှက်ပေါင်းစပ်သည်။ မင်းသည် နံနက်ခင်းတွင် ငှက်က သာယာစွာ ရင့်ကျူးခြင်းနှင့် ပန်းက သင်းပျံ့စွာပွင့်ဖူးခြင်းကို ခံစားနိုင်ပြီး ညနေတွင် နေဝင်ချိန်ကို ရှုစားလိုက်ပါ။ ဤနေရာ၌ ဆောင်းရာသီ၏ အေးချမ်းမှု မရှိပါ၊ နွေရာသီ၏ ပူအိုက်မှုလည်း မရှိပါ။ ကူမင်းတွင် ၃၆၅ ရက်သည် နွေဦးရာသီဖြစ်သည်။ ကူမင်းမြို့ရှိ ရွှေရောင် ခရီးသွားလမ်းကြောင်း ၆ ခု အတိုင်း လျှောက်သွားလျှင် ကူမင်းတွင် မည်မျှ ပျော်ရွှင်ဖွယ်ရာကောင်းသနည်း ဆိုတာကိုနှင့် မည်မျှ နေထိုင်မှုကောင်းသနည်း ဆိုတာကို တွေ့ကြုံခံစားရနိုင်ပါသည်။

3

ကူမင်း၏ အကြောင်းစုံ ထူထပ်လေးနက်သော သမိုင်းနှင့် လူမှုရေးအခြေအနေများကို စူးစမ်းလေ့လာချင်လျှင် ချွေ့ဟူရေကန်ဘေးမှ သမိုင်းနှင့် လူမှုရေး ခရီးသွားလာရေး အဝိုင်းသို့ သွားနိုင်ပါသည်။ "လမ်းကိုးလမ်းနှင့် ဆယ့်သုံးတောင်စောင်းများ" နှင့် ဟွန်ကုန်းတုံးလမ်းသို့ သွားပြီး National Southwestern Associated University ၏ အတိတ်ဇာတ်လမ်းဟောင်းကို ပြန်တွေးသည်၊ ချွေ့ဟူရေကန်ဥယျာဉ်ဘေးတွင် ဘယ်လက် ကော်ဖီယူဆောင်ပြီး ညာလက် လက်ဖက်ရည်ယူဆောင်သော နှေးကွေးသောဘဝကို ခံစားလိုက်ပါ။ ညမိုးချုပ်သောအခါ နန်ချမ်လမ်းနှင့် ကူမင်းရှေးဟောင်းလမ်းသို့ သွားပြီး "ကမ္ဘာပေါ်ရှိ မီးရှူးမီးပန်းများမှာ သာမန်လူများ၏ စိတ်နှလုံးကို နှစ်သိမ့်အားပေးသည်"ကို ခံစားရပါသည်။

5

သစ်တောထဲတွင် အားရပါးရ အသက်ရှူချင်လျှင် World Horti-Expo Garden ဧရိယာရှိ ဂေဟပေါ်ပြူလာသိပ္ပံ ခရီးသွားလမ်းအတိုင်း လျှောက်သွားပါ။ ကမင်းရုက္ခပင်ဥယျာဉ်သို့ သွားရောက်လည်ပတ်ပြီး ယူနန်တောရိုင်းတိရစ္ဆာန်ဥယျာဉ်ရှိ ချစ်ဖွယ်ရာတိရစ္ဆာန်များနှင့် ထိတွေ့ဆက်ဆံပြီး ကျင်းတျန့်ရှုခင်းသာနေရာသို့ လက်ဖက်ရည်မြည်းစမ်းပြီး အော်ပရာနားဆင်ပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြည်နူးသော ဂေဟပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ခရီးစဉ်တစ်ခုကို စတင်ပါ။ 

8

ကိုယ်ခန္ဓာ ကျန်းမာစေပြီး အပန်းဖြေချင်လျှင် ယန်ဇုံဟိုင် ကုန်းပြင်မြင့် ရေကန်စပ် အပန်းဖြေ ခရီးသွားနေရာသို့ သွားပါ။ ယူတိမ်ပန်းပင်လယ်တွင် လမ်းသလားပြီး ရေပူစမ်းစိမ်ပြီး ကျန်းမာစေသည့် SPA ကို တွေ့ကြုံခံစားပြီး တောင်တန်းများကို အဝေးမှ လှမ်းမျှော်ကြည့်ပြီး ငါးများနှင့် ငှက်များကို အနီးကပ်ကြည့်သည်။ 

10

ဘူမိအခြေအနေ အံ့ဖွယ်ရှုခင်းများကို စူးစမ်းလေ့လာချင်လျှင် စီလင်- ကျူရှောင် ဘူမိအခြေအနေ အံ့ဖွယ်ရှုခင်းများဆိုင်ရာ ခရီးသွားလမ်းကြောင်းကို ရွေးချယ်ပါ။ မြေပေါ်ရှိ တောင်ထွတ်သစ်တောကဲ့သို့သော အံ့ဖွယ်ကျောက်တုံးများနှင့် မြေအောက်ရှိ နှစ်သောင်းပေါင်းများစွာရှိသော လိုဏ်ဂူများကို ကြည့်ရှုပြီး "Ashima" နှင့် "ကမ္ဘာ့နှစ်သန်းပေါင်းနှစ်ရာ" ဟူသော ဇာတ်လမ်းကို နားထောင်ပြီး အရသာကောင်းသော ယီလျံဘဲကင်နှင့် တောမှိုများကို မြည်းကြည့်ပါသည်။ 

12

တောရိုင်းပြီး စိတ်ဝင်စားဖွယ်များကို တွေ့ကြုံခံစားချင်လျှင် ကူမင်းမြောက်ပိုင်း ခရိုင်ရှိ သဘာဝတောရိုင်း ခရီးသွားလမ်းကြောင်းအတိုင်း လျှောက်သွားပါ။ တုံးချွမ်းမြေနီကို သွားကြည့်ပြီး ကျောက်ဇီတောင်ထိပ်သို့ တက်ရန် စိန်ခေါ်ပြီး "အိပ်မက်ထဲမှ အာလထိုက်(ဒေသ)"ကို ရှာဖွေရန် ယေကေတောင်သို့ သွားရောက်ပါသည်။ 

15

လျော့ရိလျော့ရဲ ခံစားချင်လျှင် တိန်ချီးရေကန်ကမ်းရိုးတန်း ရွှေရောင် ခရီးသွားလမ်းကြောင်းသို့ လာရောက်ပါ။ စက်ဘီးစီးရန် အသင့်တော်ဆုံးသော တိန်ချီးရေကန်ကမ်းရိုးတန်း ရွှေရောင် ခရီးသွားလမ်းကြောင်း ခရီးစဉ်တွင် လေတိုက်ခံပြီး ကြည်လင်သန့်စင်သော ရေကန် ရှိပြီး ရေကန်မှ သုတ်ဖြူးသည့် စိတ်တိုင်းကျသောလေ ရှိပြီး မြစိမ်းရောင်ထပြီး ဝေးလံသော တောင်များ ရှိပြီး မီးကဲ့သို့သော နေဝင်ချိန်နှင့် ညနေဆည်းဆာ ရှိသည်။ ဟိုင်ယန့်ရွာရှိ ကျောက်ပြားလမ်းအတိုင်း နေအိမ်ဟောင်းများကို ဖြတ်သန်းသွားပြီးနောက် အလှဆုံးသော တိန်ချီးရေကန်နေဝင်ချိန်ကို ရှုစားနိုင်ပါသည်။ စက်ဘီးစီးပြီး တိန်ချီးရေကန်တစ်လျှောက် ငှက်ကြည့်ကာ ကွင်းဆင်းပန်းချီရေးဆွဲသည်၊ သို့မဟုတ် ရေကန်ဘေးရှိ ကော်ဖီဆိုင်တစ်ဆိုင်ကို ရှာပြီး တိန်ချီးရေကန်၏ နေဝင်ချိန်ကို ကြည့်ရင်း ယူနန်ကော်ဖီတစ်ခွက် သောက်ပြီး တိန်ချီးရေကန်၏ လှိုင်းများကို အားလပ်ချိန်အဖြစ် ပြောင်းလဲလိုက်ပါ။ 

16

လည်ပတ်ကြည့်ရှုပဲဖြစ်ဖြစ်၊ စာသောက်ပဲဖြစ်ဖြစ်၊ နေပူစာလှုံပဲဖြစ်ဖြစ်၊ ရေပူစမ်းစိမ်ပဲဖြစ်ဖြစ်၊ စခန်းချပဲဖြစ်ဖြစ်၊ ပန်းဝယ်ပဲဖြစ်ဖြစ်၊ ပြင်ပအားကစားလုပ်ပဲဖြစ်ဖြစ် ခရီးသည်များ လိုချင်သည့်အရာ ကူမင်းတွင် အားလုံးရှိကြပါသည်။

18

2

春城昆明,蓝天白云与四季繁华相映成趣,古老文化与都市气息交织融合。您可以在清晨闻鸟语花香,傍晚赏夕阳余晖。这里没有冬天的寒冷,也没有夏天的酷热。在昆明,365天都是春天的有效期。沿着昆明六条黄金旅游线路,就可以体验昆明有多“好玩”,感受昆明有多“好在”。

3

想探究昆明底蕴深厚的历史人文,可以去大翠湖历史人文旅游圈。到“九巷十三坡”、黄公东街追忆联大往事,在翠湖公园旁体验左手咖啡右手茶的慢生活。夜幕降临时,到南强街巷、昆明老街感受“人间烟火味,最抚凡人心”。

5

想尽情“森呼吸”,就沿着大世博片区生态科普旅游线路。探访昆明植物园,和云南野生动物园的萌趣动物互动,到金殿名胜区品茶、听戏,来一场身心愉悦的生态自然人文之旅。

8

想康体休闲,就去阳宗海高原滨湖休闲度假旅游胜地。漫步云端花海,泡温泉、体验养生SPA,远眺群山,近观鱼鸟

10

想探秘地质奇观,就选择石林—九乡地质奇观旅游线路。赏地上峰林奇石、观地下万年溶洞,听“阿诗玛”“地球两亿年”的故事,品尝美味的宜良烤鸭、野生菌。

12

想感受“够野够有趣”,就沿着昆明北部县区自然野趣旅游线路。去看东川红土地,挑战轿子山之巅,到野格山寻找“梦中的阿勒泰”。

15

想要感受松弛,那就来滇池黄金旅游岸线。在最适合骑行的滇池黄金岸线之旅吹吹风,有波光粼粼的湖,有湖面吹来惬意的风,有翠绿悠远的山,有山外如火的日落和晚霞。沿着海晏村的石板路,穿过一幢幢老宅,就能欣赏到最美的滇池夕阳。骑一辆单车,沿着滇池观鸟写生,或寻个湖岸咖啡馆,就着滇池落日喝杯云南小粒,把滇池的每寸波光都兑换成闲适时光

16

无论是来观光赏景、吃吃喝喝,还是来晒太阳、泡汤、露营、买花、户外运动……游客想要的,昆明都有!

18

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်