ကူမင်းမြို့ ဖူမင်ခရိုင်တွင် ချယ်ရီသီးများသည် ရင့်မှည့်နေပြီး ဆွတ်ခူးရန် အချိန်တန်
2025-04-16 15:10|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုအချိန်သည် ချယ်ရီသီးများ ရင့်မှည့်သောရာသီ ဖြစ်သည်။ ယူနန်ပြည်နယ် ကူမင်းမြို့ ဖူမင်ခရိုင်တွင် ချယ်ရီသီးများကို ဆွတ်ခူးရန် အချိန်ရောက်လာနေပြီး နီရဲရဲဖြစ်သော ချယ်ရီသီးများသည် မဟူရာနီကဲ့သို့ အကိုင်းအခက်များပေါ်၌ ချိတ်ဆွဲထား၍ အလွန်လှပသည်။
၎င်းတို့အနက် ဖူမင်ခရိုင် ချီကျုမြို့နယ်သည် နာမည်ကျော်ကြားသည့် "ချယ်ရီသီးထွက်ရှိရာနေရာ" ဖြစ်ပြီး မြို့နယ်တစ်ခုလုံးတွင် စိုက်ပျိုးရေးဧရိယာ အမို ၄၅၀၀ ရှိပြီး နှစ်စဉ်ထွက်ကုန်အရေအတွက် တန်ချိန် ၁၅၀၀ ကျော်ရှိပြီး ကူမင်းမြို့အနီး တစ်ဝိုက်မှ ဆင်ခြေဖုံးရပ်ကွက်၌ အကြီးဆုံးသော ချယ်ရီသီး စုစည်းစိုက်ပျိုးရေးဒေသများထဲမှ တစ်ခု ဖြစ်သည်။ ယခုနှစ်တွင် ချီကျုမြို့နယ်ရှိ ချယ်ရီသီးများသည် ချင်မင်ပွဲတော်အားလပ်ရက် မှစတင်၍ ရှေ့စဉ်နောက်ဆက် ရင့်မှည့်လာကာ ဧပြီလဒုတိယဆယ်ရက်ပတ်တွင် အမြောက်အမြား ခူးဆွတ်နိုင်ပြီး မေဒေးအားလပ်ရက် နောက်ပိုင်းအထိ အဆက်မပြတ် ခူးဆွတ်နိုင်သည်။ မကြာသေးမီနှစ်များအတွင်း ဖူမင်ခရိုင်သည် "ချယ်ရီသီးကြီး" အမို ၅၀၀ ကျော်ကိုလည်း စိုက်ပျိုးပြီး မေလလဦးတွင် ဈေးကွက်၌ စတင်ရောင်းချရန် မျှော်လင့်ထားပြီး မြို့သူမြို့သားသားများ၏ လတ်ဆတ်သော ချယ်ရီသီးများဝယ်လိုအားအချိန်ကို ပို၍ရှည်လျားလာစေသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ ပို့ဆောင်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- မြန်မာ့စိန်တလုံးသရက်သီးများကို တရုတ်ဈေးကွက် အထူးအားပေးကြိုဆို








