တရုတ်နိုင်ငံက ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး အကူအညီများ ပေးအပ်

2025-03-31 13:13|ဆင်ဟွ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့မှာ မတ် ၂၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ရာ ယင်းသည် မတ် ၂၈ ရက်က အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့သည့် မြန်မာနိုင်ငံသို့ ပြည်ပမှ ပထမဆုံး ကယ်ဆယ်ရေးအဖွဲ့ ရောက်ရှိလာခြင်းဖြစ်သည်။

အဖွဲ့ဝင် ၃၇ ဦး ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်သူများအား ဘက်စုံရှာဖွေနိုင်စွမ်းရှိသည့် ကိရိယာများ၊ ငလျင်အန္တရာယ် ကြိုတင်သတိပေးစနစ်များ၊ ခရီးဆောင် ဂြိုဟ်တုဆက်သွယ်ရေးကိရိယာများ၊ ဒရုန်းများ စသည့် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများကို သယ်ဆောင်လာခဲ့ပြီး မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဒဏ်သင့် ဒေသများတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိသည်။

တရုတ်နိုင်ငံ အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးဝန်ကြီးဌာနက စေလွှတ်ထားသည့် အဖွဲ့ဝင် ၈၂ ဦး ပါဝင်သော ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့မှာလည်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ဆောင်ရွက်မှုများကို အကူအညီပေးရန် ကယ်ဆယ်ရေး ပစ္စည်းကိရိယာများ၊ အထောက်အပံ့ပစ္စည်းများကို ယူဆောင်လျက် မတ် ၂၉ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။

တရုတ်နိုင်ငံ၏ နေရာဒေသအများအပြားမှ ကယ်ဆယ်ရေးအဖွဲ့များက မြန်မာနိုင်ငံအား အကူအညီပေးရန် အပူတပြင်း လုပ်ဆောင်လျက်ရှိသည်။

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့မှ အဖွဲ့ဝင် ၂၃ ဦး ပါဝင်သော စေတနာ့ဝန်ထမ်း ၂၃ ဦးမှာလည်း သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးနှင့် ကယ်ဆယ်ရေး ဆောင်ရွက်မှုများကို အကူအညီပေးရန်အတွက် မတ် ၂၉ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံသို့ ထွက်ခွာသွားခဲ့ကာ ၎င်းတို့နှင့်အတူ အပေါ့စား ကယ်ဆယ်ရေးကိရိယာများ၊ အရေးပေါ် ဆေးဘက်ဆိုင်ရာ ကိရိယာများ၊ အသက်ရှင်သူများအား ရှာဖွေနိုင်သည့် ကိရိယာများအပြင် ကယ်ဆယ်ရေး၌ အသုံးပြုသော ခွေးတစ်ကောင်ကိုလည်း ယူဆောင်လာခဲ့ကြောင်း သိရသည်။

ငလျင်ဗဟိုချက်နှင့် ကီလိုမီတာ ၃၀၀ ခန့် အကွာ၌ တည်ရှိသော ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး၊ ဂျိမ်းဖောလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲကလည်း မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ကယ်ဆယ်ရေး လုပ်ငန်းများကို အကူအညီပေးရန် စုစုပေါင်းတန်ဖိုး ယွမ် ၁.၁ သန်းခန့်ရှိသော ရွက်ဖျင်တဲ၊ ဆေးဝါး၊ ခေါက်ခုတင်၊ စောင်၊ ခေါက်ဆွဲခြောက်နှင့် အခြားကယ်ဆယ်ရေးပစ္စည်းများကို ချက်ချင်းပို့ဆောင်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ငလျင်ဒဏ်ကယ်ဆယ်ရေး ကြိုးပမ်းမှုများကို အထောက်အကူပေးသည့်အနေဖြင့် တရုတ်နိုင်ငံက အရေးပေါ် လူသားချင်းစာနာမှု အကူအညီ ယွမ် သန်း ၁၀၀ ပေးအပ်မည်ဟု တရုတ်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ လီမိန်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အစိုးရ၏ မေတ္တာရပ်ခံချက်အရ တရုတ်နိုင်ငံအနေဖြင့် ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့ စေလွှတ်မည်ဖြစ်သလို ငလျင်ဒဏ်သင့် ဒေသများတွင် အရေးတကြီး လိုအပ်လျက်ရှိသော ရွက်ဖျင်တဲ၊ စောင်၊ ရှေးဦးသူနာပြုကိရိယာများ၊ အစားအစာ၊ ရေသန့် စသည့် ပစ္စည်းများကိုလည်း ပေးပို့သွားမည်ဟု ၎င်းက ပြောကြားခဲ့သည်။

ပထမအသုတ် အထောက်အပံ့ပစ္စည်းများကို မတ် ၃၁ ရက်၌ ပေးပို့ရန် စီစဉ်ထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ လိုအပ်ချက်များအပေါ် အခြေခံ၍ အကူအညီများ ထပ်မံပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)


中国云南救援医疗队29日上午抵达缅甸仰光国际机场,成为缅甸“3·28”地震发生以来第一支抵达缅甸的外国救援队伍。

这支37人医疗队携带了多功能生命探测仪、地震预警系统、便携式卫星通信设备和无人机等救援物资,已与缅甸消防和救援部门合作,在内比都灾区开展救灾工作。

中国应急管理部派出的82人救援队29日下午携救援装备物资抵缅协助救灾。

中国多地救援力量正紧急驰援缅甸。

广东省深圳市深圳公益救援队的23名队员29日下午携轻型救援设备、医疗急救设备、生命探测仪及一只搜救犬启程赴缅协助救灾。

距震中约300公里的云南省德宏傣族景颇族自治州紧急向缅甸调运总价值约110万元人民币的帐篷、药品、折叠床、棉被、方便面等救灾物资。

中国国家国际发展合作署新闻发言人李明表示,中方将向缅提供1亿元人民币紧急人道主义援助支持抗震救灾。

应缅方请求,中方将派遣两支救援队,并向灾区提供急需的帐篷、毯子、急救包、食品和饮用水等物资。

首批物资计划于31日运抵,中方将根据缅方需求进一步提供援助。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်