စီဆန်ရပ်ကွက်၌ ကဗျာဆန်သော နေထိုင်မှုကို စတင်

2025-03-28 17:47|ရောင်စုံတိမ်တံတား

သင်သည် ဝေးရပ်မြေတွင် ရှိနေသေးပါက ဤနေရာ၌ ကူမင်းအတွက် စိတ်တိမ်းညွတ်မှုကို ရှာပါ။ ကူမင်းသို့ စတော့ရောက်ရှိပါက ဤနေရာ၌ ကူမင်း၏ အလှများကို တွေ့ရှိနိုင်ပါသည်။ ကူမင်းရှိ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီ ဆိုပါက ဤနေရာမှ မမြင်ဖူးသေးသော အလှများကိုလည်း ရှာဖွေနိုင်ပါသည်။

ယူနန်သို့ ခရီးသွားပါ၊ ကူမင်းတွင် နေထိုင်ပါ၊ ကောင်းမွန်လှပမှုကို ရှာဖွေ၊ ချဉ်းကပ်ပြီး ကိုယ်တိုင် ကောင်းမွန်လှပမှု ဖြစ်လာပါ။

微信截图_20250318174650.png

စီဆန်ရပ်ကွက်သည် ကူမင်းအဓိကမြို့တွင်းရပ်ကွက်၏ အနောက်ပိုင်းဒေသ၊ တိန်ချီးရေကန်၏ အနောက်ကမ်းတွင် တည်ရှိပါသည်၊ ၎င်းသည် နူးညံ့ချိုသာသော ကျောက်စိမ်းတစ်တုံးကဲ့သို့ "ကုန်းပြင်မြင့် တောက်ပသောပုလဲ" ဟူသော တိန်ချီးရေကန်၏ ရင်ခွင်ထဲတွင် ခိုလှုံနေ၍ "မြို့တစ်ဝက်သည် တောင်တန်းများ၊ တစ်ဝက်သည် ရေကန်" ဟူသော ကဗျာဆန်သော ပုံစံဖြင့် ယူနန်မြေပေါ်တွင် ပြန့်နှံ့နေပါသည်။

微信截图_20250318174821.png

မနက်မိုးလင်းချိန်တွင် ကေဘယ်လ်ကားစီးခြင်းဖြင့် စီဆန်တောင်ရှိ လုံမေရှုခင်းသာနေရာသို့ တက်ရောက်ပါ။ လုံမေကျောက်လိုဏ်ဂူမှ တိန်ချီးရေကန်ကို ငုံ့ကြည့်ပြီး မြို့ကို လှမ်းမျှော်ကြည့်လျှင် အသက်ရှုတိုင်း သစ်ပင်မြက်ပင်များ၏ ရနံ့ကို ခံစားနိုင်၍ တိမ်ပေါ်မှ နတ်ပြည်တွင် ရှိနေသကဲ့သို့ ဖြစ်ပါသည်။

微信截图_20250318174929.png640.png

ဟိုင်ကင်ရေကာတာ၏ ဆွေဦးရာသီတွင် ချယ်ရီပန်းများနှင့် ခေါင်းနီစင်ရော်များ အတူတကွ ကခုန်နေကြသည်။ ရေကန်ဘေးလမ်းတစ်လျှောက် လမ်းလျှောက်ပြီး တိန်ချီးရေကန်၏ လှိုင်းများသည် ကမ်းစပ် ရိုက်ခတ်ခြင်းကို ကြည့်ရှုနိုင်ပြီး မက်တာစီကွိုင်ယာပင်တောရှိ ငှက်များ၏ တေးဆိုသံကို နားထောင်ပါ။ ညနေခင်း နေရောင်ခြည်သည် ကောင်းကင်ကို လိမ္မော်ရောင်ဖြစ်ရန် ဆိုးထားသဖြင့် တောက်ပသော ရေကန်မျက်နှာပြင်သည် ပြန့်ကျဲနေသော ရွှေသတ္တုပါးကဲ့သို့ လှပ၍ လူများကို မူးယစ်စွဲလမ်းစေပါသည်။

微信截图_20250320160219.png微信截图_20250318175022.png

ဟိုင်ဟုံစိုစွတ်မြေဥယျာဉ်တွင် ရေပေါ်သစ်တောသည် အလင်းရောင်နှင့် အရိပ်များထဲတွင် ယိမ်းနွဲ့လှုပ်ရှားနေကြသည်။ လမ်းများသည် ကျူပင်များအကြား ဖြတ်သန်း၍ ဗျိုင်းဖြူများသည် ကြည်လင်သောမှန် ကဲ့သို့သော ရေကန်မျက်နှာပြင်ပေါ်တွင် ပျံသန်းကြပြီး ခေါင်းနီစင်ရော်များနှင့်အတူ ပူနွေးသော ဆောင်းရာသီနေရောင်ချည်ကို ခံစားလိုက်ပါ။

微信截图_20250318175110.png

နေဝင်ချိန်တွင် Chamahuajie ရှုခင်းသာနေရာရှိ မီးများသည် တစ်လုံးပြီးတစ်လုံး လင်းလာကာ မြီးရှည်ဆိုင်မှ အပူငွေ့သည် ဈေး၏ နွေးထွေးမှုကို ပိတ်ဖုံးဆိုင်းဝေနေပါသည်။ လူအုပ်ကြီးထဲတွင် ကြွပ်ကြွပ်မွှေးကြိုင်သော ပေါင်မုန့်ကို ကိုက်စားလျှင် စီဆန်ရှိ မီးရှူးမီးပန်းများထဲမှ လူမှုရိုးရာယဉ်ကျေးမှုကို အပြည့်အဝ ခံစားနိုင်ပါသည်။

微信截图_20250318175303.png

ကူမင်းမြို့ စီဆန်ရပ်ကွက်သို့လာပြီး စီဆန်တောင်၏လေသည် အသက်၏ အရေးအကြောင်းများကို ပြေလျော့စေပြီး တိန်ချီးရေကန်၏ ရေသည် သင့်စိတ်ဝိညာဉ်မှ ဖုန်မှုန့်များကို သန့်စင်စေပါသည်။ ဤတွင် ရေကန်များနှင့် တောင်တန်းများ၏ ရှုခင်းများသည် ထာဝရကဗျာမျဉ်းဖြစ်ပြီး သင်သည် နွေဦးမြို့သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သူ သို့မဟုတ် ကာလရှည်နေထိုင်သူဖြစ်စေ စီဆန်ရပ်ကွက်သည် သင်၏ စံပြဘဝအတွက် ပြတင်းပေါက်တစ်ခု ဖွင့်ပေးနိုင်ပါသည်။

旅居云南,如果你还在远方,请在这里寻找你对昆明的向往;如果你刚到昆明,可以在这里发现昆明各地的美好;如果你已经成为昆明的一份子,也能从这里发现你未曾注意到的美好。

旅居云南,生活在昆明,寻找美好、贴近美好、成为美好本身。

微信截图_20250318174650.png

西山区位于昆明主城西部、滇池西岸,宛如一枚温润翡翠,依偎在高原明珠的臂弯里,以“半城山色半城湖”的诗意格局,在云岭大地舒展成诗。

微信截图_20250318174821.png

晨光初现,乘索道登临西山龙门。龙门石窟俯瞰滇池烟波,千仞峭壁间镌刻着时光的壮阔,远眺城市天际线,呼吸间尽是草木芬芳,仿佛置身云端仙境。

微信截图_20250318174929.png640.png

海埂大坝的春日,樱花与红嘴鸥共舞。漫步滨湖步道,看滇池浪花轻拍堤岸,听水杉林间鸟鸣啾啾。傍晚时分,夕阳将天空染成橙红色,波光粼粼的湖面宛如撒落的金箔,美得令人心醉。

微信截图_20250320160219.png微信截图_20250318175022.png

海洪湿地公园,水上森林在光影中摇曳生姿。栈道蜿蜒穿梭芦苇荡,白鹭掠过明镜般的湖面,与红嘴鸥共享冬日暖阳。

微信截图_20250318175110.png

暮色四合时,茶马花街的灯火次第绽放,米线摊的热气氤氲着市井温情。人群熙攘中,咬一口破酥包的酥香,便尝尽了西山烟火里的人文至味。

微信截图_20250318175303.png

来昆明西山区,让西山的风抚平生活的褶皱,让滇池的水荡涤心灵的尘埃。在这里,湖光山色是永恒的诗行,市井烟火是温暖的注脚,无论你是初遇春城的旅人,还是久居于此的归人,西山区都能为你打开一扇通往理想生活的窗。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်