ကူမင်းကို ချစ်မိပြီး ကူမင်းမှာ နေထိုင်ခြင်း
2025-03-14 15:47|
"ကူမင်းကို အရမ်းချစ်တယ်၊ ဒီကိုရောက်တိုင်း အရမ်းပျော်တယ်၊ အနာဂတ် အခွင့်ရှိရင် ဆွေ့ဟူရေကန်ဥယျာဉ်ဘေးမှာ နေချင်တယ်" ဟု သရုပ်ဖော်ပန်းချီဆရာ Tian Tianzai သည် လွန်ခဲ့သည့်ရက်အနည်းငယ်က Weibo တွင် ပို့စ်တင်ခဲ့သည်။ ကူမင်းကို အဘယ်ကြောင့် ချစ်သနည်းဟု မေးလျှင် Tian Tianzai သည် "အပင်များတယ်၊ နေရောင်ခြည် ကောင်းကောင်းရနိုင်တယ်၊ အပူချိန် သင့်တော်တယ်၊ ကော်ဖီဆိုင်လဲ အများပြီးရှိတယ်၊ အဲဒါက အရမ်းပြီးပြည့်စုံတယ်။" ဟု ဖြေဆိုခဲ့သည်။
Tian Tianzai နှင့်တူညီပြီး ကူမင်းကို ကြိုက်နှစ်သက်သောသူ အများကြီး ရှိသေးသည်။ သူတို့သည် ကူမင်းသို့ အကြိမ်ပေါင်းများစွာ ရောက်ဖူးခဲ့ကြ၍ ကူမင်းကို ချစ်မိပြီး ကူမင်းမှာ နေထိုင်၍ "တောတောင်ရေမြေမှ စပြီး မီးရှူးမီးပန်းများထဲသို့ ပြန်သွားခြင်း" ဟူသော ကောင်းမွန်လှပမှုကို ခံစားခဲ့ကြသည်။
တောတောင်ရေမြေမှစခြင်း
ကူမင်းလောင်ယူမြစ်စိုစွတ်မြေဥယျာဉ်ရှိ သသောင်ပြင်ပေါ်မှ နေဝင်ချိန်၏ ရွှေရောင်တောက်ပမှု၊ ယွန်ယန်ခရိုင်ရှိ အပြောရောင်လှေကားထစ်ထဲမှ အိမ်ပြန်လမ်း စသည့် ယူနန်ပြည်နယ်ရှိ ဤလှပသော ရှုခင်းစလုံးသည် Tian Tianzai ၏ မှန်ဘီလူးထဲမှ ရှုခင်း ဖြစ်ပြီး သူမအတွက် တီထွင်ကြံဆရေးဆွဲဉာဏ်လည်း ဖြစ်သည်။
ချိန်တူးမြို့သား Zhou Ting သည်လည်း ကူမင်းကို ကြိုက်နှစ်သက်သည်။ "ကူမင်းရဲ့ ရာသီဥတု သိပ်ကောင်းတာပဲ၊ တစ်မြို့လုံးလဲ သိပ်သာယာတာပဲ။ အချိန်ရတိုင်း ကူမင်းမှာ လှပတဲ့ ပန်းတွေနဲ့ အပင်တွေနဲ့အတူ နေပူစာလှုံ လေ့ရှိတယ်။" ဟု ပြောခဲ့သည်။
တရုတ်မိုးလေဝသဝဘ်ဆိုဒ်၏ အချက်အလက်များအရ လုံလောက်သော နေရောင်ခြည်နှင့် ပိုမိုမြင့်မားသော အပူချိန်တို့ကြောင့် နွေဦးရာသီ စောစော ရောက်လာလျက်ရှိပြီး ပင်လယ်ရေမျက်နှာပြင်ထက် ပိုမြင့်ခြင်းနှင့် အပူချိန် ပိုနှေးစွာ မြင့်တတ်ခြင်းတို့ကြောင့် နွေဦးရာသီ ပိုနှောင်းစွာ ပြီးဆုံးသွားလျက်ရှိသောကြောင့် ကူမင်းသည် ၁၄၆ ရက်ကြာသည့် နွေဦးရာသီဖြင့် တရုတ်နိုင်ငံတစ်ဝှမ်းလုံး နွေဦးရာသီ အကြာဆုံးသော မြို့တစ်မြို့ ဖြစ်လာပါသည်။ ကမ္ဘာ့ ရှားပါးသော "နွေဦးမြို့" ရာသီဥတုအပြင် ကူမင်း၌ တိန်ချီးရေကန်၊ ရှီးစန်းတောင်၊ စီလင်ရှုခင်းသာနေရာ၊ ကျုပ်ရှမ်းရှုခင်းသာနေရာ၊ တုံးချွမ်းမြေယာနီ၊ ကျောက်ဇီဆီးနှင်းတောင် စသည့် တောတောင်ရေမြေရှုခင်းများနှင့် National Southwestern Associated University၊ ယူနန်ကြည်းတပ်စစ်တပ်အကယ်ဒမီသမိုင်းပြတိုက်၊ ဆွေ့ဟူရေကန်ဥယျာဉ်ဘေးမှ "လမ်းငယ် ၉ လိုင်းနှင့် ကုန်းစောင်း ၁၃ ခု" စသည့် ကူမင်း၏ သမိုင်းယဉ်ကျေးမှု ဖော်ပြနိုင်သည့် နေရာများ၊ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဓလေ့ထုံးစံများ ခံစားနိုင်သည့် ယူနန်မင်ဇူကျေးရွာ၊ "နွေဦးမြို့နေရာအနှံ့ ပန်းရှိခြင်း" ကို ခံစားနိုင်သည့် တုပ်နန်ပန်းစျေး၊ မီးရှူးမီးပန်းများကို ခံစားနိုင်သည့် ကူမင်းရှေးဟောင်းလမ်း၊ နန်ချမ်လမ်း စသည်တို့ကိုလည်း ရှိသည်။
မီးရှူးမီးပန်းထဲပြန်သွားခြင်း
"အစပိုင်းမှာ လူအများအပြားဟာ ယူနန်ရဲ့ တိမ်တိုက်အရိပ်တွေနဲ့ ကောင်းကင်အလင်းရောင်တွေကြောင့် ဆွဲဆောင်ခံခဲ့ရပြီး စိတ်နှလုံးသားကို ပျောက်ကင်းအောင် ကုသပေးခဲ့ကြတယ်။ နောက်ပိုင်းမှာတော့ သူတို့ဟာ အတော်လေးဖြည်းညှင်းတဲ့ အရှိန်အဟုန်နဲ့ မီးရှူးမီးပန်းများထဲက နေ့စဉ်ဘဝနေထိုင်မှုတို့ ကနေ ခွဲထွက်လို့မရတော့ပါဘူး။" ဟု Qi Shiyi က သူမ၏ ဆောင်းပါးထဲတွင် ရေးသားဖော်ပြသည်။ ပြည်တွင်း ခရီးသွားဘလော့ဂါများ နှင့်ပတ်သက်သည့် စစ်တမ်းများတွင် ကူမင်းသည် ခရီးသွားနေရာများထဲတွင် ပထမအဆင့် ခဏခဏ ရပ်တည်သည် ဖြစ်ကြောင်း သူမက တွေ့ရှိခဲ့သည်။
၂၀၂၄ ခုနှစ်ဦးပိုင်းတွင် Qi Shiyi သည် ချိန်တူးမှ ကူမင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ပန်းခြံသဲ့သို့သော လူနေရပ်ကွက်တစ်ခု၌ နေထိုင်၍ ဝါးများ၊ ငှက်ပျောပင်များ၊ စံကားဖြူများနှင့် အမည်မသိသော အပင်များစွာ ဝန်းရံခံထားသည်။ ကူမင်း၌ သူမအကြိုက်ဆုံးသည်မှာ ဖန်လုံမြစ်တစ်လျှောက် လမ်းလျှောက်ခြင်း ဖြစ်၍ "ရေက အရမ်းကြည်လင်ပြီး ဗျိုင်းဖြူတွေက မြူးထူးစွာကစားနေကြပြီး ၁၂ ကီလိုမီတာ အသွားအပြန် လမ်းလျှောက်တာတောင် ပင်ပန်းမှု မခံစားရဘူး။" ကူမင်း၌ နေထိုင်သည့် တစ်နှစ်တာအတွင်း တခြားမြို့မှ ကူမင်းမြို့သို့ ပြောင်းရွှေ့လာသည့် လူအများကြီးကို တွေ့ဆုံခဲ့သည် ဖြစ်ကြောင်း Qi Shiyi က ပြောခဲ့သည်။
အန်တီ Gang Ye သည် ကူမင်းမြို့၌ နေထိုင်သည့် မြို့သားသစ်လည်း ဖြစ်သည်။ အငြိမ်းစားယူပြီးနောက် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသမှ ကူမင်းမြို့သို့ သားသမီး ကြည့်ရှုလာခဲ့ကာ ချိန်ကုမ်ရပ်ကွက်သို့ ရောက်သည်နှင့် တစ်နှစ်ပတ်လုံး ပန်းပွင့်သော လှပရှုခင်းများဖြင့် စိတ်လှုပ်ရှားစေသောကြောင့် ကူမင်း၌ ကဗျာနှင့် ပန်းချီကဲ့သို့သော နေထိုင်မှုဘဝသစ်ကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။ အန်တီ Gang Ye သည် ဤနေရာ၌ နေထိုင်ရုံသာမက သူမ၏ ကျွမ်းကျင်မှုဖြင့် Dream Chasing Youth Art Troupe ကိုလည်း ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အဖွဲ့ဝင် ၃၀ ကျော် အများစုသည် ချိန်ကုမ်ရပ်ကွက်၌ နေထိုင်သည့် ပြင်ပလူများ ဖြစ်သည်။
မနှစ်ကတည်းက ကူမင်းမြို့သည် ရွှေရောင်ခရီးသွားလမ်းကြောင်း ၆ ခုကို ဖန်တီးခဲ့ကာ တိန်ချီးရေကန်ဘေးရှိ ဟိုင်ယန့်ရွာ၌ နေထိုင်ပြီး နေဝင်ဆည်းဆာကြည့်ရှုခြင်း၊ ဆွေ့ဟူရေကန်ဥယျာဉ်ဘေး၌ ပြတိုက်လည်ပတ်ခြင်းနှင့် ကော်ဖီသောက်ခြင်း၊ တုပ်နန်ပန်းစျေးသို့ ပန်းဝယ်ခြင်း၊ တာ့ကွမ်းဇွန့်ရှင်းလယ်ယာထွက်ကုန်ပစ္စည်းစျေးသို့ မြင်ကွင်းချဲ့ထွင်ခြင်း၊ စီလင်ရှုခင်းသာနေရာနှင့် တုံးချွမ်းမြေယာနီတို့သို့ ရှုခင်းကြည့်ရှုခြင်း၊ ယန်ဇုံဟိုင်ရပ်ကွက်သို့ အပန်းဖြေခြင်းနှင့် ရေပူစမ်းစိမ်ခြင်း စသည်တို့၊ ပိုမိုများပြားသော လူများသည် ကူမင်းမြို့သို့ လာရောက်နေထိုင်၍ ပြန်လည်စတင်ရန် သတ္တိနှင့် ခွန်အားများ စုဆောင်းကြသည်။
ကူမင်း၏ အလှကြောင့် လူများသည် နေရာအသီးသီးမှ ကူမင်းသို့ လာရောက်ခဲ့ကြ၍ ကူမင်း၏ လူရေးလူရာများနှင့် မီးရှူးမီးပန်းများကြောင့် တစ်ချို့သည် ကူမင်း၌ ရွေးချယ်နေထိုင်ခဲ့ကြသည်။ ခရီးသွားမှုမှ နေထိုင်မှုသို့ ရွှေ့ပြောင်းလာသည်၊ ရှည်လျားသော နွေဦးရာသီရှိပြီး နေသာထိုင်သာရှိသည့် ကူမင်းသည် လူများစွာအတွက် ဒုတိယမွေးရပ်မြေ ဖြစ်လာနေသည်။
插画师“田田仔”前几天发微博说自己“超爱昆明,每次来都好开心,以后有机会想住在翠湖公园旁边”。要问为什么爱昆明,“田田仔”说:“植物多,阳光充足,气温适宜,还有很多咖啡店,好完美。”
和“田田仔”一样喜欢昆明的人还有不少。他们来过昆明很多次,爱上昆明、留在昆明,感受“始于山水、归于烟火”的美好。
始于山水
昆明捞渔河湿地公园沙滩落日的浮光跃金、元阳蓝色梯田里的放学路……云南这些美丽风景,都是“田田仔”镜头里的风光,亦是她的创作灵感。
成都市民周婷也喜欢昆明。“昆明气候太好了,整座城市也很美丽。只要有时间,我就会来昆明晒太阳,和漂亮的花花草草一起进行光合作用。”她说。
中国天气网数据显示,日照充足、气温较高,春天来得早;海拔较高、升温较慢,春天结束得晚,昆明因此拥有了146天的漫长春季,成为全国春天最长的城市。除了全球少有的“春城”气候,昆明还有让人纵情于山水、忘情于自然的“高原明珠”滇池、“睡美人”西山、“天下第一奇观”石林、“溶洞博物馆”九乡、“上帝打翻的调色板”东川红土地、北半球纬度最低的雪山轿子山,有引人穿行大街小巷,挖掘昆明历史、文化的“一文一武”西南联大、云南陆军讲武堂历史博物馆,翠湖“九巷十三坡”,还有能体验民族风情的云南民族村,能感受“春城无处不飞花”的斗南花市,能品味“人间烟火味,最抚凡人心”的昆明老街、南强街巷……
归于烟火
“最初,很多人是被云南的云影天光‘攫住’,获得了疗愈……后来,让人离不开的还有这里相对舒缓的节奏、烟火日常。”在文章《第一批逃去大理的人,已经去昆明了》里,祁十一说。她发现,在国内旅居博主的调查中,昆明时常排名旅居目的地榜首。
2024年年初,祁十一从成都搬到昆明,住在一个花园般的小区,被竹子、芭蕉、玉兰以及很多不知名字的植物包围。在昆明,她最喜欢沿盘龙江散步,“水很清,还有白鹭在嬉戏,往返走12公里也不觉得累。”祁十一说,旅居昆明这一年,她遇到很多从别的城市搬到昆明的人。
刚野阿姨也是旅居昆明的新昆明人。退休后,她从东北到昆明看望孩子,一到呈贡便被美景打动,“四季都有鲜花盛开,每天早上推开窗,花香扑鼻,那景色真是美极了”,于是她决定在昆明开启如诗如画的新生活。刚野阿姨不仅留下来,还发挥特长组建了逐梦芳华艺术团,艺术团30多名成员大多是旅居呈贡的外地人。
去年以来,昆明市打造6条黄金旅游线路,住进滇池边的海晏村看日落,在翠湖边逛博物馆、喝咖啡,去斗南花市买花,去大观篆新农贸市场开眼界,去石林、红土地看风景,去阳宗海度假泡汤……越来越多人旅居昆明,积蓄再出发的勇气和力气。
因为昆明的美丽,大家从天南海北“去昆明”;因为昆明的人情味、烟火气,有些人选择“在昆明”。从旅到居,拥有漫长春天的“好在”昆明,正成为许多人的“第二故乡”。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ကျောက်ဇီတောင်တွင် ဇလပ်နီပန်း ယဉ်ကျေးမှု ခရီးသွားပွဲတော်ကို ကျင်းပမည်
- ၉ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လ ၁၉ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကူမင်းမြို့၌ ကျင်းပမည်
- အမှည့်စောသော ဘေဘာရီသီးများသည် ဈေးကွက်တွင် စတင်ရောင်းချခဲ့
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မေဒေး အားလပ်ရက်အတွင်း ရွှေလီဆိပ်ကမ်းတွင် ပြည်ဝင်ပြည်ထွက် သွားလာမှု ပမာဏသည် အကြိမ်ရေ ၇.၅၉ သောင်းအထိ ရောက်ရှိခဲ့
- မဟာမဲခေါင်ဒေသခွဲရှိ တရုတ်-လာအို-ကမ္ဘောဒီးယား နယ်စပ်ဖြတ်ကျော် တိုက်ရိုက် သယ်ယူပို့ဆောင်ရေး စတင်
- ယူနန်ပြည်နယ်မှ Tachysurus fulvidraco များကို ထိုင်းနိုင်ငံသို့ ပထမဦးဆုံး တင်ပို့ခဲ့
- တရုတ်နိုင်ငံ ယူနန်ပြည်နယ်- ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အထူးထုတ်ကုန်မိတ်ဆက်ပွဲကို ကျင်းပခဲ့