ယူနန်ပြည်နယ် ကျင်ဟုန်မြို့ရှိ ရှင်းကွမ်းညဈေးတွင် ထွန်းလင်းတောက်ပပြီး ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး အမှတ်တံဆိပ် ဖြစ်လာ
2025-02-28 14:59|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ညအချိန်တွင် ကျင်ဟုန်မြို့ရှိ ကောက်ကျွမ်းရှီးစွမ်းကျင်၊ ရှင်းကွမ်းညဈေး၌ ဓာတ်မီးများ ထွန်းလင်းတောက်ပပြီး လူအုပ်ကြီးများ စည်ကားလျက်ရှိသည်။ ဤဒေသတွင် တောက်ပရွှန်းတင့်သော ညရှုခင်းများ၊ ထွေပြားစုံလင်သော ထူးခြားချက်ရှိ ကုန်ပစ္စည်းများ၊ အရသာရှိသော အစားအစာများ၊ ပြည့်စုံကြွယ်ဝသော လုပ်ငန်းပုံစံများနှင့် လူများကို နစ်မွန်းစေနိုင်သည့် အတွေ့အကြုံများ ရှိသောကြောင့် ပြည်နယ်တွင်းပြည်နယ်ပ ခရီးသည်များကို လာရောက်လည်ပတ်ရန် ဆွဲဆောင်သည့် နေရာကောင်းတစ်ခု ဖြစ်လာစေသည်။
ကောက်ကျွမ်းရှီးစွမ်းကျင်၊ ရှင်းကွမ်းညဈေးသည် ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲမှ ဘက်ပေါင်းစုံ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် ဖန်တီးတည်ဆောက်ထားသော အမှတ်တံဆိပ် အကျိုးသက်ရောက်မှု ရှိသည့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ထုတ်ကုန် ဖြစ်၍ အထွေထွေ ခရီးသွားလုပ်ငန်းပုံစံများကို စီမံခြင်းနှင့် အရည်အသွေးမြင့် ညတွင်း ကုန်သွယ်ရေးထုတ်ကုန်များကို ထုပ်လုပ်ခြင်းတို့ဖြင့် ခရီးသွားဈေးဝယ်ခြင်း၊ ဒေသခံ ဓလေ့ထုံးစံလှုပ်ရှားမှုများ တွေ့ကြုံခံစားခြင်းနှင့် ထူးခြားချက်ရှိ အစားအစာများ စသည့် အထွေထွေ ဝန်ဆောင်မှုအစွမ်းသတ္တိများကို ပေါင်းစပ်ပြီး အနားယူဖျော်ဖြေရေး၊ ယဉ်ကျေးမှု တွေ့ကြုံခံစားမှုနှင့် အစားအသောက် ဝန်ဆောင်မှု စသည့် လုပ်ငန်းမျိုးစုံ ပါဝင်ထားသည့် ခရီးသွား အပန်းဖြေ ရပ်ကွက်များကို ကြိုးစားတည်ဆောက်ကာ ညတွင်းစီးပွားရေးအတွက် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး စွမ်းအင်သစ်ကို တိုးဖြည့်ပေးပြီး မြို့ပြ၏ စားသုံးမှုကို မြှင့်တင်ရန် စွမ်းအားသစ်တစ်ခု ဖြစ်လာနေပြီ။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့
- တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် နိုင်ငံတကာ ခရီးသည် အကြိမ်ရေ ၆ သိန်းကျော်ကို ပို့ဆောင်ခဲ့




















