ယူနန်ပြည်နယ် လင်းချန်မြို့ ယုံတယ်ခရိုင်တွင် "လက်ပံပန်းစားပွဲ" ရှိ
2025-02-27 09:33|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နှစ်စဉ်နှစ်တိုင်း "နွေဦးရာသီ" စားသောက်ရန် အချိန်ရောက်ရှိနေပြီ ဖြစ်သည်။ လင်းချန်မြို့ ယုံတယ်ခရိုင်တွင် နီရဲရဲဖြစ်သည့် လက်ပံပန်းများဖြင့် ချက်ပြုတ်သည့် ရာသီစာများသည် ယုံတယ်ဒေသခံများ၏ စားပွဲပေါ်တွင် မပါမဖြစ်သော နွေဦးအရသာ ဖြစ်သည်။
လက်ပံပန်းသည် ခါးသက်သော အရသာရှိသောကြောင့် အစားအစာချက်ပြုတ်ရန် မသင့်တော်သော်လည်း ယုံတယ်ဒေသခံများသည် အနီးတစ်ဝိုက်ရှိ လက်ပံပန်းများကို အကိုက်ညီဆုံးသော နည်းလမ်းများဖြင့် ချက်ပြုတ်နိုင်ကြသည်။
ဝက်သားခြောက်နှင့် လက်ပံပန်းကြော်၊ လက်ပံပန်းကြွပ်ဆတ်၊ လက်ပံပန်းသုပ်၊ ဒေသထူးခြားသော လက်ပံပန်းထောင်းနှင့် လက်ပံပန်းကြက်ဥကြော် စသည့် အနံ့မွှေးပြီး အရသာကောင်းသော လက်ပံပန်းဟင်းများသည် ယုံတယ်ဒေသခံများ၏ ဉာဏ်ရည်နှင့် ဖန်တီးနိုင်စွမ်းကို ပြသရုံသာမက စားသုံးသူတိုင်းအား နွေဦးရာသီ၏ အနံ့အသက်နှင့် ယုံတယ်ဒေသ၏ ရိုးရာဓလေ့များကို ခံစားစေနိုင်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း





