၂၀၂၅ ခုနှစ် ထိုင်းအစားအစာပွဲတော်ကို ကူမင်းမြို့တွင် ကျင်းပ
2025-02-26 15:04|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုလောက ၂၀၂၅ ခုနှစ် ထိုင်းအစားအစာပွဲတော်ကို ကူမင်းမြို့တွင် စတင်ကျင်းပခဲ့သည်။ ဤအစားအစာပွဲတော်တွင် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သက်သေပြုထားသည့် "စားသောက်ဆိုင်ကောင်း" ၁၁ ဆိုင်ကို ပါဝင်ထားပြီး ၁၅ ရက် ကြာသော ရသာရုံ ပွဲကြီးပွဲကောင်းကို ထောက်ပံ့ပေးမည် ဖြစ်သည်။
ဤပွဲတော်သည် ကူမင်းမြို့ အခြေစိုက် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၊ ကူမင်းမြို့ အခြေစိုက် ထိုင်းနိုင်ငံ အစိုးရအဖွဲ့အစည်းများမှ ပူးပေါင်းကျင်းပသည် ဖြစ်ပြီး အစားအစာပြသခြင်း၊ ယဉ်ကျေးမှု တွေ့ကြုံခံစားခြင်း၊ အွန်လိုင်းနှင့် အော့ဖ်လိုင်း ပူးပေါင်းမိတ်ဆက်ခြင်းတို့ဖြင့် တရုတ်စားသုံးသူများအတွက် စစ်မှန်သော ထိုင်းအစားအစာနှင့် ယဉ်ကျေးမှုပြပွဲ တစ်ခုကို ပြသပေးထားသည်။
ဖွင့်ပွဲအခမ်းအနား ကျင်းပနေ့တွင် "စားသောက်ဆိုင်ကောင်း" အဖြစ် သက်သေပြုခံခဲ့ရသော ထိုင်းစားသောက်ဆိုင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များသည် တက်ရောက်ပါဝင်ခဲ့ကြပြီး ထိုင်းနိုင်ငံ ယဉ်ကျေးမှုနှင့် အနုပညာ ပြပွဲ၊ ချက်ပြုတ်နည်းပြသမှုနှင့် အစားအစာ အခမဲ့ မြည်းစမ်းခြင်း စသည့် အပြန်အလှန်လှုပ်ရှားမှုများဖြင့် မြို့သူမြို့သားများနှင့် ခရီးသည်များအား ထိုင်းအစားအစာယဉ်ကျေးမှု၏ ညှို့နိုင်စွမ်းများကို နက်ရှိုင်းစွာ ခံစားစေသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့


