ကျောက်ဇီတောင်ပေါ်တွင် ဆီးနှင်းကျပြီးမှ ဆောင်းရာသီအလှတရားကို သွားရောက်ကြည့်ရှုပါ
2025-02-19 17:14|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဖေဖော်ဝါရီလ ၁၆ ရက်နေ့၌ ကူမင်းမြို့ရှိ ကျောက်ဇီတောင်ပေါ်တွင် ဆီးနှင်းများ ထူထပ်စွာ ကျဆင်းလာခဲ့သည် ဖြစ်၍ တောင်သည် အဖြူရောင် အဝတ်အစားများ ဝတ်ထားသကဲ့သို့ ဖြစ်ကာ ကလေးပုံပြင်လောကနှင့် တူသည်။ ၁၇ ရက်နေ့၌ ဆီးနှင်းများ ရပ်စဲပြီး နေသာချိန်တွင် ဆီးနှင်းတောင်အပေါ် နေရောင်ခြည်နှင့် ပြည့်နှက်နေ၍ ကြည်လင်ဝင်းပသော နှင်းကပ်ပျော့နှင့် ဖြူဖွေးသောဆီးနှင်းမြေပြင်တို့သည့် အပြာရောင်ကောင်းကင်နှင့် အပြန်အလှန် ရောင်ပြန်ဟပ်ကာ အလွန်သာယာလှပသော ဆောင်းရာသီ ပန်းချီကားတစ်ချပ်အဖြစ် တည်ရှိနေသည်။
၎င်းအချိန်တွင် သဘာဝလောကကြီးသည် ကျောက်ဇီတောင်အတွက် ဘဝအသစ်ကို ပေးစွမ်းနေပုံရသည်။ ဆီးနှင်းမြေပြင်အပေါ် လမ်းလျှောက်ရင်း ခြေထောက်အောက်မှ နူးညံ့မှုကို ခံစားခြင်းဖြစ်ဖြစ်၊ ကေဘယ်ကားကို စီးပြီး ထည်ဝါတင့်တယ်သော ဆီးနှင်းတောင် ရှုခင်းအကုန်လုံးကို ငို့ကြည့်ခြင်းဖြစ်ဖြစ်၊ သို့မဟုတ် ရေခဲပန်းပုပြခန်းတွင် စိတ်ကူးယဉ်ဆန်သော ရေခဲနှင့်ဆီးနှင်းဆိုင်ရာ အနုပညာများကို ကြည့်ရှုလည်ပတ်ခြင်းဖြစ်ဖြစ် လူတိုင်းကို ဤသန့်စင်သော ရေခဲဆီးနှင်းလောကထဲသို့ နှစ်မြုပ်စေနိုင်သည်။
ယခု ကျောက်ဇီတောင်ပေါ်တွင် ရေခဲဆီးနှင်းဆိုင်ရာ ကစားပျော်ရွှင်ပွဲကို အပူတပြင်း ကျင်းပနေသည် ဖြစ်၍ ခရီးသည်များသည် ဆီးနှင်းမြေပြင်၌ မော်တော်ကားစီးခြင်း၊ ဆီးနှင်းအပေါ် ယူအက်ဖ်အို ကစားခြင်းနှင့် ရေခဲပန်းပုများ ရှုစားခြင်းစသည့် စိတ်ဝင်စားဖွယ်ရာ ကောင်းသောလှုပ်ရှားမှုများကို စိန်ခေါ်နိုင်သည့်အပြင် ညအခါတွင် ကြယ်များဖြင့် တန်ဆာဆင်ထားသော ကောင်းကင်ယံနှင့် ဆီးနှင်းတောင်တို့သည် အချင်းချင်း ရောင်ပြန်ထပ်သည့် ရိုမန်တစ်ဆန်သော ခံစားမှုကိုလည်း ရရှိနိုင်ကြသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့




