တိန်ချီးရေကန်ကမ်းနား အစိမ်းရောင်လမ်းသည် မြို့သူမြို့သားများအတွက် အပန်းဖြေနှင့် လည်ပတ်ကြည့်ရှုသည့် ရှုခင်းသာနေရာတစ်ခု ဖြစ်လာ
2025-02-17 16:24|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွေဦးပွဲတော် အားလပ်ရက်အတွင်း တိန်ချီးရေကန်ကမ်းနား အစိမ်းရောင်လမ်း၏ ဝိုက်ဟိုင်လမ်းအပိုင်း၏ ပထမအဆင့် လုပ်ငန်းစဉ်သည် အများပြည်သူအတွက် စတင်ဖွင့်လှစ်ခဲ့သည်။
ဤအစိမ်းရောင်လမ်း တစ်ထောက်သည် ရှင်းပေါင်ရှန့်မြစ်၌ စတင်ပြီး အလှဆုံးသော မော်တော်ကားလမ်း (ဖမ်ချီတောင်) တွင် ပြီးဆုံး၍ စုစုပေါင်း ၇၁.၉ ကီလိုမီတာ ရှည်သည်။ ၄င်းတွင် "တောင်၊ ရေ၊ သစ်တော၊ လယ်မြေ၊ ရေကန်၊ မြက်၊ ရွာ" ဟူသော ခေါင်းစဉ်ဖြင့် ထူးခြားချက်ရှိသော တံတား ၇ စင်းကို ဒေသအခြေအနေအလိုက် တည်ဆောက်ပြီး ရှုခင်းကြည့်ရှုသည့် ပလက်ဖောင်း အများအပြားကို တည်ဆောက်ကာ တိန်ချီးရေကန်ကမ်းနား တစ်လျှောက်ရှိ ပေါင်ဖုန်း၊ ဝမ်ကွမ်း စသည့် အဓိက စိုစွတ်မြေဥယျာဉ် ၈ ခု၊ ဝေါ့လုံရှေးဟောင်းတံငါရွာ၊ ဟိုင်ယန့်ရွာ ဟူသော သမိုင်းဝင်ယဉ်ကျေးမှု နာမည်ကျော်သော ကျေးရွာ ၂ ခု နှင့် ရှောင်ယူရွာ၊ ညူလျန့်ရွာ စသည့် သာယာလှပသော ကျေးရွာ အခု ၂၀ ကျော်တို့ကို ချိတ်ဆက်ထားပြီး ခရီးသည်များကို တိန်ချီးရေကန်ကမ်းနား တစ်လျှောက်ရှိ သာယာလှပသော သဘာဝရှုခင်းများကို ခံစားစေနိုင်သည်။
တိန်ချီးရေကန်ကမ်းနား အစိမ်းရောင်လမ်း၏ ဝိုက်ဟိုင်လမ်းအပိုင်းတွင် ယဉ်ကျေးမှုပြသခြင်းနှင့် အပြန်အလှန် ဖလှယ်ခြင်းဆိုင်ရာ တွေ့ကြုံခံစားမှုဒေသ အများအပြားကို စီစဉ်ထား၍ မြို့သူမြို့သားများသည် အစိမ်းရောင်လမ်းပေါ်တွင် ကူးမင်းမြို့၏ ဂေဟပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ အလှများကို ခံစားနိုင်ကြသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ


