နွေဦးပွဲတော် အားလပ်ရက်အတွင်း ယူနန်ပြည်နယ်၏ ခရီးသည် သယ်ယူပို့ဆောင်ရေး ပမာဏသည် သိသိသာသာ တိုးမြင့်လာခဲ့

2025-02-13 16:45|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်၂၀၂၅ ခုနှစ် နွေဦးပွဲတော် အားလပ်ရက် (ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ) အတွင်း ယူနန်ပြည်နယ်ရှိ ရထားလမ်း၊ မော်တော်ကားလမ်းနှင့် အရပ်ဘက်လေကြောင်းတို့၏ ခရီးသည် သယ်ယူပို့ဆောင်ရေး ပမာဏသည် ယမန်နှစ် အချိန်တူကာလနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ တိုးမြင့်လာခဲ့သည်။ တစ်ပြည်နယ်လုံးသည် သယ်ယူပို့ဆောင်ရေး စွမ်းရည်ကို အပြည့်အဝ ပြင်ဆင်ထားပြီး ယေဘုယျအားဖြင့် တည်ငြိမ်စွာ လည်ပတ်စေခဲ့၍ နွေဦးပွဲတော် အားလပ်ရက်အတွင်း ပြည်သူများ၏ သွားလာမှုအတွက် အားမခံချက် ကြိုးစားပေးခဲ့သည်။

နွေဦးပွဲတော် အားလပ်ရက်အတွင်း China Railway Kunming Group Co.,Ltd. သည် ခရီးသည် အယောက်ပေါင်း ၂၈၂ သောင်းကို ပို့ဆောင်ခဲ့ပြီး တစ်ရက်အတွင်း ပို့ဆောင်ခဲ့သည့် အများဆုံးသော ခရီးသည်မှာ အယောက်ပေါင်း ၅၀.၃ သောင်းအထိ ရောက်ရှိပြီး တစ်ရက်အတွင်း ခုတ်မောင်းခဲ့သည့် အများဆုံးသော ရထားမှာ ၄၉၉ စင်းအထိ ရောက်ရှိပြီး နွေဦးပွဲတော် သယ်ယူပို့ဆောင်ရေးသည် ယခင်နှစ်များတွင် စံချိန်သစ်တင်ခဲ့သည်။ တရုတ်-လာအို ရထားလမ်းသည် ခရီးသည် စီးဆင်းမှု အထွတ်အထိပ်ကို ကြိုဆိုလာခဲ့၍ တရုတ်နိုင်ငံအတွင်း ရထားလမ်းအပိုင်းတွင် နေ့စဉ်ပျမ်းမျှ ပို့ဆောင်ခဲ့သည့် ခရီးသည် အယောက်ပေါင်း ၆.၃ သောင်း ရှိပြီး တစ်ရက်အတွင်း ပို့ဆောင်ခဲ့သည့် အများဆုံးသော ခရီးသည်သည် အယောက်ပေါင်း ၈.၇ သောင်းအထိ ရောက်ရှိသည်။ ယူနန်ပြည်နယ်ရှိ ရထားလမ်းတွင် ခရီးသည် စီးဆင်းမှုသည် အဓိကအားဖြင့် ဆွေမျိုးနှင့် မိတ်သင်္ဂဟများအား သွားရောက်ကြည့်ရှုတွေ့ဆုံခြင်း၊ အလုပ်လုပ်ခြင်းနှင့် အိမ်ပြန်ခြင်း၊ ခရီးသွားခြင်းနှင့် လည်ပတ်ကြည့်ရှုခြင်းတို့ အတွက်သာ ဖြစ်သည်။ ပြည်နယ်များအကြားရှိ ခရီးသည် စီးဆင်းမှုသည် အဓိကအားဖြင့် ချိန်တူးနှင့် ချုံချင့်ဒေသ၊ ကွမ်တုန်းနှင့် ဆန်းကျန့်ဒေသ စသည့် နေရာများတွင် စုစည်းကာ ယူနန်ပြည်နယ်အတွင်းရှိ ခရီးသည် စီးဆင်းမှုသည် တာ့လီ၊ လိကျန်း၊ ဆစ်ဆောင်ပန်းနား၊ ပေါင်စန်း၊ ရှန်ဂရီလာ စသည့် ခရီးသွားရန် ရေပန်းစားသော ဒေသများနှင့် ကူမင်း၊ ချူကျင့်၊ လျူရှုံ၊ ဟုံဟယ်နှင့် လျင်ချန်း စသည့် လူနေထူထပ်သည့် ဒေသများတွင် စုစည်းသည်။

ဤအားလပ်ရက်အတွင်း မော်တော်ကားလမ်းဖြင့် ခရီးသွားလာမှု လိုအပ်ချက်မှာ များပြားလှသည်။ တစ်ပြည်နယ်လုံးတွင် မော်တော်ကားလမ်းဖြင့် ခရီးသည် အယောက်ပေါင်း ၉၀၆.၂၄ သောင်းကို သယ်ယူပို့ဆောင်ခဲ့၍ ၂၀၂၄ ခုနှစ် အချိန်တူကာလထက် ၂၆.၂၉ ရာခိုင်နှုန်း တိုးလာခဲ့ကာ နေ့စဉ်ပျမ်းမျှ ခရီးသည် အယောက်ပေါင်း ၁၁၃.၂၈ သောင်းကို သယ်ယူပို့ဆောင်ခဲ့၍ ၂၀၂၄ ခုနှစ် အချိန်တူကာလထက် ၂၆.၂၉ ရာခိုင်နှုန်း တိုးလာခဲ့သည်။

လေကြောင်းမှ ခရီးသည်စီးဆင်းမှုသည် စံချိန်သစ်တင်ခဲ့သည်။ နွေဦးပွဲတော် အားလပ်ရက်အတွင်း ယူနန်ပြည်နယ်အတွင်းရှိ လေဆိပ်များတွင် လေယာဉ်စတင်ပျံသန်းမှုနှင့် ဆင်းသက်မှု ၁၃၃၃၁ ကြိမ်၊ ခရီးသည် သယ်ယူပို့ဆောင်မှု အယောက်ပေါင်း ၁၉၀.၁၃ သောင်း ရှိခဲ့ရာ ၂၀၂၄ ခုနှစ်ထက် ၀.၉၄ ရာခိုင်နှုန်းနှင့် ၀.၁၇ ရာခိုင်နှုန်း ခွဲခြားတိုးလာခဲ့သည်။ ကူမင်းလေဆိပ်တွင် လေယာဉ်စတင်ပျံသန်းမှုနှင့် ဆင်းသက်မှု ၈၀၉၂ ကြိမ်၊ ခရီးသည် သယ်ယူပို့ဆောင်မှု အယောက်ပေါင်း ၁၂၀.၉၀ သောင်း ရှိခဲ့ရာ အပြည်ပြည်ဆိုင်ရာ လေယာဉ်စတင်ပျံသန်းမှုနှင့် ဆင်းသက်မှု ၅၈၅ ကြိမ်၊ နိုင်ငံတကာ ခရီးသည် သယ်ယူပို့ဆောင်မှု အယောက်ပေါင်း ၆.၈ သောင်း ရှိခဲ့ရာ ထိုင်းနိုင်ငံမှ ဗန်ကောက်မြို့နှင့် ချင်းမိုင်မြို့၊ မလေးရှားနိုင်ငံမှ ကွာလာလမ်ပူမြို့၊ လာအိုနိုင်ငံမှ ဗီယင်ကျန်းမြို့၊ စင်ကာပူနိုင်ငံမှ ချန်ဂီမြို့တို့သည် ရေပန်းစားသည့် လေကြောင်းလိုင်းတို့ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကူမင်းလေဆိပ်တွင် တစ်ရက်အတွင်း ခရီးသည် စီးဆင်းမှုသည် အယောက်ပေါင်း ၁၆ သောင်းကို ကျော်လွန်ခဲ့၍ ဤနေ့မှစ၍ ၄ ရက်ဆက်တိုက် ၁၆ သောင်းကို ကျော်လွန်ခဲ့ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တစ်ရက်အတွင်း ခရီးသည် စီးဆင်းမှု အများဆုံးသော ၁၆.၅၇ သောင်းအထိ ရှိရောက်ခဲ့သည်။


2025年春节假期(1月28日至2月4日),云南全省铁路、公路、民航客运量较去年同期大幅增长。全省运输运力准备充分,总体运行平稳有序,全力保障群众春节出行。

春节假期,中国铁路昆明局集团有限公司累计发送旅客282万人次,单日旅客发送量最高达50.3万人次,单日旅客列车开行量最高达499列,创历年春运新高。中老铁路迎来客流高峰,国内段日均发送旅客6.3万人次,单日旅客发送量最高达8.7万人次。云南铁路客流以探亲访友、务工返乡和旅游观光为主。省际客流主要集中在成渝、广深等方向,省内客流主要集中在大理、丽江、西双版纳、保山、香格里拉等旅游热点地区,以及昆明至曲靖、楚雄、红河、临沧等人口密集地区。

这个假期,公路出行需求旺盛。全省公路运输完成客运量906.24万人次,同比2024年增加26.29%;日均完成客运量113.28万人次,同比2024年增加26.29%。

航空客流创造新纪录。春节假期,省内各机场共保障航班起降13331架次,运输旅客190.13万人次,较2024年分别增长0.94%、0.17%。昆明机场起降航班8092架次,运输旅客120.90万人次;保障国际航班585架次,运输国际旅客6.8万人次,泰国曼谷、清迈以及马来西亚吉隆坡、老挝万象、新加坡樟宜成为热门航线。2月1日,昆明机场单日客流量超16万人次,自此连续4日超16万人次,2月4日达到单日高峰16.57万人次。(云南日报 记者李承韩) 

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်