မိုဟန်နယ်စပ်ဂိတ်သည် နိုင်ငံခြားသားများ ပြည်ဝင်ပြည်ထွက် ရေစီးကြောင်းကို ကြိုဆိုခဲ့
2025-02-07 15:16|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နွေဦးပွဲတော် အားလပ်ရက်အတွင်း တရုတ်-လာအို နယ်စပ်ဒေသတွင် တည်ရှိသော မိုဟန်(မော်တော်ကားလမ်း) နယ်စပ်ဂိတ်နှင့် မိုဟန် ရထားလမ်း နယ်စပ်ဂိတ်တို့၌ လူများ ပျားပန်းခတ် စည်ကားကြ၍ အထူးသဖြင့် ပြည်ဝင်ပြည်ထွက် နိုင်ငံခြားခရီးသည်များသည် ခါတိုင်းရက်များထက် သိသိသာသာ တိုးလာခဲ့သည်။
တရုတ်နိုင်ငံ၏ ဗီဇာကင်းလွတ်ခွင့် "မိတ်ဆွေအသိုင်းအဝိုင်း" သည် ဆက်လက်တိုးချက်နေသည်နှင့် နွေဦးပွဲတော်ကို ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် အဖြစ် လျှောက်ထားမှု အောင်မြင်ခဲ့သည်တို့ကြောင့် များပြားသော နိုင်ငံခြားခရီးသည်များသည် တရုတ်နွေဦးပွဲတော်၏ အခြေအနေများ ခံစားရန် ပြည်ဝင်ခဲ့ကြသည်။ မိုဟန် ပြည်ဝင်ပြည်ထွက် နယ်စပ် စစ်ဆေးရေးဂိတ်၏ စာရင်းများအရ နွေဦးပွဲတော် အားလပ်ရက်အတွင်း မိုဟန်နယ်စပ်ဂိတ် (မော်တော်ကားလမ်းနှင့် ရထားလမ်း) တွင် နိုင်ငံနှင့် ဒေသပေါင်း ၄၇ ခုမှ ပြည်ဝင်ပြည်ထွက် နိုင်ငံခြားသား အယောက်ပေါင်း ၂.၇ သောင်းကျော်ကို စစ်ဆေးခွင့်ပြုခဲ့ကာ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၂၀ ရာခိုင်နှုန်းနှင့် ၁၁၀ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာပြီး ၄င်းအနက် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်အရ ပြည်ဝင်သည့် နိုင်ငံခြားသားများသည် ၉၇ ရာခိုင်နှုန်း ပါရှိသည်။ ပြည်ဝ အကြောင်းပြချက်သည် ခရီးသွားလာရေးနှင့် ဆွေမျိုးနှင့် မိတ်သင်္ဂဟများအား သွားရောက်ကြည့်ရှုတွေ့ဆုံခြင်းတို့ ဖြစ်သည့် လူဦးရေမှာ ၈၀ ရာခိုင်နှုန်းကျော် ရှိ၍ ပြည်ဝင်လူဦးရေ အများဆုံးသော နိုင်ငံများတွင် လာအို၊ ထိုင်း၊ မလေးရှား၊ အမေရိကန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့ကို ပါဝင်သည်။
"ဒါဟာ တရုတ်နိုင်ငံမှာ နွေဦးပွဲတော်ကို ပထမဆုံး ပါဝင်ဆင်နွှဲတာ ဖြစ်ပါတယ်။ ဓလေ့ထုံးစံ တော်တော်များများက မှတ်မိစေပြီး တစ်သက်လုံး မမေ့နိုင်ပါဘူး။ အခွင့်ရှိရင် နွေဦးပွဲတော် ပါဝင်ဆင်နွှဲဖို့ တရုတ်နိုင်ငံကို နောက်တစ်ကြိမ် လာဦးမယ်၊ တရုတ်နိုင်ငံက အရမ်းကြီး တဲ့အတွက် မတူတဲ့ နေရာတွေမှာ မတူတဲ့ နွေဦးပွဲတော် ရှိမှာပါ။" ဟု တရုတ်နိုင်ငံတွင် နွေဦးပွဲတော် ပါဝင်ဆင်နွှဲပြီးနောက် လာအိုနိုင်ငံသို့ ခရီးသွားခဲ့သည့် အီတလီ ခရီးသည်ဖြစ်သည့် အန်တိုနီက လေးလေးနက်နက် ခံစားချက်ဖြင့် ပြောကြားခဲ့သည်။
昆明信息港讯(昆明日报 记者吴洁 通讯员黄远飞 雷雨)春节假期,位于中老边境的磨憨(公路)口岸和磨憨铁路口岸执勤现场人头攒动,特别是出入境外国籍旅客比往常增加不少。
随着我国免签“朋友圈”不断扩大,加之“春节”申遗成功,大量外国旅客入境体验中国年味。据磨憨出入境边防检查站统计,春节假期,磨憨口岸(公路和铁路)共计验放来自47个国家和地区出入境外国人2.7万余人次,同比分别增长20%和110%,其中免签入境外国籍人员占比超过97%。入境事由为旅游和探亲访友的人数超过八成,入境人数排名前列的国家分别是老挝、泰国、马来西亚、美国、法国、德国。
“这是我第一次在中国过春节,很多年俗都让人记忆深刻、终生难忘。如果有机会,我还会再次来中国过春节,毕竟中国太大了,各个地方的春节肯定会不一样。”在中国过完春节、继续前往老挝旅游的意大利旅客安东尼深有感触。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ