ကူမင်း ကျောက်ဇီတောင် ဆဌမအကြိမ် ရေခဲဆီးနှင်း ကာနီဗက်ပွဲတော်ကို ကျင်းပနေ

2025-01-24 17:33|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျောက်ဇီတောင် ဆဌမအကြိမ် ရေခဲဆီးနှင်း ကာနီဗက်ပွဲတော်ကို ကူမင်း ကျောက်ဇီတောင် ရှုခင်းသာနေရာရှိ ဆီးနှင်းကစားဥယျာဉ်၌ စတင်ကျင်းပခဲ့၍ မတ်လကုန်အထိ ဆက်လက် ကျင်းပသွားမည် ဖြစ်ကာ ခရီးသည်များသည် ကျောက်ဇီတောင်ရှိ ခရီးသွားကစားနေရာအသစ်တွင် မြွေနှစ်နွေဦးပွဲတော်၏ ကျရောက်မှုကို ကြိုဆိုနိုင်ကြမည် ဖြစ်သည်။

1

ကူမင်း ကျောက်ဇီတောင် ရှုခင်းသာနေရာသည် ကူမင်းမြို့ ပတ်လည်နားရှိ တစ်ခုတည်းသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေ ဖြစ်၍ မြောက်လတ္တီကျု ၂၆ ဒီဂရီတွင် တည်ရှိပြီး ဆောင်းရာသီတွင် တရုတ်နိုင်ငံရှိ တ္တီကျုနိမ့်ပြီး ဆီးနှင်းများ ဖုံးလွှမ်းထားသော တောင်တန်းများထဲမှ တစ်ခု ဖြစ်၍ အမြင့်ဆုံးသည်မှာ ပင်လယ်ရေမျက်နှာပြင်ထက် ၄၂၂၃ မီတာရှိပြီး ၎င်းကို "ယူနန်အလယ်ပိုင်းဒေသရှိ ပထမဆုံးတောင်" ဟု ချီးကျူးခံလျက်ရှိသည်။ ကျောက်ဇီတောင်သည် နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလ တတိယဆယ်ရက်ပိုင်းမှ လာမည့်နှစ် မတ်လအထိ ရေခဲဆီးနှင်းရာသီချိန်သို့ ဝင်ရောက်လျက်ရှိကာ ဆောင်းရာသီတွင် ကျောက်ဇီတောင်၌ တမျှော်တခေါ်ကြီး ကြည့်မဆုံး ရှုမဆုံးနိုင်သည့် ဆီးနှင်းများဖုံးလွှမ်းသော လွင်ပြင်များရှိပြီး နှင်းကပ်ပျော့၊ တိမ်ပင်လယ်၊ နေထွက်ချိန်နှင့် ရေခဲရေတံခွန် ဟူ၍ အံ့ဖွယ်ကောင်းသော ရှုခင်း ၄ မျိုး ရှိကာ ကူမင်းမြို့၌ ရေခဲဆီးနှင်းများ ကြည့်ရှုခံစားရန် တွေ့ရခဲသော ခရီးသွားနေရာတစ်ခု ဖြစ်သည်။

2

အဆိုပါ ဆီးနှင်းကစားဥယျာဉ်သည် စတုရန်းမီတာ ၆ ထောင် ကျယ်ဝန်း၍ လွတ်လွတ်လပ်လပ် ဆီးနှင်းကစားဧရိယာ၊ ရေခဲပန်းပုပြခန်း၊ ဟွားရှီးစောင်လူ ဓာတ်ပုံရိုက်ဧရိယာ၊ ဆီးနှင်းဖုံးလွှမ်းသည့်နယ်မြေ တွေ့ကြုံခံစားဧရိယာ စသည့် ဧရိယာ အများအပြား ပါဝင်သည်။ ခရီးသည်များသည် ရေခဲပန်းပုအနုပညာ ကြည့်ရှုခြင်း၊ ဆီးနှင်းတောင်ပေါ် ခင်းကျင်းထားသော နှင်းဆီပန်း ရိုက်ကူခြင်းတို့ကို ဆောင်ရွက်နိုင်ရုံသာမက ဆီးနှင်းဖုံးလွှမ်းသည့်နယ်မြေတွင် ဖြတ်ကျော်ခြင်း စသည့် ကစားအစီအစဉ်များကို အားရပါးရ တွေ့ကြုံခံစားနိုင်ပြီး ရေခဲဆီးနှင်း အားကစားလှုပ်ရှားမှုများ၏ အလှိုက်တလှဲစိတ်နှင့် တက်ကြွထက်သန်မှုကို ခံစားနိုင်ကြမည် ဖြစ်သည်။

3

ဆောင်းရာသီ ဝင်ရောက်ပြီးနောက် ကျောက်ဇီတောင် ရှုခင်းသာနေရာသို့ လည်ပတ်ကြည့်ရှုလာသည့် ခရီးသည်ပမာဏသည် တိုးတက်လာနေ၍ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ဒီဇင်ဘာလ အထိ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၅၉.၈ ရာခိုင်နှုန်း တိုးလာကာ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား စသည့် တောင်အာရှနိုင်ငံများမှ ခရီးသည်များကို ရေခဲကြည့်ရှုရန်နှင့် ဆီးနှင်းကစားရန် ဆွဲဆောင်လာ၍ ပြည်ပခရီးသွားအဖွဲ့နှင့် ပြည်ပခရီးသည်များသည် လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၇၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။


昆明信息港讯 记者周智宇 1月10日,轿子山第六届冰雪嘉年华在昆明轿子山风景区戏雪乐园启幕,将持续到3月底,游客可在轿子山的旅游“新玩场”中迎接蛇年新春的到来。

1

昆明轿子山风景区是昆明周边唯一的自然保护区,它地处北纬26°,是中国低纬度的冬季积雪山峰之一,最高海拔4223米,被誉为“滇中第一山”。轿子山每年11月下旬至翌年3月进入冰雪季,冬日轿子山雪野无垠,拥有雾凇、云海、日出、冰瀑四大奇景,是昆明市少有的冰雪旅游胜地。

2

轿子山景区戏雪乐园占地6000平方米,包括自由娱雪区、冰雕馆、花溪草庐打卡出片区、雪地体验区等多片区域。游客不仅可以观赏冰雕艺术、拍照打卡雪山玫瑰陈列,还能尽情体验雪地穿越等游乐项目,感受冰雪运动的激情与刺激。

3

入冬以来,轿子山景区的游客接待量呈现出强劲的增长势头,2024年11-12月同比增长59.8%,吸引了大批来自泰国、越南、新加坡、马来西亚等东南亚国家的游客赏冰乐雪,境外团客同比增长77%。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်