လားစစ်ဟိုင်စိုစွတ်မြေ၌ ၆ နှစ်ကြာ ပျောက်သွားသည့် ဧည့်သည်ငှက် ၃ မျိုးကို ပြန်တွေ့

2025-01-21 17:54|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ဆောင်းရာသီ ဝင်ရောက်ပြီးနောက် ဧည့်သည်ငှက် အများအပြားသည် ဆောင်းကူးရန် လားစစ်ဟိုင်စိုစွတ်မြေသို့ ရောက်ရှိခဲ့ကြသည်။ မကြာသေးမီက လားစစ်ဟိုင် ကုန်းပြင်မြင့် စိုစွတ်မြေ ပြည်နယ်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရိုမှ ဝန်ထမ်းသည် ကင်းလှည့်စောင့်ကြည့်ရာတွင် ယိလုံခရိုင်ရှိ လားစစ်ဟိုင်၌ နှစ်ပေါင်းများစွာ ပျောက်သွားသည့် Anser cygnoides၊ Anser fabalis နှင့် Anser albifrons ဧည့်သည်ငှက် ၃ မျိုးကို ဝမ်းမြောက်ဝမ်းသာ တွေ့ရှိခဲ့သည်။

2

ဤအကြိမ်တွင် Anser cygnoides ၃ ကောင်၊  Anser fabalis ၁ ကောင်နှင့် Anser albifrons ၁၁ ကောင်ကို စုစုပေါင်း စောင့်ကြည့်တွေ့ရှိခဲ့ကြောင်း၊ "Anser cygnoides နဲ့  Anser albifrons တို့ဟာ တရုတ် အမျိုးသားအဆင့် ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ထားတဲ့ ငှက်မျိုး ဖြစ်ပြီး Anser fabalis ဟာ တရုတ်နိုင်ငံမှာ အရေးကြီးတဲ့ ဂေဟတန်ဖိုး၊ သိပ္ပံတန်ဖိုးနဲ့ လူမှုရေးတန်ဖိုးတို့ ရှိတဲ့ ကာကွယ်စောင့်ရှောက်ထားတဲ့ တောရိုင်းတိရစ္ဆာန် ဖြစ်ပါတယ်၊ ဒီငှက်မျိုးတွေကို လားစစ်ဟိုင်စိုစွတ်မြေမှာ မတွေ့ရတာက အနည်းဆုံး ၆ နှစ်ရှိပြီ၊ ဒီတစ်ခေါက်မှာတော့ ရိုက်ကူးရတဲ့ ကြည်လင်ပြတ်သားတဲ့ ဗီဒီယိုက ပထမဆုံး ဗီဒီယိုမှတ်တမ်းလဲ ဖြစ်ပါတယ်" ဟု စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရိုမှ ဝန်ထမ်း ဟယ်ယူဖုန်းက သတင်းထောက်ကို ပြောပြပေးခဲ့သည်။

3

လားစစ်ဟိုင်သည် တရုတ်နိုင်ငံရှိ ဧည်သည်ငှက်များ၏ ရွှေ့ပြောင်းလမ်းကြောင်း ၃ လမ်းထဲမှ အနောက်ဘက်လမ်းပေါ်မှ အရေးပါသော နားနေရာနေရာနှင့် ဆောင်းရာသီကူးသည့် နေရာ ဖြစ်သည်။ ယခုနှစ်များတွင် စိုစွတ်မြေ ထိန်းသိမ်းရေးနှင့် ပြန်လည်ထူထောင်ရေး စီမံကိန်းကို ဖော်ဆောင်ခြင်းအားဖြင့် ဇီဝမျိုးစုံမျိုးကွဲများ ပိုမိုကြွယ်ဝလာပြီး စိုစွတ်မြေ၏ ဂေဟပတ်ဝန်းကျင်လည်း ပိုမိုကောင်းမွန်လာ၍ နှစ်စဉ်နှစ်တိုင်း ဧည့်သည်ငှက် အကောင်ပေါင်း ၁ သိန်းကျော်သည် ဆောင်းကူးရန် ဤနေရာသို့ ပျံသန်းရောက်ရှိလျက်ရှိကြသည်။ နောက်ဆုံး သိပ္ပံပညာစူးစမ်းလေ့လာရေးရလဒ်အရ လားစစ်ဟိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေ၌ မှတ်တမ်းတင်ထားသော ငှက်မျိုး ၆၇ မျိုးရင်းနှင့် ၃၄၁ မျိုး ရှိကာ ယူနန်ပြည်နယ်တွင် မှတ်တမ်းတင်ထားသော ငှက်မျိုး၏ ၃၃ ရာခိုင်နှုန်းနှင့် တရုတ်ငှက်မျိုး၏ ၂၂ ရာခိုင်နှုန်း ရှိသည်။

4

"မကြာသေးမီနှစ်တွေမှာ Plegadis falcinellus၊ Aquila clanga၊ ဘီကျားငှက်၊ ဒုံးမြီးကွက်၊ Anser cygnoides နဲ့ Anser albifrons စတဲ့ ယခင်က မှတ်တမ်းမတင်ဖူးတဲ့ ဒါမှမဟုတ် နှစ်ပေါင်းများစွာ ပျောက်ကွယ်သွားခဲ့တဲ့ အမျိုးသားအဆင့် ပထမအဆင့်၊ ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ထားတဲ့ ငှက်မျိုးတွေက လားစစ်ဟိုင်စိုစွတ်မြေမှာ ခဏခဏ ပေါ်လာခဲ့ကြပါတယ်၊ ယင်းက ဒီအဖိုးတန်လှတဲ့ ကုန်းပြင်မြင့် စိုစွတ်မြေက ပိုမိုကျန်းမာလာပြီး ကောင်းမွန်လာတာကို အပြည့်အဝ ဖော်ပြနိုင်ပါတယ်" ဟု လားစစ်ဟိုင် ကုန်းပြင်မြင့် စိုစွတ်မြေ ပြည်နယ်အဆင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နယ်မြေ၏ စီမံခန့်ခွဲမှုနှင့် ကာကွယ်ရေးဗျူရိုမှ တာဝန်ခံသူ ဇန်းယင်းက ပြောဆိုခဲ့သည်။

5


1

入冬以来,大量候鸟抵达拉市海湿地越冬。近日,拉市海高原湿地省级自然保护区管护局工作人员在巡护过程中,欣喜地发现了在玉龙县拉市海消失多年的3种候鸟:鸿雁、豆雁和白额雁。

2

管护局工作人员和云峰告诉记者,这次总共监测到的是3只鸿雁、1只豆雁和11只白额雁。“鸿雁、白额雁是国家二级保护鸟类,豆雁是国家‘三有(有重要生态、科学、社会价值)’保护野生动物,这几种候鸟,至少有6年没有在拉市海湿地看到过了,这次拍到了清晰的视频,也是首次影像记录。”

3

拉市海是我国3条候鸟迁徙路线西线上的重要栖息地和越冬地。近年来,通过湿地保护恢复项目实施,生物多样性越来越丰富,湿地生态环境越来越好,每年超过10万只候鸟飞临越冬。据最新科考成果显示,拉市海自然保护区记录到的鸟类有67科341种,种类占云南省记录鸟类33%、中国鸟类22%。

4

“近年来,包括彩鹮、乌雕、水雉、秃鹳、鸿雁、白额雁等以往未记录到过或消失多年的国家一级、二级保护鸟类在拉市海湿地频繁现身,充分反映了这片珍贵的高原湿地越来越健康和优良。”拉市海高原湿地省级自然保护区管护局负责人张瑛说。

5

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်