ကူမင်းမြို့တွင် ပီအိုနီပန်း ကြိုတင်ပွင့်ဖူးနေ၍ ထန်ဟွာဘုရားကျောင်းဥယျာဉ်၌ ပီအိုနီပန်းဆိုင်ရာ ယဉ်ကျေးမှုပြပွဲကို ကျင်းပနေ
2025-01-21 17:20|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ကူမင်းမြို့ ထန်ဟွာဘုရားကျောင်းဥယျာဉ်ထဲ၌ နွေဦးသစ်စ သာယာကြည်နူးလှ၍ ၁၄ ကြိမ်မြောက် ထန်ဟွာဘုရားကျောင်းဥယျာဉ် ပီအိုနီပန်းပြပွဲကို စတင်ကျင်းပခဲ့သည်။ တရုတ်နိုင်ငံရှိ အချိန်အစောဆုံးသော ပီအိုနီပန်း ပြသရာနေရာအဖြစ် စတင်ကျင်းပနေ့မှ နွေဦးရာသီပွဲတော်အထိ ထန်ဟွာဘုရားကျောင်းဥယျာဉ်၌ အရောင် ၉ မျိုးရှိ ပီအိုနီပန်း အအိုး(အပင်) ၁၀၀၀ ကျော်၊ Cyclamen persicum Mill အအိုး ၂၅၀၀ နှင့် အချိန်ရာသီအလိုက် ပွင့်ဖူးသည့် ပန်းနှင့် သစ်ပင်များ အပင် ၁ သောင်းကျော်ကို ပြသမည် ဖြစ်သည်။ ဥယျာဉ်ထဲရှိ အဓိကရှုခင်းသာနေရာတွင်လည်း ပန်းနံရံ၊ မီးအိမ်၊ ရောင်စုံပိုးချပ်ကြိုးနှင့် ရောင်စုံချည်ထည်များ စသည့် အလှဆင်တန်ဆာများကို စီစဉ်ထားပြီး နေရာတိုင်းမှာ သွားရကျိုးနပ်သည့် ဓာတ်ပုံရိုက်ရာနေရာ ဖြစ်ကြသည်။
ထန်ဟွာဘုရားကျောင်းဥယျာဉ်သည် "နာမည်ကျော်ဥယျာဉ်၊ ကျော်ကြားသူများ၊ နာမည်ကြီးပန်းများ" ဟူသော ဥယျာဉ်တည်ဆောက်ရေး အယူအဆကို လိုက်နာကျင့်သုံး၍ ၁၄ နှစ်ကြာ သေချာစေ့ငုစွာ ပြုစုပျိုးထောင်ပြီးနောက် ဤဥယျာဉ်မှ ပီအိုနီပန်းပြပွဲသည် ကူမင်းမြို့၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ အမည်ကတ်ပြားတစ်ချပ် ဖြစ်လာနေပြီ။ ယခုအကြိမ် ပန်းပြပွဲတွင် ဥယျာဉ်သည် ကြံစည်ရေးအဖွဲ့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး ယဉ်ကျေးမှုဆိုင်ရာ အတွင်းသဘောကို နက်ရှိုင်းစွာ တူးဖော်၍ ပြပွဲခင်းကျင်းပြသသည့် ဒီဇိုင်းပုံစံကို အဆန်းထွင်ကာ ခရီးသည်များအတွက် မကြုံစဖူးသော အမြင်အာရုံနှင့် စိတ်နှလုံးတို့မှ စံစားမှု တစ်ကြိမ်ကို ပေးနိုင်ရန် ရည်ရွယ်ထားသည်။
ပီအိုနီပန်း၏ ပုံမှန်ပန်းပွင့်ချိန်သည် ၃ လ သို့မဟုတ် ၄ လကြာ ဖြစ်သည်၊ ထန်ဟွာဘုရားကျောင်းဥယျာဉ်သည် ကူမင်းမြို့၏ တမူထူးခြားသော "နွေဦးမြို့" ရာသီဥတုကို အသုံးပြုပြီး ဥယျာဉ်ခြံ စိုက်ပျိုးပြုစုရေး အတတ်ပညာသည်များ၏ ထက်မြက်သော လက်မှုအနုပညာများကို အားကိုး၍ သိပ္ပံနည်းများဖြင့် ပီအိုနီပန်းများ၏ ပန်းပွင့်ချိန်ကို ကြိုတင်စေကာ ခရီးသည်များကို နှစ်စဉ် ရိုးရာနွေဦးပွဲတော် ကျရောက်လာတော့မည့် အချိန်တွင် ပွင့်ဖူးနေသည့် "အမျိုးသားပန်း" ပီအိုနီပန်းများအား ကြည့်ရှုနိုင်စေရန် အကောင်အထည်ဖော်၍ "ချမ်းသာစည်းစိမ်မှုနှင့် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံခြင်း"ဟူသော အဓိပ္ပာယ်ဖော်ဆောင်ချက်ရှိသည့် ပီအိုနီပန်းများအား ကူမင်းမြို့မှ မြို့သူမြို့သားများ၊ ခရီးသည်များနှင့်အတူ နှစ်သစ်ကူးပွဲတော်ကို ပါဝင်ဆင်နွှဲစေကြသည်။
ဇန်နဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ ပန်းပြပွဲကျင်းပရာတွင် ဥယျာဉ်တစ်ခုလုံးရှိ အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ စိမ်းပြာရောင်၊ အပြာရောင်၊ ခရမ်းရောင်၊ အဖြူရောင်နှင့် ပေါင်းစပ်ရောင် ဟူသော အရောင် ၉ မျိုး ရှိသည့် ပီအိုနီပန်းများ အအိုး(အပင်)ပေါင်း ၁၀၀၀ ကျော်သည် ရှေ့စဉ်နောက်ဆက် ပွင့်ဖူးလာမည် ဖြစ်၍ နွေဦးပွဲတော်အတွင်း ဝေဝေဆာဆာ ပွင့်ဖူးနိုင်မည် ဖြစ်ကြောင်း တတိယအကြိမ် ကူမင်းမှ လက်မှုပညာသည်နှင့် ထန်ဟွာဘုရားကျောင်းဥယျာဉ်မှ စိုက်ပျိုးပြုစုရေး ပညာသည် ဖြစ်သူ ဆီရှောင်ရွှင်သည် မိတ်ဆက်ပေးခဲ့သည်။
ယခုအကြိမ် ပန်းပြပွဲသည် ပန်းပွဲတော်တစ်ခု ဖြစ်ရုံသာမက ယဉ်ကျေးမှုနှင့် အနုပညာတို့အကြား နက်ရှိုင်းစွာ ရောနှောပေါင်းစပ်ခြင်း တစ်ကြိမ်လည်း ဖြစ်သည်။ ဥယျာဉ်ထဲတွင် စိတ်ကူးစိတ်သန် တစ်မူထူးခြားသော ယဉ်ကျေးမှုဆိုင်ရာ ရှုကွက်ရှုကွင်းများကို စီစဉ်ပြီး ခရီးသည်များအား ပီအိုနီပန်းများ ကြည့်ရှုနေစဉ် နက်ရှိုင်းသော ယဉ်ကျေးမှု အသေးစိတ်အကြောင်းနှင့် အနုပညာညှို့နိုင်စွမ်းကို ခံစားစေသည်။
2025年1月20日,昆明昙华寺内春意盎然,第十四届昙华寺牡丹花展暨花潮会启幕。本次花展以“凤穿牡丹·醉美昙华”为主题,作为全国最早的牡丹展出地,从开幕起至春节间,昙华寺公园将展出9大色系催花牡丹1000余盆(株);仙客来2500盆;莳苓草花1万余株。园内主景观区还打造了花墙、灯笼、彩带、垂吊彩纱等布置,随处都是“打卡点”。
昙华寺公园秉持“名园、名人、名花”的建园理念,历经14载精心培育,昙华寺牡丹花展已成为昆明市的一张文旅名片。本届花展,公园与策划团队紧密合作,深入挖掘文化内涵,创新布展形式,力求为游客呈现一场前所未有的视觉与心灵享受。
牡丹的正常花期通常为3-4月,昙华寺公园利用昆明独有的“春城”气候,并借助园艺技师们精湛的技艺,用科学手段提前牡丹花期,让游客在每年传统春节到来之即,都可以如约赏到盛开的“国花”牡丹,让寓意“富贵吉祥”的牡丹陪伴春城市民和游客共庆新春佳节。
第三届昆明工匠、昙华寺公园盆花组组长、园艺技师施晓轩介绍,从1月20日—2月20日花展期间,全园赤、橙、黄、绿、青、蓝、紫、白、复色9大色系1000余盆(株)催花牡丹将竞相绽放,并在春节黄金周期间迎来盛花期。
本次花展不仅是一场花卉的盛宴,也是一次文化与艺术的深度融合。展览以“文化为魂、艺术为彩、装置为形、影像为忆”为设计理念,精心打造了“凤穿牡丹花坊”等一系列主题景观,让游客在欣赏牡丹的同时,也能感受到深厚的文化底蕴和艺术魅力。园区内设置了众多独具匠心的装置作品,让游客能够身临其境,从视觉、触觉甚至嗅觉等多维度感受文化与艺术的融合之美。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ