ယိလုံရေကန်ဘေး၌ ဆောင်းရာသီထဲမှ ပထမဆုံး နေရောင်ခြည်နှင့် တွေ့ဆုံ
2024-12-31 17:38|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုတလော၊ ယူနန်ပြည်နယ် ဟုံဟယ်စီရင်စု စီဖျင်ခရိုင်ရှိ ယိလုံရေကန်သည် နံနက်ခင်းအလင်းရောင်ထဲတွင် ကဗျာနှင့် ပန်းချီ ကဲ့သို့သော သာယာလှပသော ရှုခင်းများကို ပြသခဲ့သည်။ ပထမဆုံး နေရောင်ခြည်သည် ကောင်းကင်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့်အချိန် ကောင်းကင်သည် ချက်ချင်းပင် မူးယစ်စွဲလမ်းစေသည့် လိမ္မော်ရောင်ကို ဆေးဆိုးပေး၍ ဟိုရွှန်းဆင့်တောက်ပသော အရောင်သည် ကြည်လင်သော ရေကန်မျက်နှာပြင်ပေါ်တွင် ရောင်ပြန်ဟပ်ပြီး လှိုင်းဂယက်များ ကြည်ကြည်လင်လင်နှင့် ပြာလဲ့လဲ့ ဖြစ်သည်။ မြူခိုးများ ပြန့်အောင်ဖြန့်ပြီးနောက် ကောင်းကင်ပြာသည် ဒိုးရိုပေါက်မြင်ရလောက်အောင် ကြည်လင်ပြီး ကန်ရေနှင့် အပြန်အလှန် တန်ဆာဆင်ထား၍ ရေနှင့် ကောင်းကင် အချင်းချင်းချိတ်ဆက်ပြီး ကြီးမားသော ကြေးမုံတစ်ခုကဲ့သို့ ရေနှင့် ကောင်းကင်အကြား သဘာဝလောကကြီး၏ အံ့ဖွယ်မှုနှင့် ငြိမ်ဆိမ်မှု၏ လှပမှုများကို အပြည့်အဝဖော်ပြခဲ့သည်။
ယိလုံရေကန်သည် ယူနန်ပြည်နယ်ရှိ ကုန်းပြင်မြင့်ရေကန် ၉ ခုကြီးထဲမှ တစ်ခုဖြစ်ကာ ယခုနှစ်များတွင် ဒေသခံသည် ထိရောက်မှုရှိသည့် ပြုပြင်မွမ်းမံခြင်း ဆောင်ရွက်နည်းစီးရီးများဖြင့် ရေအရည်အသွေး သိသိသာသာ ကောင်းမွန်လာပြီး ဂေဟပတ်ဝန်းကျင် ဆက်တိုက် ကောင်းမွန်လာနေသည်။ ယိလုံရေကန်သည် အဖိုးတန်ငှက်မျိုး အများအပြားအတွက် နားနေသော နေအိမ်ဖြစ်လာ ရုံသာမက တစ်နေ့ထက်တစ်နေ့ ပိုများလာသော ခရီးသည်များ၏ မျက်မြင်များကိုလည်း ဆွဲဆောင်နေသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း










