ဖယ်ယာမျောက်မျက်ကွင်းဖြူ အကောင် ၇၀ ခန့်သည် တက်ဟုန်းစီရင်စု၌ မြူးထူးစွာကစားကြ
2024-12-30 17:31|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယခုရက်များအတွင်း သတင်းထောက်သည် ယူနန်ပြည်နယ် တက်ဟုန်း တိုင်လူမျိုး ဂျိန်ဖော့လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု မန်စီမြို့ ရွှန်းကန်မြို့နယ်၌ တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမအဆင့် အလေးပေး ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ဖြစ်သည့် ဖယ်ယာမျောက်မျက်ကွင်းဖြူ အကောင် ၇၀ ခန့်သည် သစ်တောများထဲတွင် လွတ်လွတ်လပ်လပ် အစာရှာပြီး မြူးထူးစွာကစားကြသည့် အဖိုးတန်မြင်ကွင်းများကို ကြည့်ရှုအကဲခတ်ပြီး ဓာတ်ပုံရိုက်ရခဲ့သည်။
ယေဘုယျအားဖြင့် ဖယ်ယာမျောက်မျက်ကွင်းဖြူသည် ခန္ဓာကိုယ်အရှည် ၅၅ စင်တီမီတာမှ ၇၁ စင်တီမီတာ အထိ၊ အမြီးအရှည် စင်တီမီတာ ၆၀ မှ ၈၀ အထိ ရှိ၍ ခြေလက်အင်္ဂါများ ရှည်သွယ်သည်။ ပြာဖျော့ဖျော့အရောင်ဖြစ်သည့် မျက်ခွံနှင့် ရှည်လျားသော အမြီးတို့သည် ၄င်း၏ ထူးခြားချက်တို့ ဖြစ်သည်။ ၎င်းတို့သည် စံပြသော သစ်ပင်ပေါ် နားနေသော မျောက်မျိုး ဖြစ်၍ အဓိကအားဖြင့် ဟုံဟယ်မြစ်၏ ကမ်းနှစ်ဖက်၊ တောင်နိမ့်နှင့် မြောင်းနှင့် လျှိုမြောင်ဧရိယာရှိ အပူပိုင်းမိုးသစ်တော သို့မဟုတ် အပူလျော့ပိုင်း အမြဲစိမ်းရွက်ပြန့်တောများတွင် နားနေလျက်ရှိသည်။
ရွှန်းကန်မြို့နယ်၌ နေထိုင်သည့် ဖယ်ယာမျောက်မျက်ကွင်းဖြူသည် အကောင် ၃၅၀ ကျော်ရှိ၍ ၄င်းသည် လက်ရှိ တရုတ်ပြည်တွင်း ဧရိယာတစ်ခုတည်းတွင် လက်ရှိလူသိများသော ပမာဏ အများဆုံး ဖြစ်သည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့










