လူ ၃၀၀ ကျော်ရှိသော ထိုင်းခရီးသွားအဖွဲ့သည် ကူမင်းခရီးစဉ်ကို စတင်၍ ခေါင်းနီစင်ရော်နှင့် ဆီးနှင်းများ ကြည့်ရှုပြီး အစားအစာ စားသောက်
2024-12-25 17:39|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ဒီဇင်ဘာလ ၁၇ ရက် ၁၂ နာရီ ၂၅ မိနစ်တွင် ထိုင်းခရီးသည် ၁၀၀ ကျော်ကို တင်ဆောင်ထားသော MU9640 လေယာဉ်သည် ကူမင်း ချန်ဆွေ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။ လေဆိပ်ရှိ ဆိုက်ရောက်ခန်းမဆောင်တွင် ထိုင်းခရီးသည်တိုင်းသည် လှပသော နှင်းဆီပန်းများနှင့် ချစ်စရာကောင်းသော ခေါင်းနီစင်ရော်ဆိုင်ရာ အဆန်းထွင်ထုတ်ကုန်များ ပါရှိသည့် ကူမင်းလက်ဆောင်တစ်ခုကို ရရှိခဲ့သည်။
"ဒီအကြိမ်က ကျွန်မ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိနေတာပဲ ဖြစ်ပါတယ်၊ ကျွန်မက ကူမင်းရှိ အရသာကောင်းတဲ့ အစားအစာတွေကို အရမ်းစားချင်တယ်၊ တိန်ချီးရေကန်မှာ ခေါင်းနီစင်ရော် သွားကြည့်ဖို့နဲ့ ကျောက်ဇီဆီးနှင်းတောင်မှာ ဆီးနှင်းသွားကြည့်ဖို့ အရမ်းမျှော်လင့်ပါတယ်။" ထိုင်းခရီးသည်ဖြစ်သူ Namfon သည် ၃ ညအိပ် ၄ ရက်ကြာသော "ကူမင်းကို ရောက်ရှိပြီး ခေါင်းနီစင်ရော်နဲ့ တွေ့ဆုံခြင်း" ဟူသော ဤခရီးစဉ်ကို အရမ်းမျှော်လင့်သည်ဟု ပြောဆိုခဲ့သည်။
ဆီးနှင်းတောင်၊ ခေါင်းနီစင်ရော်နှင့် မိုးဆန်းပန်းများ စသည့် များပြားကြွယ်ဝသော ခရီးသွားလာရေးအရင်းအမြစ်များ ရှိခြင်း၊ ပျံသန်းခြင်းအကွာအဝေး တိုတောင်းခြင်းနှင့် ဗီဇာကင်းလွတ်ခွင့်မူဝါဒ စသည့် အကျိုးများကြောင့် ကူမင်းသည် ထိုင်းခရီးသည်များအတွက် နှစ်သက်သဘောကျသည့် ပြည်ထွက်ခရီးစဉ် ရည်မှန်းချက်နေရာ တစ်ခု ဖြစ်လာနေသည်။ လေဆိပ်၌ ဤထိုင်းခရီးသွားအဖွဲ့ကို ကြိုဆိုခဲ့သည့် ယူနန် တိလန် နိုင်ငံတကာ ခရီးသွားအေဂျင်စီ ကုမ္ပဏီလီမိတက်မှ တာဝန်ခံသူ လီကွေ့ဝင် ပြောကြားခဲ့သည်မှာ ဤအကြိမ်တွင် ထိုင်းခရီးသည် အယောက် ၃၀၀ ကျော်သည် လေယာဉ် ၃ ခုဖြင့် ချင်းမိုင်မှ ကူမင်းသို့ ပျံသန်းလာနေပြီး ကူမင်းမြို့တွင် ရေတံခွန်ပန်းခြံ၊ ယွမ်ထွန်းဘုရားကျောင်းနှင့် ကျင်းမာဘိကျီးဖန် စသည့် ကူမင်းမြို့တွင်းရှိ ကိုယ်စားပြုနေရာများသို့ လည်ပတ်ခြင်း၊ တိန်ချီးရေကန်၌ ခေါင်းနီစင်ရော်များကို သွားကြည့်ပြီး အစားအစာမွေးခြင်း၊ တုန်းချွမ်းမြေနီများကို လည်ပတ်ကြည့်ရှုခြင်း၊ ကျောက်ဇီဆီးနှင်းတောင်ပေါ်၌ ဆီးနှင်းများရှုစားခြင်းနှင့် မီးပုံပွဲ ပါဝင်တက်ရောက်ခြင်း စသည်တို့ကို လုပ်ဆောင်ကြမည် ဖြစ်သည်။
12月17日12点25分,载有100多名泰国游客的MU9640航班抵达昆明长水国际机场。在机场到达大厅,每个泰国游客都收到了一份装有漂亮玫瑰花和可爱海鸥文创的“昆明好礼”。
“这是我第一次来中国,我非常想吃昆明美食,最期待去滇池看红嘴鸥,去轿子山看雪。”泰国游客Namfon说,她非常期待这次4天3晚的“飞向昆明 遇见红嘴鸥”之旅。
雪山、海鸥、鲜花等丰富的文旅资源,加上飞行距离短以及免签等一系列利好,让昆明成为最受泰国游客青睐的出境游目的地之一。在机场迎接这个泰国团的云南蒂朗国际旅行社有限公司负责人李贵文说,这次有300多名泰国游客乘坐3个航班从清迈飞到昆明。在昆明,他们要游览瀑布公园、圆通寺、金马碧鸡坊等昆明市内代表性景点,还要去滇池喂红嘴鸥,游览东川红土地,到轿子山赏雪,参加篝火晚会。(昆明日报 记者李思凡)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ