ယူနန်ရထားလမ်းတွင် တစ်နှစ်တာ သယ်ယူပို့ဆောင်သည့် ခရီးသည် အရေအတွက်သည် သန်းပေါင်း ၁၀၀ ကို ပထမအကြိမ် ကျော်လွန်
2024-12-25 17:34|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယခုနှစ်မှစ၍ ယူနန်ပြည်နယ်၏ ခရီးသွားဈေးကွက်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ဆက်လက် တိုးတက်ကောင်းမွန်လာသည် ဖြစ်၍ ပြည်သူများသည် ခရီးသွားခြင်းအပေါ် ဆန္ဒပြင်းပြကြကာ ရထားစီးသည့် ခရီးသည်များမှာ သိသိသာသာ တိုးများလာနေသည်။ စာရင်းဇယားများအရ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့အထိ China Railway Kunming Group Co.,Ltd. သည် ခရီးသည် သန်းပေါင်း ၁၀၀.၂၁ ကို ပို့ဆောင်ခဲ့ပြီး မနှစ်ကအချိန်တူကာလထက် ၁၂ ရာခိုင်နှုန်း တိုးပွားလာသည် ဖြစ်၍ တစ်နှစ်တာ သယ်ယူပို့ဆောင်သည့် ခရီးသည် အရေအတွက်သည် သန်းပေါင်း ၁၀၀ ကို ပထမအကြိမ် ကျော်လွန်ပြီး သမိုင်းစံချိန်သစ် တင်ခဲ့သည် ဖြစ်သည်။
ခေတ်မီသော သယ်ယူပို့ဆောင်ရေးယာဉ်များ၏ ကိုယ်စားပြုယာဉ်အနေဖြင့် မြန်နှုန်းမြင့်ရထားနှင့် ကျည်ဆန်ရထားတို့သည် ၎င်း၏ လွယ်ကူခြင်းနှင့် နေသာထိုင်သာရှိခြင်းတို့ကြောင့် ခရီးသည်အများအပြား၏ နှစ်သက်မှု ရရှိနေသည်။ လက်ရှိအချိန်တွင် မြန်နှုန်းမြင့်ရထားနှင့် ကျည်ဆန်ရထားတို့သည် ယူနန်ပြည်နယ်ရှိ ပြည်နယ်နှင့်မြို့ပေါင်း ၁၆ ခုထဲမှ ၁၄ ခုသို့ ရောက်ရှိနိုင်ပြီး အထူးသဖြင့် ကူမင်း၊ တာ့လီ၊ လိကျန်း၊ ဆစ်ဆောင်ပန်းနားနှင့် တီချင့် စသည့် လူကြိုက်များသော ခရီးသွားနေရာများကို လွှမ်းခြုံထားကာ ခရီးသည်များအတွက် ပိုမိုများပြားသော ခရီးသွားရွေးချယ်ချက်များကို ပေးထားကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ














