၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ကူမင်းမြို့ တုပ်နန်ပန်းပြပွဲကို အောင်မြင်စွာ ကျင်းပခဲ့
2024-12-25 17:24|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဒီဇင်ဘာလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ကူမင်းမြို့ တုပ်နန်ပန်းပြပွဲကို တုပ်နန်၌ အောင်မြင်စွာ ကျင်းပခဲ့သည်။
ပြပွဲတွင် တရုတ် ပြည်တွင်းပြည်ပမှ ပန်းလုပ်ငန်းဆိုင်ရာ ကုမ္ပဏီ အခု ၇၀ ကျော်သည် သစ်လွင်သော၊ အရည်အသွေးမြင့်မားသော ပန်းမျိုးပေါင်း ၁၀၀၀ ကျော်ကို ပြသခဲ့ကြ၍ ၄င်းတို့အနက် အမျိုး ၂၀၀ ကျော်သည် သစ်လွင်သော၊ အရည်အသွေးမြင့်မားသော၊ ထူးခြားသော အမျိုးအစား ဖြစ်ကာ ၄င်းသည် လက်ရှိ ပန်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နောက်ဆုံးပေါ် ရှေ့အလားအလာများကို ပြသထားပြီး မြို့သူမြို့သားများကို ကူမင်းမြို့ မထွက်ခွာဘဲ ကမ္ဘာတစ်ဝှမ်းမှ ပန်းများ၏ အလှကို ခံစားနိုင်စေသည်။
ဤအကြိမ်ပြပွဲ၏ ခေါင်းစဉ်သည် "ပန်းများ တုပ်နန်၌ ပွင့်ဖူးပြီး မွှေးရနံ့များ ကမ္ဘာသို့ ပျံ့သွားခြင်း" ဖြစ်ပြီး ပြခန်းများထဲတွင် ပန်းပင်များ၊ ပန်းမျိုးကောင်းမျိုးသန့်ပြုစုခြင်း၊ ပန်းအချောကိုင်ခြင်း၊ ပန်းပစ္စည်းများ၊ ပန်းနှင့်ပတ်သက်သော ဝန်ဆောင်မှုများနှင့် အဖွဲ့အစည်းများ စသည့် ကဏ္ဍများ ပါဝင်ပြသကာ နေရာအသီးသီးမှ လာသော ပန်းစိုက်သူများ၊ အရောင်းကိုယ်စားလှယ်များ၊ ပန်းဆိုင်ရှင်များနှင့် ပန်းလုပ်ငန်းပညာရှင်များအတွက် စီးပွားကုန်သွယ်ရေး ညှိနှိုင်းမှု၊ မူရင်းထောက်ပံ့မှု၊ စျေးကွက်စစ်ဆေးမှုနှင့် လုပ်ငန်းဖလှယ်မှုတို့ကို ပေါင်းစပ်ထားသော ဖလှယ်ရေးနှင့် အပြန်အလှန်ဆက်သွယ်မှု ပလက်ဖောင်းကို တည်ထောင်ပေးခဲ့သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့












