တရုတ်ပြည်တွင်းပြည်ပမှ ဧည့်သည် အယာက်တစ်ရာကျော်သည် ဆစ်ဆောင်ပန်းနားတွင် စုဝေးခဲ့ပြီး မြို့ပြအပူပိုင်းမိုးသစ်တောကို အတူလည်ပတ်ကြ

2024-12-11 16:12|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား ကိုကိုမောင်ဒီဇင်ဘာလ ၉ ရက်နေ့တွင် ၂၀၂၄ ခုနှစ် တောင်အာရှနှင့် အရှေ့တောင်အာရှ မီဒီယာမဟာမိတ် နှစ်ပတ်လည်ညီလာခံကို  ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် ကျင်းပခဲ့သည်။

ညီလာခံကျင်ပရာတွင်း မလေးရှား၊ သီရိလင်္ကာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံ စသည့် အခြားနိုင်ငံများမှ န်ကြားရေးအရာရှိများ၊ မီဒီယာကိုယ်စားလှယ်များ၊ ကျွမ်းကျင်သူများနှင့် ပညာရှင် အယောက် တစ်ရာကျော်သည် ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသ ပန်းဥယျာဉ်သို့ လှည့်လည်ကာ "မင်္ဂလာပါ ဆစ်ဆောင်ပန်းနား၊ မြို့ပြအပူပိုင်းမိုးသစ်တောတွင် နံနက်ခင်း ကျန်းမာရေးလေ့ကျင့်မှု"ဟူသော ခေါင်းစဉ်ဖြစ်သည့် လှုပ်ရှားမှုထဲတွင် ပါဝင်ခဲ့ကြသည်။

1

2

ဤလှုပ်ရှားမှုထဲတွင် "လေ့ကျင့်ခန်းလုပ်ပြီး ခန္ဓာကိုယ်ကို ဆန့်တန်းခြင်း" ၊ "မိုးသစ်တောထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့အရာတွေကို ရှာဖွေပြီး တောထဲမှာ ထူးဆန်းတဲ့အရာတွေကို စုဆောင်းပါ" ၊ "အသီးအနှံတွေကို မြည်းစမ်းပြီး အပူပိုင်းဒေသကို ရှာဖွေပါ" ၊ "ကော်ဖီတစ်ခွက်ကို သောက်ပြီး မနက်ကို နှိုဆော်ပါ"ဟူသော ဆောင်ပုဒ်များရှိပြီး ထူးခြားသော ခြေလျင်လျှောက်လမ်း လေးလမ်းကို စီမံထား၍ လမ်းကြောင်းတိုင်း၏ အဆုံးတွင် ပျော်စရာ ဂိမ်းများ စီစဉ်ထားပြီး အောင်မြင်စွာ ကျော်နိုင်လျှင် အမှတ်တံဆိပ်ဆုများရရှိနိုင်ပါသည်။ ထို့ပြင် ပန်းနှင့်သစ်ရွက်များ စုဆောင်းခြင်း၊ လည်ပတ်ခြင်းနှင့် အပြန်အလှန် ဖလှယ်ခြင်းများကိုလည်း စီစဉ်ပေးခဲ့ပြီး ပျော်ရွှင်မှုနှင့် ပူးပေါင်းပါဝင်မှုကို ပိုမိုတိုးတက်စေပါသည်။

3

4

စိတ်ကြည်နူးဖွယ်ရာကောင်းသော အငွေ့အသက်ထဲတွင် ပါဝင်သူများသည် ဆစ်ဆောင်ပန်းနားရှိ မြို့ပြအပူပိုင်းမိုးသစ်တော၏ ထူးခြားသော ဆွဲဆောင်မှုကို နက်ရှိုင်းစွာ ခံစားခဲ့ရုံသာမက တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများနှင့် ပိုမိုရင်းနှီးလာ၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ယဉ်ကျေးမှုဖလှယ်မှုများကို နက်ရှိုင်းစွာ မြှင့်တင်စေပြီး ၎င်းသည် လူသားနှင့် သဘာဝတရားတို့အကြား သဟဇာတရှိစွာ ယှဉ်တွဲနေထိုင်ခြင်း၏ လှပသော လိုအင်ဆန္ဒကို ကွက်ကွက်ကွင်းကွင်း ဖော်ပြခဲ့သည်။


12月9日,2024南亚东南亚媒体联盟年会在云南省西双版纳傣族自治州召开。

活动期间,来自马来西亚、斯里兰卡、老挝、越南、柬埔寨等国家以及国内的百余名新闻官员、媒体代表和专家学者走进西双版纳热带花卉园,参与了以“你好西双版纳,城市雨林晨练”为主题的特色打卡活动。

1

2

据悉,本次活动以“运动一下 舒展身体”“搜罗雨趣 汇聚林奇”“品尝水果 发现热带”“喝杯咖啡 唤醒清晨”为主题,规划了四条独具特色的徒步线路,每条线路终点均设有趣味游戏,挑战成功即可获得印章奖励。与此同时,沿途还安排了采集花叶和打卡互动,进一步增强了趣味性和参与感。

3

4

在轻松愉悦的氛围中,参与者不仅深度感受了西双版纳城市热带雨林的独特魅力,还增进了与南亚东南亚国家的情感联结,为深化区域合作与文化交流注入了新活力,生动诠释了人与自然和谐共生的美好愿景。(记者周柯妤 王宇衡)

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Yang Yan

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်