တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမအဆင့် ကာကွယ်ထားသော တောရိုင်းတိရိစ္ဆာန် ခရုစုတ်ခေါင်းမည်းသည် ရွှေလီမြို့တွင် ပေါ်လာခဲ့
2024-12-06 17:43|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) နိုဝင်ဘာ ၂၇ ရက်တွင် ယူနန်ပြည်နယ် တယ်ဟုန် ရှမ်းနှင့် ဂျိန်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ရွှေလီမြို့ရှိ နွန်မိုရေကန်၌ သဘာဝဂေဟဗေဒ ဓာတ်ပုံဆရာ တစ်ဦးသည် ဗျိုင်းအုပ်စုထဲ ရောနှောပေါင်းစပ်ပြီး ခေါင်းနှင့် နှုတ်တို့ အနက်ရောင်ဖြစ်သည့် ငှက်တစ်ကောင်ကို ရိုက်ကူးရခဲ့သည်။ မှတ်တမ်းရုပ်ရှင်များနှင့် နှိုင်းယှဉ် ခြင်းအားဖြင့် အဆိုပါငှက်သည် တရုတ်နိုင်ငံတွင် ရှားပါးသော အမျိုးသားအဆင့် ပထမအဆင့် ကာကွယ်ထားသော တောရိုင်းတိရစ္ဆာန် ခရုစုတ်ခေါင်းမည်း ဖြစ်၍ ၄င်းသည်လည်း ယူနန်ပြည်နယ် တယ်ဟုန် ရှမ်းနှင့် ဂျိန်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၌ ဤငှက်မျိုးကို ပထမဆုံးအကြိမ် မှတ်တမ်းတင်ရခြင်း ဖြစ်သည်။
11月27日,在云南省德宏州瑞丽市弄莫湖,自然生态摄影师拍摄到一只头和喙呈黑色的鸟混在白鹭群中。通过影像对比,该鸟为我国罕见的国家一级重点保护野生动物黑头白鹮,这也是云南省德宏州首次记录到这种鸟。(新华社 作者孙敏 朱边勇 岩晓 尹以祜 杨晓莹)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို ဇွန်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြပွဲကို ပါဝင်ရန် ကူမင်းမြို့မှ ဖိတ်ခေါ်
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မိုဟန်နယ်စပ်စစ်ဆေးရေးဂိတ်သည် ကြံပင်ပေါင်း တန်ချိန် ၁.၂၄ သန်းကျော်ကို လာအိုမှ တရုတ်သို့ တင်သွင်းနိုင်ရန် ပံ့ပိုးပေး
- ပထမ ၄ လအတွင်း ဟယ်ခုတ်နယ်စပ်ဂိတ်မှတစ်ဆင့် ပြည်ဝင်ပြည်ထွက် ခရီးသည်ပမာဏ အကြိမ်ရေ ၂ သန်းကျော်ရှိလာခဲ့
- ယူနန်၏ နိုင်ငံခြားကုန်သွယ်မှုသည် သုံးလပတ် ၅ ခုဆက်တိုက် တိုးတက်လာခဲ့
- တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
