ကူမင်းရှိ ရှီးလျန့်ထန် စိုစွတ်မြေဥယျာဉ်သည် ရောင်စုံသောရာသီချိန်သို့ ဝင်ရောက်
2024-12-05 14:11|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ကူမင်းမြို့ ကွမ်းတုရပ်ကွက်၌ တည်ရှိသည့် ရှီးလျန့်ထန် စိုစွတ်မြေဥယျာဉ်သည် ရောင်စုံသောရာသီချိန်သို့ ဝင်ရောက်နေပြီ။ ကူမင်းမြို့၏ အပြာရောင်ကောင်းကင်၏ တန်ဆာဆင်ခြင်းအောက်တွင် ကြည်လင်သော ရေများ တလူလူတလွင့်လွင့်ရှိခြင်း၊ ခေါင်းနီစင်ရော်များ ပေါ့ပါးဖျတ်လတ်စွာ ပျံဝဲခြင်း၊ မက်တာစီကွိုင်ယာပင်များ တဖြည်းဖြည်းနီလာခြင်း စသည်တို့ အပါအဝင် ပြောက်ကျီးပြောက်ကျား ရောင်စုံထသော ပန်းချီကားလိပ် တစ်ချပ်ချပ်ကို တွေ့မြင်နိုင်၍ လူများကို စိတ်စွဲလမ်းမှုကြောင့် ပြန်ရန် ပင်သတိမရပေ။
ရှီးလျန့်ထန် စိုစွတ်မြေဥယျာဉ်သည် တိန်ချီးရေကန်၏ မြောက်ဘက်ကမ်းရှိ ရှီးလျန့်ထန်ဧရိယာအပိုင်း၌ တည်ရှိပြီး ပေါင်ရှန့်မြစ်နှင့် နီးကပ်၍ ၂၀၁၈ ခုနှစ်ကုန်တွင် အများပြည်သူများသို့ စတင်ဖွင့်လှစ်ခဲ့သည်။ ကူမင်းမြို့ရှိ စိုစွတ်မြေဆိုင်ရာ သိပ္ပံပညာပေး အခြေခံစခန်းအဖြစ် ဤဥယျာဉ်ထဲတွင် အပင်ကြီးမျိုး အပင်ပေါင်း ၁ သောင်းနီးပါးရှိ၍ အဖိုးတန်၊ ရှားပါးသည့် ငှက်မျိုး ၁၀ မျိုးကျော်ရှိသည်။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ














