လိကျန်း-ရှန်ဂရီလာ ရထားလမ်းသည် လှပသော ကောင်းကင်လမ်း ဖြစ်၍ ဖွံ့ဖြိုးတိုးတက်ရေးလမ်းလည်း ဖြစ်
2024-11-30 15:44|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ယူနန်ပြည်နယ်ရှိ လိကျန်း- ရှန်ဂရီလာ ရထားလမ်းကို စတင်ဖွင့်လှစ်လည်ပတ်ခဲ့ခြင်းသည် ယူနန်ပြည်နယ် တီချင့် တိဗက်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု၌ ရထားလမ်းမရှိသည့် သမိုင်းကို ပြီးဆုံးစေသည်။ ဤရထားလမ်းသည် ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းဒေသ၏ ရထားလမ်းကွန်ရက်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုဆိုင်ရာ အားနည်းချက်များကို ဖြည့်ဆည်းပေးပြီး မြန်နှုန်းမြင့်ရထားဖြင့် နာမည်ကျော်သော ခရီးသွား ရှုခင်းသာနေရာများကို ချိတ်ဆက်ထားပြီး ယူနန်-တိဗက် ရှန်ဂရီလာ ခရီးသွားပတ်လမ်းကို ဖွဲ့စည်းဖြစ်လာပြီ ဖြစ်သည်။ လိကျန်း-ရှန်ဂရီလာ ရထားလမ်း ဖွင့်လှစ်လည်ပတ်သည့် တစ်နှစ်အတွင်း ကမ္ဘာအရပ်ရပ်မှ ခရီးသည်များသည် မြန်နှုန်းမြင့်ရထားစီးပြီး ရှန်ဂရီလာသို့ အဆက်မပြတ် ရောက်ရှိခဲ့ကြသည်။
စာရင်းကောက်ယူခြင်းအရ မနှစ်က အချိန်တူကာလထက် ယခုနှစ် တီချင့်ပြည်နယ်ခွဲရှိ ရှုခင်းသာရပ်ကွက်တိုင်း၏ ခရီးသည်စီးဆင်းမှုသည် ပျမ်းမျှခြင်းအားဖြင့် ရာခိုင်နှုန်း ၃၀ ကျော် တိုးလာခဲ့သည်။
လိကျန်း-ရှန်ဂရီလာ ရထားလမ်း ဖွင့်လှစ်လည်ပတ်သည့် တစ်နှစ်အတွင်း ခရီးသည်တင်ရထား စင်းပေါင်း ၅၁၀၀ ကျော်ကို ပြေးဆွဲခဲ့ပြီး ခရီးသည် ယောက်ပေါင်း ၃၁၇ သောင်းကျော်နှင့် ကုန်ပစ္စည်း တန်ပေါင်း ၄၁ သောင်းကို ပို့ဆောင်ခဲ့ကာ ရထားလမ်းတစ်လျှောက်ရှိ လူမျိုးစလုံးကို အကျိုးပြုပေးခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ
















