ပဉ္စမအကြိမ် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ နိုင်ငံတကာ ယဉ်ကျေးမှုလုပ်ငန်းပြပွဲတွင် ယူနန်သည် ယဉ်ကျေးမှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၆၃ ကို မိတ်ဆက်
2024-11-29 17:15|
ပြပွဲကျင်းပရာတွင် ယူနန့်ပြခန်းဧရိယာ၌ လာရောက်ကြည့်ရှုသူများ အမျှင်မပြတ် ရောက်လာခြင်း
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပဉ္စမအကြိမ် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ နိုင်ငံတကာ ယဉ်ကျေးမှုလုပ်ငန်းပြပွဲကို ရှန်ဟိုင်မြို့၌ ပြီးမြောက်အောင်မြင်စွာ ကျင်းပခဲ့သည်။ ယူနန့်ပြခန်းဧရိယာ၌ ပေါများကြွယ်ဝပြီး အမျိုးမျိုးအဖုံဖုံရှိသော ပြသရေးအကြောင်းအရာများကို တင်ပြခဲ့၍ ၄င်းသည် ယူနန်ပြည်နယ်၏ ထူးခြားသော ယဉ်ကျေးမှုလုပ်ငန်း၏ အထူးညှို့နိုင်စွမ်းများကို အပြည့်အဝ ပြသခဲ့သည်။
ယူနန့်ပြခန်းဧရိယာ၌ ဆင်၏မစင်များဖြင့် ပြုလုပ်သည့် ရေခွက်များ၊ မှတ်စုစာအုပ်များနှင့် ပန်းကာကွယ်အခံထည် စသည့် ထုတ်ကုန်ပစ္စည်းများသည် ပရိသတ် အများအပြားကို ဓာတ်ပုံရိုက်ရန်နှင့် မေးမြန်းရန် ဆွဲဆောင်ခဲ့သည်။
ဤအကြိမ်ပြပွဲတွင် ယူနန် ယဉ်ကျေးမှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုခေါ်ဆောင်မှု မိတ်ဆက်ပွဲကိုလည်း ကျင်းပခဲ့ကာ ယူနန်တစ်ပြည်နယ်လုံးရှိ ပြည်နယ်ခွဲ(မြို့) ၁၆ ခုနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၏ ယဉ်ကျေးမှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၆၃ ခုကို စုဆောင်းရရှိခဲ့ပြီး လိုအပ်သည့် ရင်းနှီးငွေ အယွမ်ပေါင်း ၄၂ ဘီလီယံ ကျော် ရှိသည်။ မိတ်ဆက်ပွဲတွင် အပြည်ပြည်ဆိုင်ရာ အနုပညာ ဖလှယ်မှုနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်မှု စသည့် ကဏ္ဍများဆိုင်ရာ စီမံကိန်း ၆ ခုကို အောင်မြင်စွာ စာချုပ်ချုပ်ဆိုခဲ့သည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




