ကူမင်းမြို့သည် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းများ လည်ပတ်မှုနှင့် အပြန်အလှန် ချိတ်ဆက်မှု ခေတ်သစ်ထဲတွင် ဝင်ရောက်

2024-11-27 16:01|ရောင်စုံတိမ်တံတား

2

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် တရုတ်-လာအို-ထိုင်း ရထားလမ်းမှ "ကူမင်း ကုန်းတွင်းဆိပ်ကမ်း"ဟု ခေါ်သည့် ကူမင်းမြို့ အန်နင်ရပ်ကွက်မှ ထိုင်းနိုင်ငံ ရနောင်းပြည်နယ်သို့ ဘက်စုံသယ်ယူပို့ဆောင်ရေး ကုန်တင်ရထားသည် ကူမင်းမြို့ အန်နင်ရပ်ကွက်မှ ထုတ်လုပ်သည့် ဓာတ်မြေသြဇာနှင့် အခြားစက်မှုထုတ်ကုန်ပစ္စည်းများကို တင်ဆောင်ထားပြီး ရနောင်းဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

လွန်ခဲ့သည့် ၆ ရက်တွင် တရုတ်-လာအို-ထိုင်း ရထားလမ်းမှ "ကူမင်း ကုန်းတွင်းဆိပ်ကမ်း"ဟု ခေါ်သည့် ထိုင်းနိုင်ငံ ရနောင်းပြည်နယ်မှ ကူမင်းမြို့ အန်နင်ရပ်ကွက်သို့ ဘက်စုံသယ်ယူပို့ဆောင်ရေး ကုန်တင်ရထားသည် ထိုင်းနိုင်ငံ ရနောင်းပြည်နယ်နှင့် ချမ်ဖွန်ပြည်နယ်တို့မှ ထွက်သည့် ဒူးရင်းသီးများကို တင်ဆောင်ထားပြီး ကူမင်း အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းများထဲမှ အန်နင်မြောက်ဘက်ဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။

ယခုအထိ၊ တရုတ်-လာအို-ထိုင်း ရထားလမ်းမှ "ကူမင်း ကုန်းတွင်းဆိပ်ကမ်း"ဟု ခေါ်သည့် ဘက်စုံသယ်ယူပို့ဆောင်ရေး ကုန်တင်ရထားသည် ပထမဦးဆုံး အပြန်အလှန် သွားလာမှု ခရီးစဉ်ကို ပြေးဆွဲပြီးဆုံးခဲ့ပြီ ဖြစ်သည်။

3

နိုဝင်ဘာလ ၁၉ ရက်နေ့တွင် "ကူမင်း ကုန်းတွင်းဆိပ်ကမ်း"ဟု ခေါ်သည့် တရုတ်နိုင်ငံ ကူမင်းမြို့ အန်နင်ရပ်ကွက်မှ ထိုင်းနိုင်ငံ ရနောင်းပြည်နယ်သို့ ဘက်စုံသယ်ယူပို့ဆောင်ရေး ကုန်တင်ရထားသည် စတင်ထွက်ခွာခြင်း

4

နိုဝင်ဘာလ ၂၆ ရက်နေ့တွင် "ကူမင်းမြို့ အန်နင်ရပ်ကွက်မှ ထိုင်းနိုင်ငံ ရနောင်းပြည်နယ်သို့ ဘက်စုံသယ်ယူပို့ဆောင်ရေး ကုန်တင်ရထား ရောက်ရှိခြင်းကို ကြိုဆိုအခမ်းအနား" ကို ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်း၌ ကျင်းပခဲ့သည်။ ရနောင်းပြည်နယ်မှ လက်ထောက်အုပ်ချုပ်ရေးမှူးနှင့် ရနောင်မြို့တော်ဝန်တို့သည် တက်ရောက်ပြီး အမှာစကားပြောကြားခြင်း

ဤခရီးစဉ်မှာ တရုတ်-လာအို ရထားလမ်း မှီခိုပြီး ဘက်စုံသယ်ယူပို့ဆောင်ရေး ရထားများ ဖွံ့ဖြိုးတိုးတက်သည့် အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကာ တရုတ်-လာအို ရထားလမ်းတစ်လျှောက် မြို့များမဟာမိတ်အဖွဲ့၏ မူဘောင်အောက်တွင် အရေးကြီးသော အောင်မြင်မှု ဖြစ်၍ ယူနန်ပြည်နယ်မှ "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု"၏ တောင်ဘက်သို့ ပေါက်ရောက်ရာလမ်း တည်ဆောက်ရေးကို ရှေ့သို့တွန်းတင်ရန် ရရှိသည့် တိုးတက်မှုသစ် ဖြစ်၍ ကူမင်းမြို့အတွက် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းဆိပ်ကမ်းများ လည်ပတ်မှုနှင့် အပြန်အလှန် ချိတ်ဆက်မှု ခေတ်သစ်ထဲတွင် ဝင်ရောက်ရန် အားကောင်းသည့် အင်ဂျင်လည်း ဖြစ်သည်။

5

ရထားသည် တရုတ်-လာအို ရလားလမ်းပေါ်တွင် ခုတ်မြောင်းပြေးဆွဲနေခြင်း


2

2024年11月26日,中老泰铁路“昆明陆港号”昆明安宁至泰国拉廊多式联运货运列车载着昆明安宁制造的化肥等工业产品,抵达拉廊港。

6天前,中老泰铁路“昆明陆港号”泰国拉廊至昆明安宁多式联运货运列车载着泰国拉廊、春蓬的榴莲,抵达昆明国际陆港安宁北港。

山海一程,中老泰铁路“昆明陆港号”多式联运货运列车完成首趟双向奔赴。

3

11月19日,“昆明陆港号”中国昆明安宁至泰国拉廊多式联运货运列车发车。

4

11月26日,在泰国拉廊港口举行“昆明安宁—泰国拉廊到达接车仪式”。拉廊府副府尹、拉廊市市长出席并致辞。

这一程,开启了依托中老铁路开展多式联运班列的全新篇章,是中老铁路城市联盟框架下的重要成果,是云南省推进“一带一路”南向通道建设取得的新进展,也是昆明市进入国际陆港运营联通新时代的强有力引擎。(撰文:刘瑞 缪亚平 图源:杨艳辉 赵伟 魅力安宁 制图:张伟)

5

列车行驶在中老铁路上。

အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်