သတ္တမအကြိမ် "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု၊ ရောင်စုံယူနန်" မော်တော်ကား Rally ပြိုင်ပွဲကို ကူမင်းမြို့၌ စတင်ကျင်းပခဲ့
2024-11-25 14:54|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သတ္တမအကြိမ် "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု၊ ရောင်စုံယူနန်" မော်တော်ကား Rally ပြိုင်ပွဲကို တရားဝင် စတင်ကျင်းပခဲ့သည်။ SUV ၄၅ စီးဖြင့် ဖွဲ့စည်းလာသည့် ယာဉ်တန်းသည် တရုတ်နိုင်ငံမှ ထွက်ခွာ၍ လာအိုနိုင်ငံ Houayxay မြို့နယ်၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ စသည့် နေရာများကို ဖြတ်သန်းသွားမည် ဖြစ်၍ ၁၉ ရက်ကြာ တရုတ်နိုင်ငံသို့ ပြန်လာနိုင်မည် ဖြစ်ပြီး ခရီးစဉ် စုစုပေါင်း ကီလိုမီတာ ၈၀၀၀ ခန့် ရှိသည်။
ယူနန်ပြည်နယ်ရှိ အားကစားနယ်ပယ်တွင် နိုင်ငံခြားသို့ ဖလှယ်မှုများပြုလုပ်သည့် အဓိက နိုင်ငံတကာ အမှတ်တံဆိပ်ပြိုင်ပွဲ တစ်ခုအဖြစ် "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု၊ ရောင်စုံယူနန်" မော်တော်ကား Rally ပြိုင်ပွဲကို ၆ ကြိမ် အောင်မြင်စွာ ကျင်းပခဲ့ပြီ ဖြစ်ကာ ၄င်းသည် "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" အဆိုပြုချက်ကို ဖြန့်ဖြူးရန်၊ တရုတ်အားကစားစိတ်ဓာတ် တိုးပွားရန်နှင့် ယူနန်ပုံပြင်ကို ကောင်းမွန်အောင် ပြောပြရန်အတွက် အကျိုးရှိသည့် စူးစမ်းလေ့လာမှုများကို ဆောင်ရွက်ခဲ့ကာ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေး တစ်ခုလုံးအခြေအနေကို ဝန်ဆောင်မှုပေးပြီး ပူးပေါင်းဆောင်ရွက်မှုကို စုစည်းပြီး ဖွံ့ဖြိုးတိုးတက်ရေး၏ တူညီသော အချက်ကို အတူတူ ရှာကြံသည့် သက်ဝင်ထင်ရှားသည့် လက်တွေ့ဖော်ဆောင်မှု ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း မိတ်ဆက်ခြင်းအရ သိရှိရခဲ့သည်။
SUV ၄၅ စီး၊ လူ အယောက်ပေါင်း ၁၃၀ ဖြင့် ဖွဲ့စည်းလာသည့် ယာဉ်တန်းသည် လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကို ဖြတ်သန်း၍ နောက်ဆုံးတွင် ရှစ်ဆောင်ပန်းနားပြည်နယ်ခွဲသို့ ပြန်လာမည် ဖြစ်သည်။ ပြိုင်ပွဲသည် "တရုတ်-မလေးရှား သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်ပေါင်း ၅၀ ပြည့်နှင့် တရုတ်-မလေးရှား ချစ်ကြည်ရေးနှစ်" စသည့် ခေါင်းစဉ်ကို ဝိုင်းပတ်၍ "အားကစားနှင့် တခြား" လှုပ်ရှားမှုစီးရီး မှတစ်ဆင့် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်မှုနှင့် ဖလှယ်မှုများကို တိုးမြှင့်ရန်၊ "လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု" "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်ခု" တစ်လျှောက်မှ နိုင်ငံခြားများနှင့် အားကစား၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး စသည့် နယ်ပယ်များတွင် ရောနှောပေါင်းစပ်စွာ ဖွံ့ဖြိုးတိုးတက်လာသည့် အဆင့်အတန်းနှင့် အရည်အချင်းကို တိုးမြှင့်ရန် ရည်ရွယ်ချက်များ ရှိသည်။ ပြိုင်ပွဲသည် နိုင်ငံခြားနှင့် ဖလှယ်မှုပြုလုပ်သည့် အရေးကြီးသော တာဝန်ကို ထမ်းဆောင်နေရုံသာမက နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူလူထုများအကြား ဆက်ဆံရေးတို့ကိုလည်း စိတ်အားထက်သန်စွာ တွန်းအားပေးနေပြီ ဖြစ်သည်။
昆明信息港讯 记者周智宇 11月20日,第七届“一带一路•七彩云南”汽车拉力赛正式启程。45辆越野车组成的车队从中国出发,将途经老挝会晒、泰国清迈、马拉西亚吉隆坡等地,历时19天返回中国,总行程约8000公里。
据介绍,“一带一路·七彩云南”汽车拉力赛作为云南体育重点对外交流国际品牌赛事已成功举办了6届,为传播“一带一路”倡议、弘扬中华体育精神、讲好云南故事进行了有益探索,成为了服务国家外交大局、凝聚团结协作、共谋发展共识的生动实践。
45辆车130人组成的车队将途经老挝、泰国、马来西亚三国,最后返回西双版纳收车。赛事围绕“中马建交50周年暨中马友好年”等主题,通过“体育+”系列活动,旨在促进多方合作与交流,推进与“澜湄合作”“一带一路”沿线国家在体育、文化、商贸等领域融合发展的层次和水平。赛事不仅承担着对外交流的重任,还有力推动了跨境旅游、投资和民间交往。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ