ယူနန်ပြည်နယ်၏ မိုးဆန်းပန်းများ တင်ပို့မှုပမာဏသည် အများအပြား တိုးလာခဲ့
2024-11-22 15:46|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ ကူမင်းအကောက်ခွန်ရုံးမှ ကူမင်းချန်ရှူ အပြည်ပြည်ဆိုင်ရာ လေဆိပ် အကောက်ခွန်ဌာနသည် မိုးဆန်းပန်း တန်ပေါင်း ၆၇၇၆ ကို ကြီးကြပ်ကွပ်ကဲရခဲ့ပြီး တန်ဖိုးမှာ ယွမ် သန်း ၂၅၀ ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ၅၄.၁ ရာခိုင်နှုန်းနှင့် ၃၁.၆ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့ကာ တစ်နေ့လျှင် ပျမ်းမျှခြင်းအားဖြင့် မိုးဆန်းပန်း အခိုင် ၄ သောင်းနီးပါးကို ကြီးကြပ်ကွပ်ကဲရခဲ့သည်။ “နိုဝင်ဘာလ ၁၁ ရက်နေ့ မတိုင်မီနှင့် ကုန်ဆုံးသည့် ရက်များအတွင်း ကျင်းပသည့် စျေးဝယ်ပွဲတော်” သည် နိုင်ငံရပ်ခြားတွင် ရေပန်းစားလာသည်နှင့်အမျှ ယူနန်ပြည်နယ်၏ မိုးဆန်းပန်းများ တင်ပို့ရောင်းချမှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည် ဖြစ်ကြောင်း သတင်းထောက်သည် ကူမင်းအကောက်ခွန်ရုံးမှ သိရှိရခဲ့သည်။
“နိုဝင်ဘာလ ၁၁ ရက်နေ့ မတိုင်မီနှင့် ကုန်ဆုံးသည့် ရက်များအတွင်း ကျင်းပသည့် စျေးဝယ်ပွဲတော်”တွင် ကူမင်းချန်ရှူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ အကောက်ခွန်ကြီးကြပ်ရေးနေရာ၌ ပုံမှန်ထက် အလုပ်များသည်။ နှင်းဆီပန်း၊ ဇော်မွှားပန်းနှင့် မြစ်ကိုင်းပန်း စသည့် ရောင်စုံသော မိုးဆန်းပန်းများ တင်ဆောင်ထားသည့် သေတ္တာများကို အကောက်ခွန်ဝန်ထမ်းများက စစ်ဆေးပြီး ပုံမှန်ဖြစ်ကြောင်း တွေ့ရှိပြီးနောက် နိုင်ငံတကာလေယာဉ်ဖြင့် နိုင်ငံရပ်ခြားစျေးကွက်များသို့ ဝင်ရောက်ကာ ကမ္ဘာ့နိုင်ငံအသီးသီးမှ လူများ၏ ဘဝထဲတွင် လှပသော အလှဆင်ပစ္စည်းများ ဖြစ်လာခဲ့သည်။
"နိုဝင်ဘာလမှာ ကျွန်တော်တို့က တစ်နေ့ရင် ပျမ်းမျှခြင်းအားဖြင့် မိုးဆန်းပန်း အခိုင် ၁၅ သောင်းခန့်ကို ကြီးကြပ်ကွပ်ကဲရခဲ့ပြီး ပုံမှန် အရေအတွက်ထက် ၃.၇၅ ဆ တိုးလာခဲ့ပါတယ်" ဟု ကူမင်းချန်ရှူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ အကောက်ခွန်ဆိပ်ကမ်း ကြီးကြပ်ရေး ဌာနစု ၁ မှ လက်ထောက်ဌာနစုမှူး ရှူမိုက်က မိတ်ဆက်ပေးခဲ့သည်။
"အရည်အသွေး အာမခံချက်ရှိစေခြင်းနှင့် အကောက်ခွန်ရှင်းလင်းရေးတို့က ကျွန်တော်တို့ နိုဝင်ဘာလ ၁၁ ရက်နေ့ မတိုင်မီနှင့် ကုန်ဆုံးသည့် ရက်များအတွင်း ကျင်းပသည့် စျေးဝယ်ပွဲတော်ရဲ့ စည်ပင်သာယာတဲ့ အချိန်ကာလကို ဆုပ်ကိုင်နိုင်ပြီး ပြည်ပစျေးကွက်ကို ချဲ့ထွင်စေပြီး ယူနန်ပြည်နယ်ရှိ မိုးဆန်းပန်း အမှတ်တံဆိပ်ကို ပိုမိုတောက်ပစေတယ်"ဟု ယူနန် တုံးချမ် အေဂျင်စီဝန်ဆောင်မှု ကုမ္ပဏီလီမိတက်မှ အကောက်ရုံးထံသတင်းပို့ခြင်းလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူ လီရွှေက ပြောကြားခဲ့သည်။
နောက်တစ်လှမ်းအနေဖြင့် ကူမင်းချန်ရှူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ အကောက်ခွန်ဌနသည် စမတ်ကျသော အကောက်ခွန်တည်ဆောက်မှုနှင့် "စမတ်ကျသော အကောက်ခွန်မှာ နိုင်ငံတော်ကို အားကောင်းစေခြင်း" ဆောင်ရွက်မှု တို့ကို ဆက်လက် ရှေ့သို့တွန်းတင်မည် ဖြစ်၍ ကြီးကြပ်မှု၏ စွမ်းဆောင်ရည်ကို တိုးမြှင့်စေပြီး ဝန်ဆောင်မှု၏ အရည်အသွေးကို မြှင့်တင်စေပြီး အကောက်ခွန်မူဝါဒ၏ အမြတ်ဝေစုများကို အဆက်မပြတ် ထုတ်လွှတ်မည် ဖြစ်၍ ယူနန်ပြည်နယ်ရှိ မိုးဆန်းပန်းလုပ်ငန်း အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို အားသွန်ခွန်စိုက် မြှင့်တင်ပေးမည် ဖြစ်သည်။
昆明信息港讯(昆明日报 记者缪亚平 通讯员马舒娴)记者从昆明海关获悉,今年前10个月,昆明海关所属昆明长水机场海关共监管验放出口鲜切花6776吨,货值达2.5亿元,同比分别增长54.1%、31.6%,平均每天验放鲜切花近4万枝。随着“双十一”火到海外,云南鲜切花出口销售更是掀起高潮。
“双十一”期间,昆明长水国际机场的海关监管现场比平日更加繁忙。一箱箱玫瑰、康乃馨、月季等色彩斑斓的鲜切花在海关关员查检无异常后,搭乘国际航班进入海外市场,成为世界各国人民生活中的美丽点缀。
“进入11月,我们平均每天验放鲜切花约15万枝,是平时的3.75倍。”昆明长水机场海关口岸监管一科副科长徐迈介绍。
“品质保障和快速通关,让我们能够抓住‘双十一’黄金时段拓展海外市场,让‘云花’招牌越擦越亮。”云南东橙代理服务有限公司报关业务负责人李雪说。
下一步,昆明长水机场海关将持续深入推进智慧海关建设和“智关强国”行动,为监管增效、为服务提质,不断释放海关政策红利,力促云南鲜切花产业高质量发展。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ