ယူနန်ပြည်နယ် စီမောင်ရပ်ကွက်၌ ကော်ဖီပင်များပေါ်တွင် အသီးသီးနေ
2024-11-22 15:32|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုအချိန်သည် ကော်ဖီပင်များ အသီးသီးရန် အချိန်ကာလကောင်း ဖြစ်သည်။ ယူနန်ပြည်နယ် ဖူအယ်မြို့ စီမောင်ရပ်ကွက် ပိုင်ဆားဖိုရွာသို့ ဝင်ရောက်ပြီးနောက် စိမ်းလန်းသော ကော်ဖီပင်များကို မျက်စိတစ်ဆုံးသို့ လှမ်းကြည့်ရသည်။ တောတောင်များအကြားရှိ ကော်ဖီပင်များပေါ်၌ အစေ့ပြည့်တင်းသည့် အသီးများကို ချိတ်ဆွဲထား၍ အချို့အသီးများ အနည်းငယ် နီလာကာ အသီးများ ရှင်ရှင်သန်သန်ရှိသည်။
နံနက်စောစောတွင် ကော်ဖီစိုက်ပျိုးသူ ယန်မင်သည် ကော်ဖီပင်များကို ထိန်းသိမ်းစောင့်ရှောက်ရန် သူ၏ ကော်ဖီဥယျာဉ်သို့ သွားရောက်သည်။ "ကျွန်တော်မိသားစုက အမို ၈၀ ကျော် ကျယ်ဝန်းတဲ့ ကော်ဖီတွေကို စိုက်ပျိုးပြီး မနှစ်က တစ်မိုလျှင် ထွက်ကုန်အရေအတွက်က ၈၀၀ ကီလိုဂရမ်လောက် ရှိခဲ့တယ်။ ဒီနှစ်မှာ မိုးရေများလို့ ကော်ဖီပင်တွေ ရှင်သန်ကြီးထွားလာတယ်၊ အသီးသီးတာ အခြေအနေလည်း အရမ်းကောင်းတယ်၊ အတွက်မှာ ကောင်းကောင်းလဲ ဖြစ်ရမယ်" ဟု ယန်မင်က ပြောကြားခဲ့သည်။
စီမြောင်ရပ်ကွက်၌ ကော်ဖီစိုက်ပျိုးရေး ဧရိယာအကျယ်အဝန်းမှာ အမို ၂၃.၁၅ သောင်း ရောက်ရှိခဲ့ပြီး လက်ရှိအချိန်တွင် အစိမ်းရောင်သြဂဲနစ် သက်သေပြုခြင်းအခြေခံစခန်း ဧရိယာအကျယ်အဝန်းမှာ အမို ၆.၆၇ သောင်း ရှိသည် ဖြစ်ကြောင်း၊ စက်တင်ဘာလ လကုန်အထိ ရပ်ကွက်တစ်ခုလုံး၌ ၂၀၂၄ ခုနှစ်တွင် ကော်ဖီစေ့ထွက်ကုန်အရေအတွက်မှာ တန်ချိန် ၂.၄၅ သောင်း ရှိပြီး အထွေထွေထွက်ကုန်တန်ဖိုးမှာ ယွမ် ၄.၀၁၆ ဘီလီယံ ရှိသည် ဖြစ်ကြောင်း သိရှိခဲ့ရသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ








