ကူမင်းမြို့နှင့် ၎င်း၏ နိုင်ငံတကာ ချစ်ကြည်ရေးမြို့ (၂၆) မြို့အကြားတွင် တောင်နှင့်ပင်လယ်များ ဖြတ်ကျော်သည့် ချစ်ကြည်မှုကို ဖော်ပြထား
2024-11-13 17:43|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) နိုဝင်ဘာလ ၁၁ ရက်နေ့၌ ကျင်းပခဲ့သည့် ၂၀၂၄ ခုနှစ် တရုတ် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ညီလာခံဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ကူမင်းမြို့ သက်ဆိုင်ရာ ခေါင်းဆောင်များသည် မီဒီယာများမှ သတင်းထောက်များအား ကူမင်းမြို့၏ နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ပေါင်းသင်းရေးလုပ်ငန်း အခြေအနေကို ရှင်းလင်းတင်ပြခဲ့သည်။ လက်ရှိအချိန်တွင် ကူမင်းမြို့သည် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ (၂၆) တွဲကို ပေါင်းသင်းနေကြပြီ ဖြစ်သည်။
ကူမင်းမြို့သည် ၁၉၈၁ ခုနှစ်တွင် ဂျပန်နိုင်ငံ ထိန်ကျယ်မြို့နှင့် ပထမဆုံး နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ပေါင်းသင်းခဲ့ပြီကတည်းက တိုက်ကြီး ၅ တိုက်ရှိ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ မြို့ပေါင်း ၂၆ မြို့တို့နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပေါင်းသင်ခဲ့ကြသည် ဖြစ်ပြီး ၎င်းအနက် အာရှတိုက် ၁၅ တွဲ၊ ဥရောပတိုက် ၅ တွဲ၊ အမေရိကတိုက် ၃ တွဲ၊ အိုရှန်းနီးယားတိုက် ၂ တွဲနှင့် အာဖရိကတိုက် ၁ တွဲ ဖြစ်ကြ၍ တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများနှင့် ပေါင်းသင်းထားသည့် ချစ်ကြည်ရေးမြို့ အရေအတွက်မှာ တရုတ်တစ်နိုင်ငံလုံးမှ ရှေ့တန်းစာရင်းထဲ၌ ပါဝင်ထားသည်။
နှစ်ပေါင်းများစွာ ကြိုးပမ်းဆောင်ရွက်ထားခြင်းဖြင့် ကူမင်းမြို့၏ နိုင်ငံတကာ ချစ်ကြည်ရေးမြို့ လုပ်ငန်းမှာ အောင်ကျိုးရလဒ် အများအပြား ရရှိပြီး "နိုင်ငံတကာ ချစ်ကြည်ရေးမြို့ အထူး အကျိုးဆောင်ဆု" နှင့် "နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆု" စသည့် ဂုဏ်ထူးများကို ရရှိခဲ့ကြသည်။
နိုင်ငံတကာ ကူးလူးဆက်ဆံရေး ပလက်ဖောင်းကို ဖန်တီး၍ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူစံစားကြသည်။ ကူမင်းမြို့သည် ကူမင်း နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ခရီးသွားလုပ်ငန်း မဟာမိတ်အဖွဲ့၊ ကူမင်း နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ပညာရေးပူးပေါင်းဆောင်ရွက်မှု မဟာမိတ်အဖွဲ့နှင့် ကူမင်း နိုင်ငံတကာ စီးပွားကုန်သွယ်ရေးဆိုင်ရာ ခုံတင်ဆုံးဖြတ်ခြင်း ဝန်ဆောင်မှုစင်တာတို့ကို ဆက်တိုက်ထူထောင်ခဲ့ကြ၍ ၂၀၂၂ ခုနှစ်တွင် နယ်စပ်ဆိပ်ကမ်းမြို့နယ် ဖြစ်သည့် မိုဟန်မြို့နယ်ကို တာဝန်အပ်နှင်းချက်အရ စီမံခန့်ခွဲပြီးနောက် နယ်နိမိတ်ချင်း ဆက်စပ်ထားသည့် လာအိုနိုင်ငံ နန်ထာပြည်နယ်နှင့် ချစ်ကြည်ရေးမြို့ဖြစ်အောင် ရည်ရွယ်ချက် ချမှတ်ခဲ့ပြီး သက်ဆိုင်ရာ လုပ်ငန်းယန္တရားများကို ထူထောင်ခဲ့ကြကာ လက်ရှိအချိန်တွင် "တရုတ်-လာအို ရထားလမ်း မြို့ပြမဟာမိတ်အဖွဲ့" ကို ထူထောင်ရန် စီစဉ်နေပြီ ဖြစ်၍ ရထားလမ်းတစ်လျှောက်ရှိ မြို့ပြများကို အခွင့်အလမ်းများ အတူစံစားစေရန်နှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် အားသွန်ခွန်စိုက် တွန်းအားပေးနေသည်။
လူမှုရေးဖလှယ်မှုကို စဉ်ဆက်မပြတ် တိုးချဲ့၍ ယဉ်ကျေးမှု အချင်းချင်း ဖလှယ်မှတ်ယူမှုကို တွန်းအားပေးသည်။ ကူမင်းမြို့သည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့နှင့် ဂျပန်နိုင်ငံ ထိန်ကျယ်မြို့ စသည့်နေရာများတွင် "ကူမင်းဥယျာဉ်"ကို အတူတကွ တည်ဆောက်ခဲ့ကြသည် ဖြစ်၍ တရုတ် နိုင်ငံတော်သီချင်း၏ တေးရေးဆရာ Nie Er၊ အမေရိကန် ကျားပျံအဖွဲ့ မှ စစ်သားဟောင်း၊ နန်ရန်း (ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်း)ပင်လယ်ရပ်ခြားရောက် တရုတ် ကားမောင်းကားပြင် အလုပ်သမားများနှင့် ရေကြောင်းလမ်းပြသူ Zheng He စသည်တို့သည် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ နှင့် ပေါင်းသင်းဆက်ဆံရာတွင် ထူးခြားသော နာမည်ကျော်အမည်ကတ်ပြား ဖြစ်လာကြသည်။ ထို့ပြင် ကူမင်းမြို့သည် အင်္ဂလန်နိုင်ငံ လီဗာပူးမြို့၊ နီပေါနိုင်ငံ ဘိုကလာမြို့ စသည့်နေရာများနှင့်အတူ အားကစားလှုပ်ရှားမှုများ ကျင်းပခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှုကို လက်ဆင့်ကမ်း၍ ကူမင်းစာဖတ်ခန်းများ လှူဒါန်းတည်ဆောက်ခြင်းနှင့် ချစ်ကြည်ရေးမြို့ လူငယ် အချင်းချင်းဖလှယ်ရေး ဆောင်ရွက်ခြင်း စသည်တို့ဖြင့် ကူမင်းမြို့၏ ယဉ်ကျေးမှုကို ကမ္ဘာသို့ ထွန်းကားစေသည်။
နယ်ပယ်ပေါင်းစုံတွင် လုပ်ငန်းရပ်များ ပူးပေါင်းဆောင်ရွက်ပြီး မြို့ပြတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ၀န်ဆောင်မှုပေးလျက်ရှိသည်။ ကူမင်းမြို့သည် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့နှင့်အတူ မြို့ပြအတွင်းမှ ရေပေးရေထုတ်ရေးလုပ်ငန်း၊ အများပြည်သူ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်း စသည့် အဖက်ဖက်တွင် ပူးပေါင်းဆောင်ရွက်မှုရလဒ် အများအပြား ရရှိခဲ့သောကြောင့် နှစ်မြို့တို့၏ ချစ်ကြည်ရေးကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမျိုးသား နိုင်ငံခြားချစ်ကြည်ရေး အသင်းတို့သည် တစ်နိုင်ငံလုံးမှ "စံပြချစ်ကြည်ရေးမြို့" အဖြစ် အကဲဖြတ်ရွေးချယ်ခဲ့ဖူးသည်။ ကူမင်းမြို့သည် အမေရိကန်ပြည်ထောင်စု Denver မြို့နှင့်တူ ဆောင်ရွက်ကြသည့် တရုတ်-အမေရိကန်-အာဖရိက နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းမှာ ကုလသမဂ္ဂ၏ "တောင်-တောင် ပူးပေါင်းဆောင်ရွက်မှုဆု" ရရှိခဲ့သည့်အပြင် ဖင်လန်နိုင်ငံ Jyvaskylaမြို့နှင့်အတူ ဆောင်ရွက်သည့် အစိမ်းရောင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှု၊ ချက်သမ္မတနိုင်ငံ Olomoucမြို့နှင့်အတူ ဆောင်ရွက်သည့် အပ်စိုက်ကုသခြင်း နည်းပညာ ဖလှယ်ရေးလှုပ်ရှားမှုတို့သည် မြို့နှစ်မြို့မှ ပြည်သူများ၏ ချီးကျူးမှုများ ရရှိခဲ့ကြသည်။
အနာဂတ်တွင် ကူမင်းမြို့သည် နိုင်ငံတကာ ချစ်ကြည်ရေးမြို့ အခင်းအကျင်းကို ဆက်လက်တိုးချဲ့စေပြီး နိုင်ငံတကာ ချစ်ကြည်ရေးမြို့ ကွန်ရက်ကို ဆက်လက်ပြည့်စုံစေရမည် ဖြစ်၍ နိုင်ငံတကာ ချစ်ကြည်ရေးမြို့နှင့်အတူ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စသည့် ပိုမိုများပြားသော နယ်ပယ်များတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး အဆင့်မြင့် တံခါးဖွင့်မှု ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို အတူတကွ စံစားရမည် ဖြစ်သည်။
11月11日,2024中国国际友好城市大会新闻发布会上,昆明市有关领导向与会媒体记者介绍了昆明市国际友城工作情况。目前,昆明市已对外缔结国际友城26对。
自1981年与日本藤泽市建立第一对国际友城以来,昆明已与五大洲22个国家的26个城市缔结友好关系,其中亚洲15对,欧洲5对,美洲3对,大洋洲2对,非洲1对,与南亚东南亚国家缔结友好城市数量居全国前列。
经过多年努力,昆明国际友城工作取得丰硕成果,真正做到广结良缘、广开门路、广交朋友、广泛合作,相继获得“国际友好城市特别贡献奖”“国际友好城市交流合作奖”等荣誉。
打造国际交往平台,共享合作发展机遇。相继成立昆明国际友城旅游联盟、昆明国际友城教育合作联盟、昆明国际商事仲裁服务中心。2022年托管边境口岸城镇磨憨以来,与毗邻的老挝南塔省确立了发展友好城市关系意向并建立工作机制。目前,正筹划打造“中老铁路城市联盟”,全力推动沿线城市共享机遇,共促发展。
持续扩大人文交流,推动文明互鉴。在瑞士苏黎世市、日本藤泽市等地共建“昆明园”。国歌作曲者聂耳、美国飞虎队老兵、南侨机工、航海家郑和等,成为国际友城交往的独特名片。与英国利物浦市、尼泊尔博克拉市等地,通过举办体育活动传承友谊。捐建昆明书屋、开展友城青少年交流等,让昆明的文化走向世界。
开展多领域项目合作,服务城市建设发展。与瑞士苏黎世市在城市供排水、公共交通等方面合作成果丰硕,两市友好关系曾被外交部和全国对外友协评为全国“模范友城”。与美国丹佛市开展的中美非技术合作项目,获联合国“南南合作奖”,与芬兰于韦斯屈莱市的绿色环保合作、捷克奥罗莫茨市的针灸技术交流赢得两市民众赞誉。
未来,昆明市将继续拓展国际友城布局、织密国际友城网络,携手国际友城在经济、文化、教育、科技等更多领域深化务实合作,共享高水平的开放发展机遇。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ