ယူနန်ပြည်နယ် အယ်ယွန်ခရိုင်တွင် ရှေးဟောင်းသစ်ပင်များနှင့် ရှေးဟောင်းမြို့နယ်သည် အပြန်အလှန် တန်ဆာဆင်ထား၍ ဆောင်းဦးရာသီရှုခင်းများ ပန်းချီကဲ့သို့ လှပ
2024-11-08 16:34|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဆောင်းကူးရာသီနှောင်းပိုင်းကာလတွင် ယူနန်ပြည်နယ် တာ့လီ ပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ အယ်ယွန်ခရိုင်၌ ရှေးဟောင်းအဆောက်အအုံများနှင့် ရှေးဟောင်းသစ်ပင်များသည် အပြန်အလှန် တန်ဆာဆင်ထား၍ သာယာလှပသော ဆောင်းဦးရာသီ ပန်းချီကားလိပ်တစ်ချပ်ကို ဖွဲ့စည်းလာပြီ ဖြစ်သည်။
အယ်ယွန် ကွန်ဖြူးရှပ်တန်းဆောင်၏ ရှေးဟောင်းအဆောက်အအုံများသည် တောင်ကို မှီခို၍ တည်ဆောက်ထားပြီး ကြီးကျယ်ခန့်ညားသည်။ ရှေးဟောင်း သစ်လက်ဖက်ပင် သုံးလေးငါးပင်သည် ထင်ထင်ရှားရှား တွေ့မြင်နိုင်ပြီး ၎င်းတို့၏ ဆောင်းဦးအရွက်များမှာ လိမ္မော်ရောင်မှ အနီရင့်သို့ ပြောင်းလဲလာ၍ သစ်ကိုင်းသစ်ခက်များပေါ်၌ ခရမ်းနီရောင် ဖြစ်သည့် အသီးများဖြင့် အလှဆင်ထားသည်။
"စာပေအရေးအသားဒေသ" ဖြစ်သော ဖုန့်ယိုရှေးဟောင်းမြို့နယ်ထဲမှ ဖုန့်ရှောင်စာဖတ်ရိပ်သာတွင် ရှည်လျားသော သမိုင်းကြောင်းရှိသည့် ရှေးဟောင်းဂျင်ဂိုပင် တစ်ပင်သည် အစိမ်းရောင်အုတ်ခဲများနှင့် အနက်ရောင်အုတ်ကြွပ်များ၊ အိမ်ခန်းတွင်း လှပရွှန်းတင့်သော အမွမ်းအမံများ ပါရှိသည့် ရှေးဟောင်းအဆောက်အအုံများနှင့် အပြန်အလှန် အကျိုးကျေးဇူးဖြစ်ထွန်းလျက်ရှိသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
- ကူမင်းမှ ထူလူဖန်းသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးသွား စင်းလုံးငှားလေယာဉ်ကို ၂၀ ရက်နေ့တွင် ဖွင့်လှစ်မည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) မကြာမီ ကျင်းပမည်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်မှု တန်ချိန် သန်း ၂၀ ထက် ကျော်လွန်
- တရုတ်-လာအိုရထားလမ်း လာအိုလမ်းပိုင်းတွင် ခရီးဆောင်အိတ်ရထားတွဲဖြင့် ခရီးဆောင်အိတ် အထုပ်အပိုးများ စတင်ပို့ဆောင်










