ကော်ဖီဥယျာဉ်ခြံမြေသည် ယူနန်ပြည်နယ် ဖူအယ်မြို့မှ ကော်ဖီလုပ်ငန်းကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေး
2024-11-08 16:28|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ယခုနှစ်များတွင် ယူနန်ပြည်နယ် ဖူအယ်မြို့သည် တရုတ်နိုင်ငံ၌ စိုက်ပျိုးရေးဧရိယာ အကြီးဆုံးသော၊ ထွက်ကုန်အရေအတွက် အများဆုံးသော ကော်ဖီထွက်ရှိရာဒေသ ဖြစ်လာခဲ့သည်။ ကော်ဖီဥယျာဉ်ခြံမြေသည် ဖူအယ်မြို့မှ ကော်ဖီလုပ်ငန်း၏ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် ထင်ရှားလှသော အခန်းကဏ္ဍမှ ပါဝင်ပြီး ကော်ဖီလုပ်ငန်းအတွက် သက်ဝင်အားအသစ်များ ထည့်သွင်းပေးခဲ့ပြီ ဖြစ်သည်။ ဥယျာဉ်ခြံမြေသည် စက်မှုကွင်းဆက်တစ်ခုလုံး ဘက်စုံစီမံခန့်ခွဲခြင်းအားဖြင့် စိုက်ပျိုးခြင်းမှ အချောကိုင်ခြင်းနှင့် ရောင်းချခြင်းအထိ ဖြစ်သည့် ကွင်းဆက်အားလုံးကို တင်းကျပ်စွာ ကြပ်မစစ်ဆေးပြီး ကော်ဖီ၏ အရည်အသွေး ကောင်းမွန်အောင် အာမခံပေးသည်။ ထို့ပြင်၊ ဥယျာဉ်ခြံမြေသည် စိုက်ပျိုးရေးလုပ်ငန်းနှင့် ယဉ်ကျေးမှုခရီးသွားလုပ်ငန်းတို့ကို ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး၍ ခရီးသည်များအား ကော်ဖီယဉ်ကျေးမှုကို တွေ့ကြုံခံစားရန် ဆွဲဆောင်လာကြပြီး ကော်ဖီလုပ်ငန်း၏ စျေးကွက်နယ်နိမိတ်များကို ချဲ့ထွင်စေကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်လာရန် ကူညီပေးသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ
















