ယူနန်ပြည်နယ်ရှိ ယီလူမျိုး ပန်းထိုးလက်မှုအတတ်ပညာကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ပြသခဲ့
2024-10-31 16:33|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ရိုးရာရသသည် ဖက်ရှင်ခေတ်ရေစီးကြောင်းနှင့် တွေ့ကြုံပြီး အမျိုးသား အဖိုးတန်ရတနာမှာ နိုင်ငံတကာ ဇာတ်ခုံပေါ်တွင် တညီးညီးတောက်ပခဲ့သည်။ ယခုတလော တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ချူရှုံ ယီလူမျိုး အဝတ်တန်ဆာဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖက်ရှင်ပြပွဲကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပခဲ့သည်။ နှစ်ပေါင်း ၁၇၀၀ ကျော် သမိုင်းကြောင်းရှိသည့် ဤအမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကို နိုင်ငံတကာ အဓိကဘက် ဖက်ရှင်ဇာတ်ခုံပေါ်တွင် ထပ်မံ၍ ပြသခဲ့သည်။
ထိုနေ့တွင် တရုတ်နှင့် နိုင်ငံခြား မော်ဒယ်များမှာ ချူရှုံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဖက်ရှင်အဝတ်တန်ဆာ အစုံ ၃၅ စုံကို ဝတ်ဆင်ပြသခဲ့ကြသည်။ ဤအဝတ်တန်ဆာများသည် ခေတ်မီသော ဒီဇိုင်းအယူအဆများနှင့် ကိုက်ညှပ်နည်းများဖြင့် T ပုံသဏ္ဌာန်စင်မြင့်ကို ဝိုင်းပတ်သည့် ဖိတ်ကြားခံသော ပရိသတ် အယောက် တစ်ရာကျော်၏ ဂရုစိုက်မှုကို စွဲစွဲမြဲမြဲ ရရှိခဲ့ကြသည်။
ယခုနှစ်သည် တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့် ဖြစ်သလို တရုတ်-ပြင်သစ် ယဉ်ကျေးမှု ခရီးသွားနှစ်လည်း ဖြစ်သည်။ ၂၀၂၄ ခုနှစ် ပါရီဖက်ရှင်ရက်သတ္တပတ်မှ တရုတ် ချူရှုံ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အဝတ်တန်ဆာ ဖက်ရှင်ပြပွဲသည် တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၆၀ ပြည့်ကို ဂုဏ်ပြုသည့်အတွက် ကျင်းပခဲ့သည့် လှုပ်ရှားမှုများထဲမှ တစ်ခုဖြစ်သည်။ ဤပြပွဲတွင် ပါဝင်ပြသခဲ့သော ယီလူမျိုး အဝတ်တန်ဆာများသည် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဆက်ခံသူများနှင့် အနုပညာကျောင်းများမှ အဝတ်တန်ဆာ ဒီဇိုင်းဆရာများမှ အတူတကွ ဒီဇိုင်ဆွဲပြီး ထုတ်လုပ်ခဲ့သည် ဖြစ်ကြကာ ၄င်းများသည် ရိုးရာယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ် ရသသဘောသိမြင်ဆုံးဖြတ်ခြင်း၊ တိုင်းရင်းသား ထူးခြားချက်လက္ခဏာများနှင့် နိုင်ငံတကာ ဖက်ရှင်ခေတ်ရေစီးကြောင်းများကို လိမ္မာပါးနပ်စွာ ရောနှောပေါင်းစပ်သည် ဖြစ်သည်။
ယီလူမျိုး အမျိုးသမီးများ အဆက်ဆက်သည် သစ်ကိုင်းပေါ် ရပ်နားနေသော ငှက်ကျားများ၊ ပွင့်ဖူးနေသော တောင်ပန်းများ၊ ပျံဝဲနေသော လိပ်ပြာများ၊ ရိုးသားဖြူစင်ပြီး ပြင်းထန်သော စိတ္တများနှင့် ကောင်းမွန်သော ဘဝနေထိုင်မှုအပေါ် မျှော်မှန်းချက်များကို အထည်များနှင့် အဝတ်များပေါ် ချုပ်ထားကြသည်။ လက်ရှိအချိန်တွင် ယီလူမျိုး ပန်းထိုးလက်မှုအတတ်ပညာသည် ၎င်း၏ ထူးခြားသော ညှို့နိုင်စွမ်းဖြင့် ကမ္ဘာ့ဇာတ်ခုံသို့ သွားရောက်နေပြီ ဖြစ်၍ ရှန်ဟိုင်းမှ နယူးယော့ခ်သို့၊ မီလန်မှ ပါရီသို့ သွားရောက်သည့်အခါ ယီလူမျိုး ပန်းထိုးလက်မှုအတတ်ပညာသည် တရုတ် အမျိုးသားယဉ်ကျေးမှု၏ တောက်ပရွှန်းတင့်သော အမည်ကတ်ပြား တစ်ချပ် ဖြစ်လာနေပြီ ဖြစ်သည်။
传统韵味邂逅时尚风潮,民族瑰宝闪耀国际舞台。近日,来自中国云南的楚雄彝族服饰非遗时装展在法国巴黎举行,这项有着1700多年历史的国家级非遗再次亮相国际主流的时装舞台。
当天共有35套楚雄非遗时装由中外模特穿着展示。这些服饰以现代设计理念与剪裁方式,牢牢锁住围绕T台百余名受邀观众的目光。
今年是中法建交60周年,同时也是中法文化旅游年。2024巴黎时装周·中国楚雄非遗服饰时装展是庆祝中法建交60周年系列活动之一。此次参展的彝族服饰作品由非遗传承人、艺术院校服装设计师等共同设计制作,将传统文化与当代审美、民族特色与国际潮流巧妙融合。
一代代的彝家女子把落枝的喜鹊、绽放的山花、飞舞的蝴蝶,以及真挚浓烈的情感、对美好生活的憧憬,绣在布上,缝在衣上。如今,彝绣已经以其独特的魅力走向世界舞台,从上海到纽约,从米兰到巴黎,彝绣成为了中国民族文化的一张璀璨名片。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Yang Yan
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု