ယူနန်ပြည်နယ် ရှီချူခရိုင်ရှိ လူသူမနီးသော တောင်တန်းဒေသတွင် ကီဝီသီးများ စိုက်ပျိုးခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုအသစ်ကို ကြိုဆို
2024-10-31 10:36|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) ယူနန်ပြည်နယ် ဝင်စန်း ကျွမ့်လူမျိုး မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးစီရင်စု ရှီချူခရိုင်သည် တရုတ်တစ်နိုင်ငံလုံးတွင် ကျောက်ဆောင်သဲကန္တာရ အဆိုးဝါးဆုံးသော နေရာများထဲမှ တစ်ခုဖြစ်သည်၊ ဤနေရာတွင် မြေဧရိယာ၏ ၉၉.၉ ရာခိုင်နှုန်းမှာ တောင်တန်းဒေသ ဖြစ်ပြီး ၇၅.၄ ရာခိုင်နှုန်းမှာ ကျောက်ဆောင်သဲကန္တာရ ဒေသဖြစ်၍ ပါရဂူများသည် ဤနေရာကို "အသက်ရှင်မှု အခြေအနေ ပျောက်ဆုံးသောနေရာ"ဟု ခေါ်ဝေါ်ခဲ့ဖူးသည်။
ရှီချူခရိုင် ဆန်ကွမ်ရပ်ကွက်တွင် ၂၀၁၆ ခုနှစ်မှစ၍ ဒေသခံများသည် ကျောက်ဆောင်သဲကန္တာရ ထိန်းချုပ်ရေးလုပ်ငန်းကို တက်ကြွစွာ ဆောင်ရွက်ထားခြင်းဖြင့် ကီဝီသီးများကို အားသွန်ခွန်စိုက် စိုက်ပျိုးကြပြီး ကျောက်တုံးတောင်မှ ပန်းပွင့်နိုင်၊ သစ်သီးပေါက်နိုင်သောတောင်သို့ ပြောင်းလဲရန် အကောင်အထည်ဖော်ခဲ့သည်။
ရှီချူခရိုင်သည် မြောက်ယဉ်စွန်းတန်းဒေသတွင် တည်ရှိပြီး ထွက်ရှိသည့် ကီဝီသီးများသည် အရွယ်ကြီး၊ အရည်ရွှမ်း၊ အရသာချိုသောကြောင့် စားသုံးသူများ၏ နှစ်သက်မှု ရရှိလာသည်။ လက်ရှိအချိန်တွင် ဆန်ကွမ်ရပ်ကွက်ရှိ သြဂဲနစ်ကီဝီသီး စိုက်ပျိုးရေး အခြေခံစခန်းသည် ဧရိယာအကျယ်အဝန်းမှာ မိုပေါင်း ၅၀၀၀ ကျော်ရှိပြီး ယခုနှစ်မှ ထွက်ကုန်အရေအတွက်မှာ တန်ပေါင်း ၈၀၀ ၊ ထွက်ကုန်တန်ဖိုးမှာ ယွမ် ၁၂ သန်း ရရှိနိုင်ကြောင်း မျှော်မှန်းထားသည်။
ဆန်ကွမ်ရပ်ကွက်သည် ဂေဟစနစ် ပြုပြင်ရေးနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများကို ပြီးမြောက်စွာ ဆောင်ရွက်ပြီးနောက် ကျောက်ဆောင်သဲကန္တာရဥယျာဉ်ကိုလည်း တည်ဆောက်ခဲ့၍ လက်ရှိအချိန်တွင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ဆွတ်ခူးခြင်း အတွေ့အကြုံ၊ တိုင်းရင်းသားယဉ်ကျေးမှု ပြသခြင်း၊ ပညာပေး လက်တွေ့ကွင်းဆင်းလေ့လာခြင်း တို့ကို ပေါင်းစပ်ထားသော ခရီးသွားလုပ်ငန်းဆိုင်ရာ ဒေသတစ်ခု ဖြစ်လာနေသည်။
云南省文山壮族苗族自治州西畴县是全国石漠化程度最严重的地区之一,其中99.9%的国土是山区、75.4%的土地石漠化,曾被专家称为“失去生存条件”的地方。
在西畴县的三光片区,2016年以来,当地通过积极推进石漠化治理,大力发展猕猴桃种植,实现从“石头山”向“花果山”的蝶变。
西畴县处于北回归线地带,产出的猕猴桃个大、多汁、甜度高,深受消费者喜爱。目前,三光片区有机猕猴桃种植基地面积达5000余亩,今年预计总产量800吨,产值1200万元。
三光片区在完成生态修复和基础设施建设后,还打造了石漠公园,如今已发展成为集采摘体验、民族文化展示、教育实践于一体的旅游综合体。(记者:熊轩昂 画面来源:西畴县融媒体中心)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: လဲ့ရွှေရည်
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ